Daw N Lum Bawk Mai’s Story: Cash Assistance Provides Education Support to IDP Families

43 year old Daw N Lum Bawk Mai is mother to 4 children.

When conflict broke out in June 2011, Daw N Lum Bawk Mai, her husband, and their 4 children left their property and belongings behind to escape to the Chinese border with their parents in law.

For 3 days and 2 nights they took shelter in the jungle eating the food they could carry and with only a few changes of clothes for the children, the youngest being less than 6 months old. With no money, they fled to Hka Shang in China where other relatives were living.

In 2012, Daw N Lum Bawk Mai become very sick for months on end. During this time, they relocated to Maina.

Once famers, their family owned two orange orchards and rice paddies, raising pigs, cows and chickens to earn 30 lahks each year. It was a simple life but they were happy.

Now as IDPs, they have primarily relied on support from organizations to as Daw N Lum Bawk Mai’s husband finds limited opportunities to work as a daily laborer.

With one daughter now married, the other 3 children continue studies in the government school, but cash is limited.

The Ministry of Foreign Affairs of the Czech Republic and ADRA Czech Republic funded ELS2 project has been providing cash assistance for education to vulnerable IDP families in Kachin State.

Though living in an IDP camp has been difficult for Daw N Lum Bawk Mai and her husband, the education opportunities for their children have been positive. Daw N Lum Bawk Mai also volunteers as an accountant in the camp office and has supported the ELS2 project in many ways.

“I am so thankful for your support at this difficult time. We can use this cash assistance for our children’s’ education, computer training, school fees and school uniforms.”

ဒေါ်အင်လွမ်းဘောက်မိုင်၏ ဇာတ်ကြောင်း- စစ်ရှောင်မိသားစုများအတွက် ငွေကြေးပံ့ပိုးပေးမှုမှသည် ပညာရေး အထောက်အပံ့ပေးခြင်း

အသက် ၄၃ နှစ်အရွယ် ဒေါ်အင်လွမ်းဘောက်မိုင်သည် ကလေးလေးယောက်၏ မိခင်တစ်ဦးလည်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လ၌ ပဋိပက္ခများ ဖြစ်ပွားချိန်တွင် သူမသည် မိသားစုနှင့် အတူ အိုးအိမ်ပစ္စည်းများကို စွန့်ခွာကာ တရုတ်နယ်စပ်သို့ ထွက်ပြေးခဲ့ရသည်။ သူမတို့မိသားစုလိုက် ထွက်ပြေးရာတွင်လည်း တောထဲ၌ နှစ်ညနှင့် သုံးရက်ကြာနေထိုင်ခဲ့ရပြီး ခင်ပွန်းဖြစ်သူသယ်ယူလာသည့် အစားအစာများကိုသာ မျှဝေစားသောက်ခဲ့ရသည်။ ယင်းအချိန်က အငယ်ဆုံးကလေးလေးသည် အသက်ခြောက်လခန့်အရွယ်သာ ရှိနေသေးသည်ဖြစ်သည်။ ထို့နောက်သူမတို့အနေဖြင့် လက်ထဲတွင်ပိုက်ဆံမကျန်ရှိတော့သည့်အတွက် ဆွေမျိုးများနေထိုင်ရာ တရုတ်နိုင်ငံဘက်ရှိ Hka Shang သို့ ထွက်ပြေးခဲ့ရသည်။

ထို့နောက်၂၀၁၂ ခုနှစ်တွင် သူမသည် လအတန်ငယ်ကြာ ဖျားနာခဲ့ရသည်။ ယင်းအချိန်အတောအတွင်း သူမတို့မိုင်းနားသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ပဋိပက္ခမဖြစ်ပွားမီက သူမတို့မိသားစုသည် လိမ္မော်ဥယျာဉ်ခြံ နှစ်ခြံနှင့် လယ်ကွက်တို့ကို ပိုင်ဆိုင်ထားပြီး ဝက်၊ နွားနှင့် ကြက်မွေးမြူရေးတို့ကို လုပ်ကိုင်သည်ဖြစ်ရာ နှစ်စဉ်ဝင်ငွေ ကျပ်သိန်း ၃၀ ခန့်ရရှိကြသည်။ ယင်းမှာရိုးရှင်းသောဘဝဖြစ်သော်လည်း သူမတို့မိသားစုအနေဖြင့် ပျော်ရွှင်ခဲ့ကြသည်။

စစ်ရှောင်ဒုက္ခသည်အဖြစ်သို့ ရောက်ရှိချိန်မှစ၍ ၎င်းတို့အနေဖြင့် အဖွဲ့အစည်းများထံမှ အထောက်အပံ့ကိုသာ အဓိကထား မှီခိုနေခဲ့ရသည်။ သူမ၏ခင်ပွန်းဖြစ်သူမှာလည်း အလုပ်အကိုင်အခွင့်အလမ်းပေါ်လာပါကလည်း နေ့စဉ်ကျပန်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအတွက် ရှာဖွေခဲ့ရသည်။

ယခုအခါ သူမ၏သမီးတစ်ဦးသည် အိမ်ထောင်ပြုသွားခဲ့ပြီး ကျန်သားသမီးသုံးဦးမှာလည်း အစိုးရကျောင်းတွင် ဆက်လက်ပညာ သင်ကြားလျက်ရှိနေသည့်အတွက် ငွေကြေးမှာလည်း အခက်အခဲများရှိခဲ့ရသည်။ ယင်းအခါတွင် Ministry of Foreign Affairs of the Czech Republic နှင့် ADRA Czech Republic တို့က ရန်ပုံငွေထောက်ပံ့ထားသော ELS2 စီမံကိန်းသည် ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်မိသားစုများအား  သားသမီးများ၏ ပညာရေးအတွက် ငွေကြေးအထောက်အပံ့များကိုပေးအပ်ခဲ့သည်။

ယခုကဲ့သို့စစ်ရှောင်စခန်းတွင် နေထိုင်ရခြင်းသည် သူမနှင့် သူမ၏ခင်ပွန်းတို့အတွက် အခက်အခဲများရှိနေသည် ဖြစ်သော်လည်း သူမတို့ ရွာတွင်မူ စာသင်ကျောင်းမရှိသည်ဖြစ်ရာ သားသမီးများ၏ ပညာရေးအခွင့်အလမ်းများ အတွက်မူ မြို့ပေါ်သည် တစ်ဖက်တစ်လှမ်းမှ ကောင်းမွန်သည်ဟုဆိုနိုင်ပေသည်။ သူမအနေဖြင့် ယခုအခါတွင် စခန်းရုံးခန်းတွင် စေတနာ့စာရင်းကိုင် ဝန်ထမ်းအဖြစ်လည်းကောင်း လုပ်ကိုင်လျက်ရှိပြီး ELS2 စီမံကိန်းကိုလည်း အကူအညီများစွာပေးခဲ့သည်ဖြစ်သည်။

“အခုလိုခက်ခဲတဲ့အချိန်မှာ ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီငွေကြေးအထောက်အပံ့နဲ့ ကျွန်မတို့ သားသမီးတွေရဲ့ ပညာရေးမှာလိုအပ်တဲ့ ကွန်ပျူတာသင်တန်းတက်ဖို့၊ ကျောင်းလခပေးဖို့နဲ့ဝတ်စုံဖိုးတို့အတွက် အသုံးပြုလို့ရပါတယ်” ဟု သူမက ဆိုသည်။


Written By: Hkawn Din, ELS2 Education Officer

Edited By: Emma McCrow, Communications Coordinator

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2021 ADRA Myanmar | Hkawn Din