Daw Nang Sam’s Story: Supporting IDP Families through Cash Assistance for Education

“Because of the money, I cried for joy. It helped my children’s needs for School. I could buy school uniforms and cover their study fees.”

Before the conflict, Daw Nang Sam worked with her husband earning a stable income from their grocery store, small movie theatre and raising goats in their home village. When the conflict broke out in 2011, already pregnant Daw Nang, had to flee their home and business to Myitkyina.

Daw Nang Sam and her daughter Htoi Nu Nan

For more than 3 months, they had nowhere to live as all the camps were full. During this time, Daw Nang was also caring for her mother in law who suffered a stroke. Finally, in November, the Church Leader of Galilee IDP Camp arranged a space for the family to stay. 

“Days in the IDP camps are miserable”, commented Daw Nang Sam. “We had to sell our goats, we have no job, we have to survive with whatever we have.” 

After some months, the couple were able to buy a small plot of land from their savings to raise pigs, catfish and plant vegetables. But after time, their savings ran out, the business was not successful as they hoped, and with 3 children in school, their expenses increased. 

Since the Ministry of Foreign Affairs of the Czech Republic and ADRA Czech Republic funded ELS2 project started, vulnerable families like Daw Nang’s, have been supported through cash assistance in covering education expenses.

Their eldest daughter Htoi Nu Nan has started Grade 6 and is grateful to continue her education. “I was so happy that my parents were able to send us to school. I always get A grades in my class. My mum could also send us lunch boxes because of the money from the project. Thank you so much for your help,” said Htoi Nu Nan.

For years Daw Nang has wanted to return home and work as before. But like many families, till today, there has been no chance of returning to their village.

စစ်ဘေးရှောင် မိသားစုများအား ပညာရေးအတွက် ငွေကြေးအထောက်အပံ့ပေးခြင်း

” ဒီငွေကြေးအထောက်အပံ့ရတာ ဝမ်းသာလွန်းလို့မျက်ရည်လည်ပါတယ်။ ဒီဟာက ကျွန်မတို့ သားသမီးတွေရဲ့ပညာရေးလိုအပ် ချက်တွေကိုကူညီပေးနိုင်ခဲ့ပါတယ်။ ကျောင်းဝတ်စုံလည်းဝယ်နိုင်ပြီး ကျောင်းစရိတ်လည်းပေးနိုင်ခဲ့ပါတယ် ”

ပဋိပက္ခများ မဖြစ်ပွားမီအချိန်က ဒေါ်နန်ဆမ်သည် သူမ၏ရွာတွင် ကုန်စုံဆိုင်နှင့် အသေးစားရုပ်ရှင်ရုံဖွင့်လှစ်ခြင်းတို့ကို ခင်ပွန်းဖြစ်သူနှင့် အတူ လုပ်ကိုင်ခဲ့ပြီး ပုံမှန်ဝင်ငွေရရှိနေသည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ပဋိပက္ခများစတင်ဖြစ်ပွားလာသည့်အခါ ကိုယ်ဝန်ရှိနေသောသူမအနေနဲ့ နေအိမ်နှင့်လုပ်ငန်းများအားလုံးကို စွန့်ခွာခဲ့ရသည်။ ယင်းအချိန်တွင်စစ်ရှောင်စခန်းများအားလုံး မှာလည်းပြည့်နေသည့်အတွက်ကြောင့် သုံးလကျော်မျှ နေထိုင်စရာမရရှိခဲ့ပေ။ ယင်းကာလအတွင်း လေဖြတ်နေသော ယောက္ခမ ဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။

နောက်ဆုံး နိုဝင်ဘာလတွင် ဂါလိလဲစစ်ဘေးရှောင်စခန်းမှ တာဝန်ခံသည် သူမ၏မိသားစုနေထိုင်ရန်အတွက် နေရာတစ်နေရာကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

