Daw Ngun Cawi’s Story: Supporting Female Headed Households through Savings & Loans Groups

“The project has been very effective for us. It is very useful for someone who has no husband, like me. “

My name is Daw Ngun Cawi from Belai Village in the Chin hills. I am 49 years old with seven children. My eldest daughter has already passed the matriculation exam, but was unable to find work, so she now weaves. My other daughters are in 10 Standard and will take the exam later in the year. 

Since my husband passed, life has been difficult. I work hard to support my children as a farmer. I also participate in Kindergarten as a volunteer each year. All my children are attending school, but I cannot afford the fees. I have to borrow money from others to pay for my children’s education. 

However since the PRICE project came, in the summer, we are lent money which we use for livelihoods, agriculture, weaving and education fees. 

“There is now a Savings and Loans group in our village. At first, many people were not interested, but later they joined once they saw the benefit. We meet each month and we save 500 kyats. If 12 people can save this money, then we have 6,000 kyats available each month. It is a small amount, but after one year, we can save 100,000 kyats”, Village Leader U Boi Khung commented. 

Like others in her village, Daw Ngun Cawi joined the Savings and Loans Group. Now she can buy elephant foot yam to plant, a pig and more importantly, she can cover the cost of her children’s education. 

Daw Ngun Cawi is one of several female headed households working hard to support their families. The AusAID and ADRA Australia funded PRICE project is fostering sustainable livelihoods in the Chin State for vulnerable families like Daw Ngun Cawi’s through agriculture and income generation activities. 

ဒေါ်ငွန်သွီး၏ ဇာတ်ကြောင်း- ငွေစုငွေချေးအဖွဲ့များမှတစ်ဆင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများကို ထောက်ပံ့ခြင်း

ကျွန်မနာမည်က ဒေါ်ငွန်သွီးပါ။ ကျွန်မတို့က ချင်းပြည်နယ်ဘလေးကျေးရွာမှာ နေထိုင်ပါတယ်။ ကျွန်မအသက်က ၄၉ နှစ်ရှိပြီး သားသမီး ခုနစ်ယောက်ရှိပါတယ်။ ကျွန်မအကြီးသမီးကဆယ်တန်းအောင်ပြီး အလုပ်ရှိသေးလို့ အခုရက်ကန်းရက်နေပါတယ်။ အခြားကလေးတွေက ကျောင်းတက်နေတုန်းပဲ ရှိပါသေးတယ်။ နောက်နှစ်ကျမှစာမေးပွဲဖြေရမယ်။ ကျွန်မခင်ပွန်းဆုံးသွားတဲ့အချိန်ကစပြီး ဘဝမှာအခက်အခဲတွေရှိခဲ့တယ်။ ဒါပေမဲ့ကျွန်မတောင်သူအလုပ်လုပ်ရင်းနဲ့ပဲ ကျွန်မကလေးတွေကို ပံ့ပိုးပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။

နောက်ပြီးနှစ်စဉ်လည်း KG ကလေးတွေအတွက် စေတနာ့ဝန်ထမ်းအနေနဲ့လုပ်ဆောင်ပေးပါတယ်။ ကျွန်မကလေးတွေအကုန်လုံးက ကျောင်းတက်နေတယ်ဆိုတော့ ကျောင်းစရိတ်လည်းသိပ်မတတ်နိုင်ဘူး။ ဒါကြောင့်ကျွန်မအနေနဲ့ကလေးတွေပညာရေးအတွက် အခြားကနေ ငွေချေးပါတယ်။

ဒါပေမဲ့လည်း PRICE စီမံကိန်းစတင်ရောက်ရှိလာချိန်ကစပြီးတော့ နွေရာသီဆို ကျွန်မတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ ရက်ကန်းနဲ့ ပညာရေးအတွက် အသုံးပြုလိုတဲ့ငွေကို ထုတ်ချေးပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ရွာမှာငွေစုငွေချေးအဖွဲ့ဖွဲ့ထားပါတယ်။ အစပိုင်းမှာတော့ ရွာသားတွေအနေနဲ့ အရမ်းကြီး စိတ်မဝင်စားပေမယ့်လည်း အကျိုးရှိတာတွေ့ရတဲ့အတွက် သူတို့အနေနဲ့ စိတ်ဝင်စားလာပြီး ပူးပေါင်းဆောင်ရွက်လာတာရှိပါတယ်။ ကျွန်တော်တို့လတိုင်းလတိုင်း ၅၀၀ စီနဲ့စုပါတယ်။ အကယ်၍ လူ ၁၂ ယောက်စုရင် ၆၀၀၀ ရနိုင်တယ်။ ဒါပေမဲ့ဒီပမာဏကနည်းနည်းလေးပါ။ ဒါပေမဲ့နှစ်ကြာလာတော့ ကျွန်တော်တို့ သိန်းကြီးဂဏာန်းအထိစုလာနိုင်တယ်။ ဒါကိုသူတို့စိတ်ဝင်စားလာကြပြီး ပါဝင်လာကြတယ်’ ဟု ကျေးရွာခေါင်းဆောင် ဦးဘွေခုန်းက မှတ်ချက်ပြုပြောဆိုသည်။

ကျေးရွာမှအခြားသူများကဲ့သို့ပင် ဒေါ်ငွန်သွီးသည် ငွေစုငွေချေးအဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ယခုအခါ သူမအနေဖြင့် စိုက်ပျိုးရန် ဝဥနှင့် မွေးမြူရန် ဝက်တို့ကို ဝယ်ယူနိုင်ခဲ့သည်။ အထူးသဖြင့် သူမသားသမီးများ၏ ပညာရေးကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ ကာမိစေခဲ့သည်ဖြစ်သည်။

ဒေါ်ငွန်သွီးသည် အမျိုးသမီးများဦးဆောင်သောအိမ်ထောင်စုများအနက်မှ တစ်ဦးတစ်ယောက်လည်းဖြစ်ပြီး သူမ၏မိသားစုကို ကိုယ်တိုင် ရှာဖွေကျွေးမွေးစောင့်ရှောက်ပေးနေသူလည်းဖြစ်သည်။

AusAID နှင့် ADRA သြစတြေးလျက ငွေကြေးထောက်ပံ့သော PRICE စီမံကိန်းသည် ချင်းပြည်နယ်တွင် စိုက်ပျိုးရေးနှင့် ဝင်ငွေတိုးမြှင့်ရေး လုပ်ငန်းများမှတစ်ဆင့် ဒေါ်ငွန်သွီးကဲ့သို့သော အားနည်းပြီးအခက်အခဲရှိသောမိသားစုများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုဖြစ်စေရန် အားပေးမြှင့်တင်ပေးလျက်ရှိသည်။


Written By: Emma McCrow, Communications Officer

Photo: © 2018 ADRA Myanmar | Emma McCrow