The story of 23-year-old Naw Phaw, whose life in Kayin State was comsumed with finding water. She is living with her family in Hlaingbwe Township, Kayin State. In their village’s biggest issue is water scarcity and lack of clean water and sanitation made they sick.
When summer came, the communities in these villages faced difficulties with water due to the wells running dry and the water in the stream getting low and
polluted with animal waste.
Due to unclean water, some families were suffering from water-borne diseases like diarrhoea, and some were experiencing itching. ADRA’s WC4P project built a gravity-fed water supply system to overcome these problems and difficulties.
“It takes time to fetch water because home and the stream are a little far. It is not convenient for cooking, washing, and bathing children if there is no water,” said one of the villagers.
From July 2022 to June 2023, the UNICEF-funded WC4P project has been providing a gravity-fed water supply system that will benefit four villages in Hlaingbwe township.
“In the past, there was a very rare practise among the four villages working together. When the project operated its activities, we attended training together, participated in project activities together, and transported construction materials and dug trench lines for the pipeline system together. Now a water committee has been formed with representatives from four villages to manage the water system together,” said Saw Hla, 69 year old, a secretary of the water committee.
Through the project, the formation of the water management committee, training to set up capacity, and awareness-raising events were organised for the long-term use of the water system and its proper management.
The pipeline of the water system is about 19060 feet long from the intake dam to the four villages. By the construction of this water system, about 1000 community members and 170 households from four communities will get sufficient water for domestic use.
“Now, we can get water from the tap stand near my house at any time. No need to wait for water. There’s no need to worry about water for cooking and washing. Thank you.”
အသက် ၂၃ နှစ်အရွယ် နော်ဖောသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။ သူတို့ရွာအတွက် အကြီးမားဆုံးပြဿနာမှာ ရေရှားပါးပြီး သန့်ရှင်းသောရေသန့်နှင့် သင့်တင့်ကောင်းမွန်သော မိလ္လာစနစ်မရှိခြင်းတို့ကြောင့် မကြာခဏဆိုသလို ဖျားနာဝမ်းလျှောမှုများ ကြုံတွေ့ရလေ့ရှိသည်။
နွေရာသီတွင် အဆိုပါကျေးရွာများရှိ ရွာသူရွာသားများ အသုံးပြုနိုင်သော ရေတွင်းများမှာလည်း ခန်းခြောက်ကာ ချောင်းအတွင်း ရေနည်းသွားခြင်းကြောင့်လည်း ရေအခက်အခဲကြုံတွေ့နေရပြီး တိရစ္ဆာန်နှင့် စွန့်ပစ်အညစ်အကြေးများကြောင့် ချောင်းရေမှာလည်း ညစ်ညမ်းမှုများရှိသည်။
မသန့်ရှင်းသောရေကြောင့် မိသားစုအချို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါကဲ့သို့ ခံစားရပြီး အချို့မှာ ယားယံခြင်းတို့ကို ကြုံတွေ့နေရသည်။ ဤပြဿနာများနှင့် အခက်အခဲများကို ကျော်လွှားရန်အတွက် ADRA ၏ WC4P စီမံကိန်းသည် ယင်းရွာဒေသခံများနှင့် အတူပူးပေါင်း၍ ရေပေးဝေရေးစနစ်ကို တည်ဆောက်ခဲ့သည်။
“အိမ်နဲ့ ချောင်းက နည်းနည်းဝေးလို့ ရေယူဖို့ အချိန်ယူရတယ်။ ရေမရှိရင် ချက်ပြုတ်၊ ရေချိုးဖို့ အဆင်မပြေဘူး” ဟု ရွာသားတစ်ဦးက ပြောဆိုသည်။
UNICEF မှ ရန်ပုံငွေထောက်ပံ့ထားသော WC4P စီမံကိန်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာလေးရွာကို အကျိုးပြုမည့် ရေပေးဝေရေးစနစ်တည်ဆောက်ရေးအတွက် ပံ့ပိုးပေးခဲ့သည်။
“အရင်တုန်းကတော့ ရွာလေးရွာမှာ တွဲလုပ်ရတဲ့ အလေ့အကျင့်က ရှားတယ်။ စီမံကိန်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့အတူတကွပါဝင်ခဲ့ကြတယ်။ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို သယ်ယူကာ ပိုက်လိုင်းစနစ်အတွက် ကတုတ်ကျင်းတွေ အတူတကွ တူးဖော်ခဲ့ကြတယ်။ နောက်အခု ရေပေးဝေရေးကော်မတီကို ကျေးရွာ လေးရွာက ကိုယ်စားလှယ်တွေ စုပေါင်းပြီး ရေပေးဝေရေး ကော်မတီ ဖွဲ့ထားပါတယ်” ဟု အသက် ၆၉ နှစ်အရွယ်ရှိ ရေကော်မတီ အတွင်းရေးမှူး ဦးစောလှဖိုးက ပြောဆိုသည်။
စီမံကိန်းမှတစ်ဆင့် ရေစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းများနှင့် ရေစနစ်ရေရှည်အသုံးပြုမှုနှင့် သင့်လျော်သောစီမံခန့်ခွဲမှုတို့အတွက် အသိပညာပေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရေပိုက်လိုင်းသည် ပိုက်လိုင်းမှ အရှည်ပေ ၁၉၀၆၀ ခန့်ရှိပြီး ရွာလေးရွာသို့ သွယ်တန်းထားသည်။ ဤရေစနစ်ကို တည်ဆောက်ခြင်းဖြင့် ရပ်ရွာလူထု ၁၀၀၀ ခန့်နှင့် ရပ်ရွာလေးခုမှ အိမ်ထောင်စု ၁၇၀ ခန့်သည် အိမ်တွင်းသုံးရေအလုံအလောက်ရရှိမည်ဖြစ်သည်။
Written By: Aung Cho Min | M&E Officer | WC4P Project
Edited By: Pyae Phyo Lin, Communications Officer
Photo: © 2023 ADRA Myanmar | Ko Cho