ADRA Myanmar Welcomes New Country Director

ADRA Myanmar officially welcomes new Country Director, Vitalie Zegera and his wife Ramona who will serve as HR Advisor. German nationals Vitalie and Ramona commenced work on 1 October 2020 and are currently awaiting their visas to enter Myanmar, COVID-19 permitting. 

Vitalie and Ramona Zegera

Vitalie brings two decades of leadership experience across the world. Most recently, Vitalie led ADRA Bangladesh providing strategic leadership in a complex context. Based in Yangon head office, Vitalie will lead one of ADRA’s largest national offices in the Asia Region – ADRA Myanmar. Vitalie’s leadership will play a pivotal role in ensuring that ADRA Myanmar continues to safely and effectively serve the most vulnerable communities, and adapt to become innovative during this unprecedented COVID-19 pandemic. 

Vitalie is passionate about building and empowering local leaders, both women and men, and remains dedicated to reaching the most vulnerable populations. Vitalie has leveraged his expertise to build strong partnerships for impact between government, private sector, faith based organizations, NGOs and a variety of donors and earned his degrees in Germany and the USA. 

“It is an honor for me to greet you all today. May God continue blessing the entire team of ADRA Myanmar and I am happy to become part of this team. We (I and Ramona, my wife) are looking forward to working with you, learning from you, and supporting you, so that we all can grow personally and as an organization. May God bless us on this journey. We hope soon to be able to meet you all in person.” ~ Vitalie Zegera, ADRA Myanmar, Country Director.

ADRA Myanmar ၏ Country Director အသစ်ဖြစ်သူ Vitalie Zegera နှင့် HR Advisor အဖြစ် တာဝန်ထမ်းဆောင်မည့် သူ၏ဇနီးဖြစ်သူ Ramona တို့ကို အာဒရာမြန်မာမိသားစုက လှိုက်လှဲစွာကြိုဆိုလိုက်ရပါသည်။ ဂျာမနီနိုင်ငံသား Vitalie နှင့် Ramona တို့သည်၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင် တာဝန်ထမ်းဆောင်နေပြီး မြန်မာနိုင်ငံသို့လာရောက်ရာတွင် COVID-19 ကြောင့် ဗီဇာခွင့်ပြုချက်ရရှိရန်လည်း စောင့်ဆိုင်းနေပါသည်။ 

Vitalie အနေဖြင့် ဆယ်စုနှစ်နှစ်ခုအကြာ ကမ္ဘာ့တစ်ဝန်းမှခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများ ရရှိထားပြီး မကြာသေးမီကလည်း ADRA ဘင်္ဂလားဒေ့ရှ်အတွက် မဟာဗျူဟာမြောက်သော ဦးဆောင်မှုများကို ပေးခဲ့သည်။ Vitalie အနေဖြင့် အာရှဒေသအတွင်းရှိADRA ရုံးများအနက်မှ ရန်ကုန်မြို့အခြေစိုက် ADRA Myanmar ကို ဦးဆောင်သွားမည်လည်းဖြစ်သည်။ ADRA Myanmar အနေဖြင့် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းကို လုံခြုံစွာဖြင့် ထိရောက်စွာဆက်လက်ကူညီထောက်ပံ့ပေးနိုင်ရန်နှင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု ကာလအတွင်း ဆန်းသစ်သောလိုက်လျောညီထွေမှုများအတွက် Vitalie ၏ ဦးဆောင်မှုသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။  

Vitalie သည်အမျိုးသမီးများ၊ အမျိုးသားများနှင့် ဒေသဆိုင်ရာခေါင်းဆောင်များကို အားကောင်းလာစေရန်နှင့် စွမ်းရည်မြှင့်တင်ပေးခြင်းတို့ကို အားတက်သရောလုပ်ဆောင်ပေးသည်။ သူအနေဖြင့် ဂျာမနီနှင့် ယူအက်အေနိုင်ငံတို့မှ ဘွဲ့ရရှိထားပြီး အစိုးရ၊ ပုဂ္ဂလိက၊ ယုံကြည်မှုဆိုင်ရာ အခြေပြုအဖွဲ့အစည်းများ၊ NGO များနှင့် အလှူရှင်တို့အကြားတွင် အကျိုးရှိစေရန် ခိုင်မာသောမိတ်ဖက်ပြုမှုများတည်ဆောက်ရန်အတွက် သူ၏ကျွမ်းကျင်မှုကိုလည်း မြှင့်တင့်ခဲ့သည်။  

“ဒီနေ့ကျွန်တော်အားလုံးကို နှုတ်ဆက်ရတာ ဂုဏ်ယူပါတယ်။ ADRA Myanmar တစ်ဖွဲ့လုံးကို ဘုရားသခင်ဆက်လက်ကောင်းကြီးပေးနေတာပါ။ အဖွဲ့မှာအခုလိုပါဝင်ခွင့်ရတာကို ကျွန်တော်အနေနဲ့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့ဇနီး Ramona ကလည်း အာဒရာမှာအတူတူအလုပ်လုပ်ဖို့၊ သင်ယူဖို့နဲ့ ထောက်ပံ့ပေးနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။ ဒီခရီးမှာဘုရားသခင်အနေနဲ့ ကောင်းကြီးပေးပြီး အားလုံးနဲ့အတူ မကြာခင်ဆုံတွေ့နိုင်ဖို့လည်း မျှော်လင့်ပါတယ်” ADRA Myanmar Country Director ဖြစ်သူ Vitalie Zegera က နှုတ်ခွန်းဆက်စကားဆိုသည်။