“ဒုက္ခသည်စခန်းတွေမှာ စိတ်ဆင်းရဲစရာနေ့တွေပဲရှိတယ်။ ငါ့တို့ဆိတ်တွေကိုရောင်းခဲ့ရတယ်။ အလုပ်မရှိဘူး။ ငါတို့မှာဘာပဲဖြစ် ဖြစ်ရှင်သန်ဖို့လိုတယ် ”ဟု ဒေါ်နန်းဆမ်က မှတ်ချက်ပြုပြောဆိုသည်။

လအနည်းငယ်ကြာပြီးနောက်တွင်တော့ သူမတို့ဇနီးမောင်နှံအနေဖြင့် ဝက်မွေးမြူရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အတွက် သူမတို့စုဆောင်းထားသည့်ငွေကြေးဖြင့် မြေကွက်လေးတစ်ခုကို ဝယ်ယူနိုင်ခဲ့သည်။ သို့သော် အချိန်ကာလအနည်းငယ် အကြာတွင်တော့ သူမတို့၏စုဆောင်ငွေများမှာလည်း ကုန်ဆုံးခဲ့သည့်အပြင် စီးပွားရေးအရလည်း အောင်မြင်မှုမရရှိခဲ့ပေ။ ကျောင်းနေသည့်ကလေးသုံးယောက်ရှိသော သူမတို့ မိသားစုအဖို့ ကုန်ကျစရိတ်များမှာလည်း မြင့်တက်လာသည်။

Czech Republic နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ADRA Czech Republic တို့က ရန်ပုံငွေထောက်ပံ့ထားသော ELS2 စီမံကိန်း အနေဖြင့်လည်း ဒေါ်နန်ဆမ်ကဲ့သို့သော နွမ်းပါးသည့်အိမ်ထောင်စုများကို ပညာရေးအတွက် ကုန်ကျစရိတ်များကို ကာမိစေရန် ငွေကြေးဆိုင်ရာထောက်ပံ့ကူညီမှုများကိုလုပ်ဆောင်ပေးခဲ့သည်။ သူမ၏သမီးကြီးဖြစ်သူ ထွယ်နူးနန်သည်လည်း ခြောက်တန်းကို စတင်တက်ရောက်ခဲ့ပြီး သူမအနေနဲ့ပညာသင်ကြားခွင့်ကို ဆက်လက်ရရှိခဲ့သည်။

“ကျွန်မအရမ်းပျော်ပါတယ်။ အမေတို့အနေနဲ့ ကျွန်မတို့ကိုကျောင်းပို့နိုင်ခဲ့တယ်။ အတန်းထဲမှာလည်း ကျွန်မအနေနဲ့ အမြဲတမ်း A အဆင့်ရပါတယ်။ စီမံကိန်းကထောက်ပံ့ငွေကြောင့် ကျွန်မတို့အမေအနေနဲ့လည်း ကျွန်မတို့ကိုနေ့လယ်စာထမင်းဘူးတွေ ပို့ပေးနိုင်ပါတယ်။ ဒါကြောင့်အခုလိုကူညီတာကိုကျေးဇူးတင်ပါတယ်”ဟု ထွယ်နူးနန်က ပြောဆိုသည်။

ဒေါ်နန်ဆမ်အနေဖြင့်လည်း ယခင်ကကဲ့သို့ပင် သူမ၏ရပ်ရွာ၊ နေအိမ်သို့ပြန်ကာ အလုပ်လုပ်ကိုင်နိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း များစွာသောမိသားစုများကဲ့သို့ပင် ယနေ့ထက်တိုင် သူမ၏ရပ်ရွာသို့ပြန်ရန် အခွင့်အရေးမှာမူ မရရှိသေးပေ။


*Originally Written By: Hkawn Din, ELS2 Education Officer

Edited By: Emma McCrow, Communications Officer

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2020 ADRA Myanmar | Daw Nang Sam


S H A R E:

Share on facebook
Share on twitter