ADRA Myanmar Office’s Begin to Reopen

As restrictions are easing in Myanmar and the number of COVID-19 cases are decreasing, ADRA Myanmar has approved for certain offices to reopen. 

The decision to reopen is in part to approvals given by the local authorities following a series of health inspections to ensure that ADRA Myanmar is following safe practices for its staff in the workplace. 


Both the Yangon and Shan project office in Lashio have been approved to reopen effective from today, 16 July 2020. The remaining project offices in Hpa-An, Kayin State and Gangaw, Magway Region, may reopen once they have met the requirements from local authorities and have been approved. 

The safety of our staff and those we work with remain a top priority for ADRA Myanmar. As such, a rotating roster is in place to limit the number of essential staff in the office at any given time between working hours from Monday to Friday. In addition to this, staff must wear masks at all times, practice social distancing and maintain common hygiene practices, such as washing hands regularly. 

ADRA Myanmar has designated a Crisis Management Committee (CMC) elected to make decisions on the safety and security of ADRA Myanmar staff and operations during this pandemic. A Safety and Security Plan is also regularly updated as rules and restrictions change as well as a Business Continuity Plan. 

ADRA Myanmar ရုံး ပြန်လည်ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံတွင် ကန့်သတ်ချက်များဖြေလျှော့ပေးခြင်းနှင့်အတူ COVID-19 ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အရေအတွက်လျော့နည်းလာသဖြင့် ADRA Myanmar သည် ရုံးအချို့ကို ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုခဲ့ပါသည်။

ရုံးပြန်လည်ဖွင့်လှစ်သည့်ဆုံးဖြတ်ချက်မှာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ADRA Myanmar သည် လုပ်ငန်းခွင်၌ ဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသော ကျန်းမာရေးဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်းအပေါ် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏စစ်ဆေးမှုအပြီးတွင် ဒေသဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ရန်ကုန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရုံးများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုခဲ့ပါသည်။ ထို့ပြင်ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ စီမံကိန်းရုံးခွဲများကိုမူ ဒေသအာဏာပိုင်များ၏ လိုအပ်ချက်များကို ပြည့်မီအတည်ပြုပြီးသည်နှင့် ပြန်လည်ဖွင့်လှစ်မည်လည်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ဝန်ထမ်းများအပါအဝင် ကျွန်ုပ်တို့နှင့်အတူလုပ်ကိုင်ဆောင်ရွက်လျက်ရှိသောသူများ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရစေမှုသည် ADRA Myanmar အတွက် ထိပ်တန်းဦးစားပေးအရာတစ်ခုလည်း ဖြစ်ပါသည်။ ယင်းကြောင့် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း လိုအပ်သောဝန်ထမ်း အရေအတွက်ကို ကန့်သတ်ရန် အလှည့်ကျတာဝန်ထမ်းဆောင်ရန်လည်း စာရင်းပြုစုထားပါသည်။ လုပ်ငန်းခွင်အတွင်း၌ ဝန်ထမ်းများသည် နှာခေါင်းစည်းကို မဖြစ်မနေအမြဲဝတ်ဆင်ထားရမည်ဖြစ်ပြီး social distancing စနစ်ကိုလည်း ကျင့်သုံးရမည်ဖြစ်ပါသည်။ ထို့ပြင်လက်များကိုမကြာခဏဆေးကြောခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အထကိုလည်း အလေးပေးထိန်းသိမ်းရမည်ဖြစ်ပါသည်။

ADRA Myanmar သည် ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဝန်ထမ်းများ၏ကျန်းမာရေးဆိုင်ရာ လုံခြုံရေးနှင့် ယင်းနှင့်ပတ်သက်သောဆုံးဖြတ်ချက်များကိုချမှတ်ရန် အကျပ်အတည်းကာလ စီမံခန့်ခွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ စည်းမျဥ်းစည်းကမ်းများနှင့် ကန့်သတ်ချက်များပြောင်းလဲသွားသကဲ့သို့ စီးပွားရေးစဥ်ဆက်မပြတ်မှုအစီအစဥ်မှာလည်းပြောင်းလဲသွားရာ လုံခြုံစိတ်ချမှုအစီအစဥ်များကို ပုံမှန်မွမ်းမံဆောင်ရွက်လျက်ရှိပါသည်။  


Written By: Emma McCrow, Communications Officer