Yesterday, 23 May 2019, ADRA Myanmar along with CASE+ project partner RISE, hosted a meeting at Summit Parkview Hotel in Yangon. The purpose was to launch the presentation of 2 baseline reports completed on Out of School Children and Teaching and Learning.
Representatives from ADRA Myanmar, the RISE network, European Union, Baseline Report Consultants and others were all in attendance. Kolo Htoo, RISE Board member welcomed participants to the launch event.
Kristian Schmidt, Ambassador of the European Union provided opening remarks.
An introduction to RISE, Methodology of the studies and results from the 2 reports were presented by panel members; Kolo Htoo, RISE Program Manager Crystal White, RISE Technical Team Leader Saw Thwee, and RISE Program Coordinator Naing Lin.
An open panel for questions and answers on the 2 reports were conducted by Baseline Consultants Catherine Johnston, Andrea Costa and Kabira Namit along with RISE members Crystal White and Kolo Htoo.
The “Educating Indigenous Children in Myanmar: 2018 CASE+ Education Study Baseline Report on Teaching and Learning” provides an independant assessment of the status of teaching and competency and children’s early-grade literacy and numeracy skills in schools currently supported by Myanmar’s Indigenous providers of education. This study is unique because it provides a representation of the current state of teaching and learning in education services available to Indigenous children in Myanmar.
The “Educating Indigenous Children in Myanmar: 2018 CASE+ Education Study Baseline Report on Out of School Children” provides an analysis on the situation of out-of-school children (OOSC) in remote conflict-affected areas of Myanmar with the intent to develop an understanding of the profile of Indigenous OOSC and the specific barriers to education they face. ADRA Myanmar is currently selected as one of 10 focus countries to participate in an Out of School Children global advocacy campaign over the coming years with ADRA International. These reports will serve as a source of information in refining the national campaign within the Myanmar context.
The CASE+ project funded by the European Union, supported by ADRA UK and ADRA Myanmar and implemented by the RISE network is currently closing its initial first stage as it transitions into CASE to Learn.
CASE+: RISE Baseline အစီရင်ခံစာအား မိတ်ဆက်ခြင်း
ADRA Myanmar သည် CASE+ စီမံကိန်းမိတ်ဖက်ဖြစ်သော RISE အဖွဲ့အစည်းနှင့် တွေ့ဆုံပွဲကို ရန်ကုန်မြို့ Summit Parkview Hotel တွင် မေလ ၂၃ ရက်နေ့ ၂၀၁၉ ခုနှစ်က လက်ခံကျင်းပပြုလုပ်ခဲ့သည်။
ရည်ရွယ်ချက်မှာ ကျောင်းပြင်ပရောက် ကလေးများအား ပညာသင်ကြားခြင်းနှင့် သင်ကြားခြင်းအပေါ် ပြီးစီးသော အစီရင်ခံစာ ၂ စောင်ကို တင်ပြရန်ဖြစ်သည်။
အဆိုပါပွဲသို့ ADRA Myanmar အပါအဝင် RISE ကွန်ရက်ဝင်များ၊ European Unionနှင့် Baseline Report အကြံပေးပညာရှင်များနှင့် အခြားအဖွဲ့များမှ ကိုယ်စားလှယ်များအားလုံး တက်ရောက်ခဲ့ကြပြီး RISE မှ ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်သူ Kolo Htoo ကလည်း မိတ်ဆက်ပွဲသို့ တက်ရောက်သူများအား နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ထို့နောက် ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
RISE အကြောင်းမိတ်ဆက်ခြင်း၊ လေ့လာမှုဆိုင်ရာ နည်းလမ်းများ၊ အစီရင်ခံစာနှစ်ခုမှ ရလာဒ်များကို Panel Members များဖြစ်သော Kolo Htoo၊ RISE Program Manager Crystal White၊ RISE Technical Team Leader Saw Thwee နှင့် RISE Program Coordinator Naing Lin တို့က အသီးသီးတင်ပြခဲ့ကြသည်။
ထို့နောက်အကြံပေးဖြစ်သူ Catherine Johnston နှင့် Andrea Costa တို့ကလည်း RISE မှတာဝန်ရှိသူ Crystal White ၊ Kolo Htoo တို့နှင့်အတူ အစီရင်ခံစာ ၂ ခုနှင့် ပတ်သက်သော မေးခွန်းများနှင့် အဖြေများအတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြသည်။
မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများအား ပညာပေးခြင်း- ၂၀၁၈ CASE+ သင်ကြားရေးနှင့် သင်ယူရေးအခြေအနေအား လေ့လာခြင်း အစီရင်ခံစာသည် လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားပညာရေးပံ့ပိုးမှုများတွင် ကျောင်းများမှကလေးများ၏ စာတတ်မြောက်မှုနှင့် တွက်ကိန်းစွမ်းရည်များစသော သင်ကြားရေး၊ ပညာအရည်အချင်းအဆင့်အတန်းကို လွတ်လပ်စွာ အကဲဖြတ်ပေးသည်။ ယင်းလေ့လာမှုသည် ထူးခြားပြီး ဌာနေတိုင်းရင်းသားကလေးများရရှိနိုင်သော ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ၏ လက်ရှိ အခြေအနေကိုလည်း ကိုယ်စားပြုနေသည်။
၂၀၁၈ CASE+ ပညာရေးလေ့လာမှု အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ဝေးလံသီခေါင်သော ပဋိပက္ခဒဏ်ခံဒေသများရှိ ကျောင်းပြင်ပကလေးများ၏အခြေအနေနှင့် ၎င်းတို့ရင်ဆိုင်နေရသော ပညာရေးဆိုင်ရာအတားအဆီးများကို နားလည်ရန် ရည်ရွယ်ချက်ဖြင့် လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ခြင်းလည်းဖြစ်သည်။
ADRA Myanmar သည် ADRA International နှင့် လာမည့်နှစ်များအတွင်း ကျောင်းပြင်ပရောက် ကလေးများ ကျောင်းနေနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာစည်းရုံးလှုံ့ဆော်မှုပြုလုပ်ရန် နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ ယင်းကြောင့်ယခုအစီရင်ခံစာများသည် မြန်မာနိုင်ငံအခြေအနေအတွင်း ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်အရင်းအမြစ်တစ်ခုဖြစ်နေပေမည်။
ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့ပေးထားပြီး ADRA UK နှင့် ADRA Myanmar တို့က ပံ့ပိုးမှုတို့ဖြင့် RISE ကွန်ရက်က အကောင်အထည်ဖော်ဆောင်ရွက်နေသော CASE+ စီမံကိန်းသည် လက်ရှိတွင် ကနဦးပထမအဆင့်စီမံကိန်းကို ပိတ်သိမ်းရန်နှင့် ယင်းမှတစ်ဆင့် CASE to Learn သို့ ကူးပြောင်းရန် လေ့လာခဲ့ခြင်းလည်းဖြစ်သည်။
Written By: Emma McCrow, Communications Officer
Photo: © 2019 ADRA Myanmar & European Union | Saw William Po & Suvi Rivinoja