CASE2Learn Launch and Orientation

This week, the CASE2Learn project was launched at the Hilton Hotel, Nay Pyi Taw on the 3 September 2019 with orientation for the project following til the 5 September. The CASE2Learn project supports over 300,000 indigenous teachers and students in 9 States and Regions throughout Myanmar. The European Union funded EUR $20 million project will be implemented between 2019 and 2023 by ADRA Myanmar and its implementing partner RISE ‘Rural Indigenous Sustainable Education’ with support from ADRA UK and ADRA Germany.

Dr Johann Hesse, EU Head of Cooperation, stated at the launch ceremony: “Guided by the National Education Strategic Plan, the European Union will support ethnic education providers in Myanmar to meet the objective of ‘leaving no child behind.’ We believe that stronger partnerships between the Government and non-governmental education providers will support peace and benefit students in equal measure.”

The CASE2Learn project, also known as ‘Conflict Areas Support for Education 2 Learn’, is an extension of an 11-month pilot project called CASE+. The aim of the project is to improve and expand indigenous education services by improving school quality standards and equipping indigenous teachers with basic teaching competencies to support student learning. The project will also focus on out of school children, youth and illiterate women by providing relevant programs for support.

Claudio Sandoval, Country Director of ADRA Myanmar, stated: “CASE2Learn is the result of years of committed work and lobbying, not just from ADRA but from donors and local partners combined. The concretisation of this effort and the allocation of funds for expanding Indigenous Education services is a great example of what can be achieved when donor’s, NGO’s and local partner’s visions are aligned.”

Representatives from the Department of Basic Education, Department of Alternative Education, Department of Technical and Vocational Education and Training, Department of Disaster Management and over 15 organisations supporting Myanmar’s education sector were in attendance.

National media stations including MRTV, MITV and Channel 7 covered the event which was featured on local radio and posted to social media.

During the launch, speeches were provided by; EU Head of Cooperation Johann Hesse, ADRA Myanmar Country Director Claudio Sandoval, Deputy Director General from the Department of Basic Education Dr Tin Maung Win, ADRA Myanmar Program Director John Mubonderi and ADRA UK Senior Programmes Officer Milimo Ninvalle.

Orientation followed the launch event focusing on presentations between select European Union staff, ADRA Myanmar, ADRA UK, ADRA Germany and representatives of the RISE Network. Special guest Operations Manager Pascal Simon from DDG ‘Danish Demining Group’ also attended to provide a presentation on mine risk awareness in conflict and post conflict areas in Myanmar with hopes of future collaboration. Topics during Orientation included and were presented by;

  • Context Overview, Risk Management & Advocacy: RISE Program Director Scott O’Brien and RISE Program Manager Crystal White
  • Program Overview: ADRA Myanmar Project Director Saw William Po
  • Donor Compliance: EU Deputy Head of Finance Marja Daffern
  • Finance & Procurement: ADRA Myanmar Finance & Administration Director Yuba Raj Chaudhary
  • Partner Capacity Building: ADRA UK Consultant Antonio Belgrave
  • MAP & CSO Development Effectiveness: ADRA Germany Program Coordinator Anna Krikun
  • Reporting: ADRA Myanmar Program Director John Mubonderi
  • Safeguarding: ADRA UK Senior Programmes Officer Milimo Ninvalle
  • Visibility: ADRA Myanmar PR & Communications Officer Emma McCrow
  • HR: ADRA Myanmar HR Coordinator Nant Dahlia
  • Student Centred Learning: ADRA Myanmar Education Specialist Sarah Egan

     

    CASE2Learn စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနား

    ယခုသီတင်းပတ်အတွင်း CASE2Learn စီမံကိန်းမိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၅ ရက်နေ့အထိ နေပြည်တော်၊ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

    CASE2Learn စီမံကိန်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်း ၉ ခုတွင် ဌာနေတိုင်းရင်းသားဆရာ၊ ဆရာမများနှင့် ကျောင်းသား ၃၀၀၀၀၀ ကျော်ကို ထောက်ပံ့ပေးမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို ဥရောပသမဂ္ဂမှ ရန်ပုံငွေယူရို သန်း၂၀ ထောက်ပံ့ထားပြီး ADRA UK နှင့် ADRA Germany တို့၏ပံ့ပိုးမှုဖြင့် ၂၀၁၉ မှ ၂၀၂၃ အကြားတွင် ADRA Myanmar သည် မိတ်ဖက်အဖွဲ့အစည်း RISE နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

    ဥရောပသမဂ္ဂအကြီးအကဲ Dr Johann Hesse က “အမျိုးသားပညာရေး မဟာဗျူဟာအစီအစဥ်အရ ဥရောပသမဂ္ဂက ဌာနေတိုင်းရင်းသားကလေးငယ်တွေရဲ့ ပညာရေးနောက်ကျ မကျန်ရစ်ခဲ့ရအောင်ဆိုတဲ့ ရည်မှန်းချက်ပြည့်မီအောင် ပံ့ပိုးဆောင်ရွက်ပေးပါလိမ့်မယ်။  ဒါ့အပြင်အစိုးရနဲ့အစိုးရမဟုတ်တဲ့ပညာရေး ပံ့ပိုးပေးသူတွေအကြားမှာ ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ကျောင်းသားတွေအတွက် တန်းတူညီမျှ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

