Desludging Activities Improve Hygiene in IDP Camps in Kachin

“We can solve this problem for IDPs. This natural fertilizer is beneficial for the whole country. It brings benefits. Thank you to ADRA for the support.”

“The desludging activity is very important for the IDPs in these camps. If we don’t do this, the odour becomes bad and the neighbours don’t like it. Some neighbours do not accept having any IDP camps here,” said U Tu Lum, Desludging Team Leader.

Due to overpopulation in some of the IDP camps in Kachin State, WASH facilities, including toilets, are often insufficient to service the number of people. With toilets overflowing, the risk of disease remains high and the potential for water contamination.

Through the Global Affairs Canada and ADRA Canada funded SCAIDP project, desludging activities targeted vulnerable IDP camps to remove human waste from toilets and turn it into natural fertilizer.

The waste is dried step by step and turned into natural fertilizer in a nearby factory. To prepare the natural fertilizer, several ingredients are mixed together including animal waste, human waste, mud and rice husks. Similar to the Japanese method, indigenous microorganisms are also used.

Through a partnership with KBC, ADRA was able to provide support and funding to roll out desludging activities. “When we do this activity, it is very effective for the people. They appreciate and welcome us,” commented U Tu Lum. “We try to create a good product, we try our best for the public’s benefit, and we aren’t shy when we do this work,” said U Naw Lawn, KBC HDD WASH Technician.

In Maina IDP camp, the population is between 2,000 to 3,000, yet there are only 127 toilets. However, since the SCAIDP project rolled out desludging activities, now the toilets are no longer overflowing. “It has greatly benefitted the health and wellbeing of people from the camp,” commented Daw Dau Tsai, WASH Volunteer Leader.

ကချင်စစ်ရှောင်စခန်းများတွင် သန့်ရှင်းမှုကိုအားကောင်းစေသော မိလ္လာစုပ်ယူ၊ စွန့်ပစ်ခြင်းလုပ်ငန်း

“စစ်ရှောင်တွေရဲ့ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်တယ်။ တစ်နည်းအားဖြင့်တော့ သဘာဝဓာတ်မြေသြဇာဖြစ်တဲ့အတွက်လည်း တစ်နို င်ငံလုံးအတွက် အရမ်းကိုအကျိုးကျေးဇူးရှိပါတယ်။ အခုလိုထောက်ပံ့ပေးတဲ့အတွက်လည်း ADRA ကို ကျေးဇူးတင်ပါတယ်”

“Desludging activity ဆိုတာ စစ်ရှောင်စခန်းတွေမှာရှိတဲ့ သူတွေအတွက် အလွန်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့ဒါကို မလုပ်ဘူးဆိုရင် အနံ့ဆိုးတွေဖြစ်လာပြီး အနီးပတ်ဝန်းကျင်ကသူတွေက မကြိုက်ကြပါဘူး။ တချို့ဆိုရင် ဒီမှာစစ်ရှောင်စခန်းလာမလုပ်နဲ့လို့တောင် ပြောတာ ရှိကြတယ်” ဟု Desludging Team Leader ဦးတူးလွမ်က ပြောဆိုသည်။ ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းအချို့တွင် လူဦးရေအလွန်များပြားလွန်းခြင်းကြောင့် အိမ်သာအပါအဝင် ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာ အစီအမံများသည် လူအရေအတွက်နှင့် မျှတလုံလောက်ခြင်းမရှိနိုင်ပေ။

အိမ်သာများပြည့်လျှံနေခြင်းနှင့်အတူ ရေထုညစ်ညမ်းမှုဖြစ်နိုင်ခြေရှိပြီး ကျန်းမာရေးဆိုင်ရာရောဂါများ ဖြစ်ပွားမှုနှုန်းလည်း မြင့်တက်လာသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ထားသော SCAIDP စီမံ ကိန်းမှတစ်ဆင့် စစ်ရှောင်စခန်းများတွင် အညစ်အကြေးများကိုစုပ်ယူသန့်စင်ကာ သဘာဝမြေသြဇာအဖြစ်သို့ပြောင်းလဲလုပ်ဆောင်ခဲ့သည်။

အဆိုပါအညစ်အကြေးများကို အဆင့်ဆင့်အခြောက်ခံသန့်စင်၍ သဘာဝမြေသြဇာအဖြစ် စက်ရုံတွင် ပြောင်းလဲထုတ်ယူရပြီး သဘာဝ မြေသြဇာအဖြစ်ရရှိရန်အတွက် လူနှင့် တိရစ္ဆာန်အညစ်အကြေးများ၊ ရွှံစေး၊ စပါးခွံနှင့် ဂျပန်နည်းပညာဖြစ်သော ဒိုချပ်ကင်းတို့ကို အသုံးပြု၍ အဆင့်ဆင့်စနစ်တကျထုတ်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ADRA သည် ယင်းလုပ်ငန်းလုပ်ဆောင်ရန်အတွက် ရန်ပုံငွေကို ထောက်ပံ့ခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်း KBC နှင့်အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ သည်။ “ကျွန်တော်တို့ဒီဟာကိုလုပ်တဲ့အခါ အများပြည်သူအတွက် အရမ်းကိုအကျိုးရှိပါတယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့ ဒီလိုလုပ်တာ ကို ကြိုဆိုကြတယ် ” ဟု ဦးတူးလွမ်က ရှင်းပြပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ထုတ်ကုန်ကောင်းတစ်ခုဖြစ်လာအောင်လို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အများပြည်သူအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဒီအလုပ်ကိုလုပ်တဲ့အခါ မရှက်မကြောက်ပါဘူး” ဟု KBC HDD WASH Technician ဖြစ်သူ ဦးနော်လောန်က ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ မိုင်းနားစစ်ရှောင်စခန်းတွင်လည်း လူဦးရေ ၂၀၀၀ ကျော်မှ ၃၀၀၀ ဝန်းကျင်အကြားရှိပြီး အိမ်သာအရေအတွက်မှာ ၁၂၇ လုံးသာရှိသဖြင့် လူဦးရေနှင့် အိမ်သာအရေအတွက် မမျှတဘဲ အိမ်သာများအမြဲပြည့်လျှံမှုရှိဖြစ်ပေါ်ခဲ့ရသည်။ သို့သော်ယခုအခါတွင်မူ SCAIDP စီမံကိန်းမှတစ်ဆင့် ယင်းအညစ်အကြေးစုပ်ယူသန့်စင်သည့် လုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ရာတွင် ယခုအခါအိမ်သာများတွင် ပြည့်လျှံခြင်းပြဿနာများ မရှိတော့ပေ။

“ဒါကစခန်းမှာနေတဲ့သူတွေရဲ့ ကျန်းမာရေးအတွက်ကိုရော ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက်ကိုရော တော်တော်လေးကို အကျိုးကျေးဇူးအများ ကြီး ခံစားရပါတယ်” ဟု WASH Volunteer Leader ဒေါ်ဒေါင်စိုင်းက ပြောဆိုသည်။


Story Collected By: Pyae Phyo Lin, Communications Assistant

Edited By: Emma McCrow, Communications Officer

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2020 ADRA Myanmar | Pyae Phyo Lin