Daw Zar Zar Naing’s Story: Preparing for Healthy Pregnancies in Kayin State

My name is Daw Zar Zar Naing, I am 35 years old living in Ka Di Kan Village with my husband and our three daughters. In 2012 we moved to this area in Hlaingbwe Township, Kayin State. I was recently pregnant and hoping to give birth to a healthy baby. 

Our primary livelihood is chicken and goat farming on a plantation. Sometimes my husband finds work outside for additional income. Before the EMBRACE project came to our village, I didn’t know how to cook healthy meals or grow vegetables in our garden. I delivered all our children in our home and we never went to the clinic for check-ups because we didn’t know any of the risks associated with pregnancy. 

I received a lot of knowledge in the health and nutrition trainings which I tried to implement in my home. We learned step by step, so it was easy to follow. Now I know the risks that can come with pregnancy, I will deliver this baby in the clinic. My husband is also encouraging me to go to the clinic for check-ups and delivery. We want to give this baby the best chance we can and we as a family are now more prepared. 

Daw Zar Zar Naing in her Kitchen Garden

I was expecting to give birth to a healthy baby. Now we have another healthy baby girl born in the clinic becoming our fourth daughter. 

Ko Nyein Chan Aung, Daw Zar Zar Naing’s husband comments; “thank you so much to ADRA and the donor because when the project came to our village, I can learn something I didn’t know about agriculture, livestock and healthy living.”

The EMBRACE project is funded by Global Affairs Canada and ADRA Canada. EMBRACE is working in Kayin State to improve nutrition rates and increase access to appropriate health services for pregnant women and children.

“As a result, through ADRA’s project and the knowledge we have gained, we can take better care of our children. I would like to say thank you to ADRA and the donor, Global Affairs Canada.”

Daw Zar Zar Naing with her husband and eldest daughter

ဒေါ်ဇာဇာနိုင်၏ ဇာတ်ကြောင်း- ကရင်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်များ ကျန်းမာရေးအတွက် ပြင်ဆင်ခြင်း

ကျွန်မနာမည်က ဒေါ်ဇာဇာနိုင်ပါ။ အသက်ကတော့ ၃၅ နှစ်ရှိပါပြီ။ ဒီကဒီကံကျေးရွာမှာ ကျွန်မအမျိုးသားရယ် သမီးသုံးယောက်ရယ်နဲ့ အတူတူနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကျွန်မတို့ ဒီကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ကို ပြောင်းလာတာပါ။ ကျွန်မမကြာသေးခင်တုန်းက ကိုယ်ဝန်ဆောင်ခဲ့ပြီး ကျန်းမာတဲ့ကလေးကို အန္တရာယ်ကင်းကင်းနဲ့မွေးနိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။

ကျွန်မတို့ရဲ့အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ ကြက်တွေ၊ ဆိတ်တွေမွေးတာရယ် စိုက်ပျိုးရေးရယ်ပါ။တစ်ခါတစ်လေတော အပိုဝင်ငွေရအောင် ကျွန်မအမျိုးသားက အပြင်မှာ အလုပ်ထွက်လုပ်ပါတယ်။ ကျွန်မတို့ရွာကို EMBRACE စီမံကိန်းမဝင်လာခင်တုန်းကတော့ ကျွန်မတို့အနေနဲ့ ကျမ်းမာရေးနဲ့ပတ်သက်ပြီး အာဟာရမျှတအောင် ဘယ်လိုချက်ပြုတ်ရမလဲ၊ ဟင်းသီးဟင်းရွက်တွေကိုဘယ်လို စိုက်ပျိုးရမလဲဆိုတာ သေချာမသိခဲ့ရဘူး။ အရင်ကလေးတွေကိုလည်း ကျွန်မအိမ်မှာပဲမွေးခဲ့တယ်။ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို မသိခဲ့တာကြောင့် ဆေးခန်းလည်းပုံမှန်သွားပြီး စစ်ဆေးမှုမခံယူခဲ့မိပါဘူး။

ကျွန်မအနေနဲ့ ကျန်းမာရေးနဲ့အာဟာရသင်တန်းကိုတက်ပြီးတဲ့နောက်မှာတော့ အသိပညာတွေအများကြီးရလာတယ်။ ဒီတော့ကျွန်မအနေနဲ့ အိမ်မှာလက်တွေ့အသုံးချနိုင်အောင်ကြိုးစားခဲ့တယ်။ ကျွန်မတို့တစ်ဆင့်ချင်းတစ်ဆင့်ချင်းစီ လေ့လာခဲ့တယ်။ အဲဒါကလွယ်လွယ်ကူကူလိုက် လုပ်လို့ရလာတယ်။ အခုလည်းကျွန်မအနေနဲ့ ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့အန္တရာယ်တွေကိုသိလာတယ်။

ဒါကြောင့် ဆေးခန်းပုံမှန်သွားပြီး ဆေးခန်းမှာပဲကလေးမွေးဖို့အတွက် ကျွန်မအမျိုးသားကလည်း အားပေးတယ်။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံးအခွင့်အရေးတွေကို ဒီကလေးလေးကို ပေးချင်တယ်။ ဒါကြောင့်လည်း အခုအကောင်းဆုံးပြင်ဆင်ထားပါတယ်။ ကျန်းမာသန်စွမ်းတဲ့ကလေးလေးမွေးဖွားဖို့ ကျွန်မမျှော်လင့်ခဲ့သလို အခုကျွန်မစတုတ္ထမြောက်သမီးလေးကို ဆေးခန်းမှာပဲကျန်းမာစွာမွေးဖွားနိုင် ခဲ့ပါတယ်။

“ADRA နဲ့ အလှူရှင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီမံကိန်း ကျွန်တော်တို့ရွာကို ရောက်လာတဲ့အခါ အရင်ကကျွန်တော်တို့မသိခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျန်းမာတဲ့လူနေမှုဘဝနေထိုင်ရေးတို့ကိုပါ လေ့လာသင်ယူနိုင်ခဲ့တယ်” ဟု ဒေါ်ဇာဇာနိုင်၏ ခင်ပွန်းဖြစ်သူ ဦးငြိမ်းချမ်းအောင်က ပြောဆိုသည်။

EMBRACE စီမံကိန်းကို Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်း အာဟာရရရှိမှုနှုန်းတိုးမြှင့်ခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအတွက် သင့်လျော်သောကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို တိုးမြှင့်ရရှိလာစေရန် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ADRA စီမံကိန်းကနေပြီးတော့ရလိုက်တဲ့ ဗဟုသုတတွေကြောင့် ကျွန်မတို့ရဲ့ကလေးတွေကို ပိုပြီးဂရုစိုက်လာနိုင်တယ်။ ဒါကြောင့် ADRA နဲ့ အလှူရှင် Global Affairs Canada ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။


Written By: Emma McCrow and Pyae Phyo Lin

Photo: © 2020 ADRA Myanmar | Pyae Phyo Lin