Chan Loung’s Story: “Learning Through Play” Principles Transform Communities in Northern Shan State

My name is Chan Loung and I am 22-years old. I am living with my family in Northern Shan State. In our family, we have 5 family members and we raise chickens and pigs for our livelihood. 

Soon, I heard about the Global Affairs Canada and ADRA Canada funded BRIGHT project targeted to provide livelihood opportunities, women’s empowerment, and focusing on education for out-of-school children in remote areas.

In 2021, I was given a chance to attend 5 days of training for Learning Through Play.

The “Learning through Play” training focuses on children learning through play, the development stages of children, child development areas, parenting cards, and Making Mealtime Matters.

During the training period, I received 10,000 MMK each day as support from the project. Through the training, I gained a lot of knowledge related to how to train and care for children in our environment. In the past, the way parents would discipline their children in the village resulted in some children suffering physical and emotional harm.

Our village needed support from the project. Most of the children are poor and their parents are struggling to make ends meet. Parents are often too busy to take care of their children.

I also changed my point of view on children. Before, I didn’t like when they played too much. I also did not allow children to eat food by themselves, because when they eat by themselves, it is dirty. Only after attending this training

I learned that children need to strengthen their fingers and tongue muscles by playing and eating. Therefore, this training is very effective for us.

Parents have also become interested in this when knowledge was re-shared in the village. The training provides teaching and learning aids for the children in each village. All villagers are very happy and learn about the needs of the children according to their age.

I am very happy that this project supports children. I believe that the future of children will be bright. I would like to say thank you to the donor and ADRA.     

“As a teacher and as a sister, I want my children to grow up to be happy and independent. And also, I want them to make their own decisions.”

“ကစားခြင်းဖြင့် သင်ယူခြင်း”အခြေခံမူများက ရှမ်းမြောက်ရှိ လူထုအသိုင်းအဝိုင်းကို ပြောင်းလဲစေခြင်း

ကျွန်မနာမည် မချမ်းလောင်ပါ အသက်ကတော့ ၂၂ နှစ်ရှိပါပြီ။ ကျွန်မမိသားစုတွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ပါတယ်။ ကျွန်မတို့မိသားစုမှာ မိသားစုဝင်ငါးဦးရှိပြီးတော့ အလုပ်အကိုင်ကတော့ အိမ်မှာ ကြက်နဲ ဝက်မွေးပါတယ်။ သိပ်မကြာမီမှာပဲ Global Affairs Canada နဲ့ ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ပေးထားပြီးတော့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာရှိတဲ့ ကျောင်းပြင်ပကလေးတွေအတွက် ပညာရေးကို အဓိကထားဆောင်ရွက်ပေးတယ်ဆိုတဲ့ BRIGHT စီမံကိန်းအကြောင်းကို ကြားသိခဲ့ရပါတယ်။ 

အဲဒီနောက်၂၀၂၁ ခုနှစ်မှာတော့ ငါးရက်ကြာ “ကစားခြင်းဖြင့် သင်ယူခြင်း “သင်တန်းကို တက်ရောက်ဖို့ အခွင့်အလမ်း ရရှိခဲ့ပါတယ်။

“ကစားခြင်းဖြင့်သင်ယူခြင်း “သင်တန်းသည် ကလေးများ၏ ကစားခြင်းဖြင့် သင်ယူခြင်းအကြာင်း၊ ကလေးဖွံ့ ဖြိုးမှုအဆင့်များ၊ ကလေးဖွံ့ဖြိုးမှု နယ်ပယ်များ၊ မိဘပညာပေးကတ်ပြားနှင့် အစာစားခြင်းစသည့်အကြောင်းအရာများကို သင်ကြားပို့ချပေးခြင်းဖြစ်သည်။

သင်တန်းကာလအတွင်းမှာတော့ ပရောဂျက်က ပံ့ပိုးကူညီမှုအနေနဲ့ တစ်ရက်ကိုတစ်သောင်းနှုန်းနဲ့ ထောက်ပံ့မှုရရှိခဲ့ပါတယ်။  သင်တန်းကနေတစ်ဆင့် ကျွန်မတို့ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေကို ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရခဲ့ပါတယ်။ အရင်တုန်းကတော့ ရွာမှာရှိတဲ့ မိဘတွေက သားသမီးတွေကို ဆုံးမတဲ့နည်းက မှားယွင်းခဲ့တာကြောင့် ကလေးများအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အနည်းနဲ့အများ ကြုံတွေ့ခဲ့ရပါတယ်။

ကျွန်မတိုကျေးရွာမှာ စီမံကိန်းရဲ့ အထောက်အပံ့တွေများစွာ လိုအပ်ပါတယ်။ ကလေးအများစုဟာ ဆင်းရဲနွမ်းပါးပြီး မိဘတွေကလည်း စားဝတ် နေရေးကိုပဲ လုံးပန်းနေရတဲ့အတွက် ကလေးတွေကို လည်း သေချာဂရုမစိုက်နိုင်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း သင်တန်းတက်ရောက်ပြီးနောက် ကလေးတွေအပေါ် အမြင်လည်း ပြောင်းလဲသွားပါတယ်။ အရင်ကဆိုရင် ကလေးတွေကို အရမ်းဆော့ရင် မကြိုက်ဘူး။

အစားအစာကိုလည်း သူတို့ကိုယ်တိုင်စားရင် ညစ်ပတ်လို့ မစားခိုင်းဖြစ်ဘူး။ သင်တန်းတက်ပြီးမှသာ ကလေးတွေ လက်ချောင်းသန်မာဖို့နဲ့ လျှာကြွက်သားတွေသန်မာဖို လိုအပ်တယ်ဆိုတာသိပြီး ပေးကစားသင့်တာ ပေးစားသင့်တာ သိနားလည်လာပါတယ်။

ရွာမှာ အသိပညာတွေကို ပြန်လည်ဝေမျှတဲ့အခါမှာလည်း မိဘတွေက စိတ်ဝင်စားလာကြတယ်။ သင်တန်းကလည်း ကျေးရွာအလိုက် ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေကို ပံ့ပိုးပေးပါတယ်။ ရွာသူရွာသားတွေနဲ့ သင်တန်းတက်တဲ့သူအားလုံးကလည်း သင်တန်းတက်ရောက်ရတာကို များစွာအားရကျေနပ်ပြီး ကလေးများ သူ့အသက်အရွယ်အလိုက် လိုအပ်ချက်တွေကိုလည်း သိလာကြပါတယ်။

စီမံကိန်းက ကလေးတွေကို ပံ့ပိုးပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒါကြောင့်ကလေးတွေရဲ့ အနာဂတ်တောက်ပလာမယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် ကျွန်မအနေနဲ့ အလှူရှင်၊ ADRA နဲ့ ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ 

“ဆရာတစ်ယောက်အနေနဲ့ရော သူတို့လေးတွေရဲ့ အစ်မတစ်ယောက်အနေနဲ့ရော ကလေးတွေကို ပျော်ရွှင်လွတ်လပ်စွာ ကြီးပြင်းစေချင်တယ်။ နောက်ပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်တွေကို ချနိုင်စေချင်ပါတယ်။”


Written By: Htay Htay Myint| Education Officer | BRIGHT Project

Editor/ Translator By: Pyae Phyo Lin, Communications Officer