Daw Aye Mu’s Story: Clean Water Changes Lives in Kayin State

44 year old Daw Aye Mu from Kayin State has one son and two daughters. Since her husband passed away, life has been difficult. She works hard to support her children by doing casual work.

Although her children were able to complete primary school, she cannot afford to continue sending them to school because she is struggling to make ends meet without a regular income. It has been very difficult supporting three children as well as her sister who is disabled and living with them. As a result, her children had to drop out of school to help their mother work.

In their village, the biggest issue is water scarcity. All of the villagers collect water from the river which takes 30 minutes on foot. To cover their daily household usage of water and drinking water, she has to collect water two or three times a day. Closer to the village is a river where families can collect water to feed livestock and bath, however, the quality, taste, and smell of the water is not suitable for drinking and cooking.

During the summer, villagers cannot grow any plants due to water scarcity and the distance required to travel to collect the water. In this season, households only collect enough clean water to cover their household needs and store sediment for two to three days.

“Water is very important for my life.” said Daw Aye Mu.

When the ELACAP project came to set up a water system, all the villagers were very happy about it and were actively engaged in the construction. As for Daw Aye Mu, she also donated her land. Although she didn’t have much land, she was willing to donate as much as she could for the benefit of all villagers.

Now, thanks to the ELACAP project, with the delivery of a water pipeline to every household, her burden is released in collecting water for her family and livestock. Now Daw Aye Mu simply has to turn on the tap anytime in her home instantly gaining access to clean water.

In addition to a water pipeline, the project also included the establishment of a WASH committee to maintain the system on a regular basis. As a result, the project benefited 291 people in village.

291 villagers are now benefitting from instant access to clean water in Daw Aye Mu’s village. Now villagers can better spend their time growing crops and finding paid work, all of which helps impoverished communities spur economic growth.

သန့်ရှင်းသောရေသည် ကရင်ပြည်နယ်ရှိ လူမှုဘဝများကို ပြောင်းလဲစေသည်

အသက် ၄၄ နှစ်အရွယ် ဒေါ်အေးမူသည် ကရင်ပြည်နယ်အတွင်းရှိ ရွာလေးတစ်ရွာတွင် နေထိုင်ပြီး သူ့တွင် သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိသည်။ သူမ၏ခင်ပွန်းဆုံးပါးသွားကတည်းက သူမဘဝသည် ခက်ခဲခဲ့ပြီး ကျပန်းအလုပ်ဖြင့် သားသမီးများကို ထောက်ပံ့ရန် ကြိုးစားနေသူလည်းဖြစ်သည်။သားသမီးများသည် မူလတန်းပြီးခဲ့သော်လည်း ပုံမှန်ဝင်ငွေမရှိသော မိသားစုတစ်စုလုံး အသက်ရှင်ရပ်တည်နေထိုင်ရေးအတွက် ရုန်းကန်နေရသောကြောင့် သားသမီးများကို ကျောင်းဆက်မပို့နိုင်တော့ပေ။ ကလေးသုံးယောက်နှင့် မသန်စွမ်းညီမတစ်ဦးတို့ကို ကျွေးမွေးစောင့်ရှောက်ရန် သူမအတွက် အလွန်ခက်ခဲလှသည်။ ယင်းကြောင့် သူမ၏သားသမီးများကလည်း မိခင်ဖြစ်သူကို တစ်ဖက်တစ်လှမ်းမှ ကူညီပေးနိုင်ရန်အတွက် ကျောင်းထွက်ခဲ့ကြသည်။