    CASE2Learn စီမံကိန်းသည် Conflict Areas Support for Education 2 Learn ဟုလူသိများပြီး CASE+ဟုခေါ်သော ၁၁ လတာ ရှေ့ပြေးစီမံကိန်း၏ တိုးချဲ့မှုတစ်ခုလည်းဖြစ်သည်။ စီမံကိန်း၏ရည်ရွယ်ချက်သည် ကျောင်းအရည်အသွေး စံနှုန်းများ တိုးတက်စေရန်နှင့် ကျောင်းသားများ၏ သင်ယူမှုကို ပံ့ပိုးရန်အခြေခံသင်ကြားမှုအရည်အချင်းများဖြင့် တိုင်းရင်းသားပညာရေး ဝန်ဆောင်မှုများ တိုးတက်ရရှိစေရန်ဖြစ်သည်။ အဆိုပါစီမံကိန်းသည်ကျောင်းပြင်ပကလေးများ၊ လူငယ်များနှင့် စာမတတ်သူ အမျိုးသမီးများအား သက်ဆိုင်ရာအစီအစဉ်များဖြင့် ပံ့ပိုးပေးလိမ့်မည်ဖြစ်သည်။  

    ADRA Myanmar ၏ Country Director Claudio Sandoval က“ CASE2Learn ကတော့ ADRA တစ်ဦးတည်း မဟုတ်ဘဲ အလှူရှင်တွေနဲ့ ပြည်တွင်းမိတ်ဖက်များ စုပေါင်းလုပ်ဆောင်ခဲ့တဲ့ နှစ်များစွာကြိုးစားမှု ရလဒ်တွေလည်းဖြစ်သည်။ ဒီဟာကို ခိုင်မာအောင်ပြုလုပ်ခြင်းအားဖြင့် ဒေသခံပညာရေး ဝန်ဆောင်မှုတွေ တိုးချဲ့ဖို့အတွက် ရန်ပုံငွေခွဲဝေခြင်းကလည်း အလှူရှင်တွေ၊ NGO တွေနဲ့ ဒေသခံမိတ်ဖက်တွေရဲ့ သဘောထားအမြင်တွေ ညီညွတ်မှုရှိတဲ့အခါ အောင်မြင်နိုင်တယ်ဆိုတဲ့ အရာတွေရဲ့ ဥပမာကောင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါအခမ်းအနားသို့ အခြေခံပညာရေးဦးစီးဌာနအပါအဝင် နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံပညာရေးကဏ္ဍကို ပံ့ပိုးပေးနေသော အဖွဲ့အစည်း ၁၅ ခုမှ ကိုယ်စားလှယ်များအသီးသီး တက်ရောက်ခဲ့ကြသည်။

    ထို့ပြင် ပြည်တွင်းသတင်းဌာနများဖြစ်သော MRTV, MITV နှင့် Channel 7 တို့အပါအဝင် သတင်းဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၄င်းတို့၏သတင်းမီဒီယာများ၊ ရေဒီယိုနှင့် လူမှုကွန်ရက်များတွင်လည်း အခမ်းအနားအကြောင်းကို အသီးသီးထုတ်လွှင့်ဖော်ပြခဲ့ကြသည်။

    အခမ်းအနားအတွင်း EU မှ အကြီးအကဲ Johann Hesse နှင့် ADRA Myanmar မှ Country Director ဖြစ်သူ Claudio Sandoval အပါအဝင် အခြေခံပညာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ADRA Myanmar မှ စီမံကိန်းဒါရိုက်တာ John Mubonderi နှင့် ADRA UK Senior Programmes Officer ဖြစ်သူ Milimo Ninvalle တို့က အဖွင့်မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ကြသည်။

    ထို့နောက်တွင် ဥရောပသမဂ္ဂဝန်ထမ်းများ၊ ADRA Myanmar၊ ADRA UK နှင့် ADRA Germany အပါအဝင် RISE မှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကလည်း စီမံကိန်းအကြောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။ DDG ‘Danish Demining Group’မှ အထူးဧည့်သည်တော်ဖြစ်သည့် Operations Manager Pascal Simon သည်လည်း ပဋိပက္ခဒေသများတွင် မိုင်းအန္တရာယ်အသိပညာပေးအကြောင်း တင်ပြဆွေးနွေးခဲ့သည်။

    စီမံကိန်းမိတ်ဆက်အခမ်းအနားအတွင်း ပါဝင်သော ဆွေးနွေးတင်ပြမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    • Context Overview, Risk Management & Advocacy: RISE Program Director Scott O’Brien and RISE Program Manager Crystal White
    • Program Overview: ADRA Myanmar Project Director Saw William Po
    • Donor Compliance: EU Deputy Head of Finance Marja Daffern
    • Finance & Procurement: ADRA Myanmar Finance & Administration Director Yuba Raj Chaudhary
    • Partner Capacity Building: ADRA UK Consultant Antonio Belgrave
    • MAP & CSO Development Effectiveness: ADRA Germany Program Coordinator Anna Krikun
    • Reporting: ADRA Myanmar Program Director John Mubonderi
    • Safeguarding: ADRA UK Senior Programmes Officer Milimo Ninvalle
    • Visibility: ADRA Myanmar PR & Communications Officer Emma McCrow
    • HR: ADRA Myanmar HR Coordinator Nant Dahlia
    • Student Centred Learning: ADRA Myanmar Education Specialist Sarah Egan

     


Written By: Emma McCrow, Communications Officer

Photo: © 2019 ADRA Myanmar | Emma McCrow