သူမတို့ရွာ၏ အကြီးမားဆုံး ပြဿနာမှာ ရေရှားပါးခြင်းဖြစ်ပြီး ရွာသူရွာသားအားလုံးသည် မြစ်ထဲမှ ရေကို သွားရောက်ခပ်ယူကြရသည်။ ရေခပ်ရာတွင် နာရီဝက်ခန့် လမ်းလျှောက်သွားရပြီး အိမ်၌သုံးရေနှင့် သောက်သုံးရေကို ကာမိစေရန်အတွက် တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် သွားရောက်ခပ်ယူရလေ့ရှိသည်။ ရေကိုခပ်ယူရရှိနိုင်သော်လည်း ရေ၏အရည်အသွေး၊ အရသာနှင့် အနံ့တို့သည် သောက်သုံးရန်နှင့် ချက်ပြုတ်ရန်အတွက်မူ သင့်လျော်ခြင်းမရှိပေ။ နွေရာသီတွင် အပင်အတွက် ရေမရှိဘဲ ရေစုဆောင်းရန်မှာလည်း အလွန်ဝေးသောကြောင့် အပင်များကိုလည်း မစိုက်ပျိုးနိုင်ပေ။ သူတို့သည် မိသားစုအတွက်လိုအပ်ခြင်းကိုသာ ဖြည့်ဆည်းနိုင်ရန် ကြိုးစားနေကြရသည်။ ထို့ပြင် နွေရာသီတွင် သန့်ရှင်းသောရေရရှိရန် အနည်အနှစ်များကျရန်အတွက် ရေကို နှစ်ရက်မှ သုံးရက်အထိ သိုလှောင်ထားရလေ့ရှိသည်။

“ ရေဟာကျွန်မတို့ဘဝအတွက် အရေးကြီးပါတယ်” ဟု သူမက ဆိုသည်။ သို့သော် ELACAP စီမံကိန်းသည် ရွာသို့ ရေပေးဝေရေးစနစ် အကောင် အထည်ဖော်ရန် ရောက်ရှိလာချိန်တွင် သူမတို့ရွာသူရွာသားအားလုံး ဝမ်းမြောက်ခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ
ပါဝင်ဆောင်ရွက်ကြသည်။ ဒေါ်အေးမူအနေနှင့်လည်း သူမပိုင်မြေကို လှူဒါန်းခဲ့သည်။ သူမတွင် မြေဧရိယာအများအပြားမရှိသော်လည်း ရွာသူ ရွာသားများအားလုံး၏ အကျိုးအတွက် တတ်နိုင်သရွေ့လှူဒါန်းရန် ဆန္ဒရှိခဲ့သည်။

ယခုအခါတွင် ELACAP စီမံကိန်းမှ အိမ်ထောင်စုတိုင်းသို့ ရေပိုက်လိုင်းသွယ်တန်းပေးခြင်းဖြင့် ဒေါ်အေးမူတို့ မိသားစုအတွက် ရေခပ်ယူရာတွင် ကြုံတွေ့ရသည့် ဒုက္ခများကိုလျှော့ချပေးနိုင်ခဲ့ပါသည်။ ယခင်ကရေခပ်ရန်အတွက် အချိန်အများကြီးပေးခဲ့ရသော်လည်း ယခုအခါ နေအိမ်မှပင် ရေပိုက်ခ​ေါင်းကိုဖွင့်၍ အချိန်မရွေး အသုံးပြုနိုင်ပြီဖြစ်သည်။

ထို့ပြင်ထပ်မံ၍လည်း စီမံကိန်းအနေဖြင့် နည်းစနစ်မှန်မှန်ထိန်းသိမ်းနိုင်ရန်အတွက် WASH ကော်မတီတစ်ရပ်ကိုလည်း ထူထောင်ပေးခဲ့သည်။ ယင်းစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ခြင်းမှသည် ကျေးရွာနေပြည်သူ ၂၉၁ ဦးကို အကျိုးပြုနိုင်ခဲ့သည်။

ADRA ၏ ပံ့ပိုးကူညီပေးမှုဖြင့် ယခုအချိန်တွင် သူမအပါအဝင် ရွာသားများအနေဖြင့် ငွေကြေးရရှိသော အလုပ်များကို ပိုမိုကောင်းမွန်စွာ ရှာဖွေလာနိုင်ရန် အချိန်လုံလောက်စွာ ရရှိမည်ဖြစ်ပြီး ၎င်းတို့သည် ဆင်းရဲနွမ်းပါးသော လူမှုအသိုင်းအဝိုင်းအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လှမ်းမှနေ၍ အထောက်အကူဖြစ်စေသည်လည်းဖြစ်သည်။


Written By: Nang Moung Koh Pawh Awr | M&E Officer | ELACAP

Edited By: Pyae Phyo Lin, Communications Officer

Photo: © 2022 ADRA Myanmar


S H A R E:

Share on facebook
Share on twitter