ELS2: Remaining IDP Beneficiaries Receive Cash Assistance for Education

The Ministry of Foreign Affairs of the Czech Republic and ADRA Czech Republic funded ELS2 ‘Education and Livelihood Support II’ project, has completed the planned cash distributions in IDP (Internally Displaced Person) camps in Kachin State.

Of the targeted 586 beneficiaries, the remaining 290 beneficiaries received cash assistance to be used for education expenses. Here are a few comments following the cash distributions:

 A mother from Galilee IDP camp said, “I could pay the debt of my children’s tuition fees because of your (ADRA/Donor) support.”

A mother from Sangpra IDP camp commented, “my daughter could buy spectacles for studying after she almost lost her eyesight.”

A young girl from Galilee IDP camp said, “we can finally buy food after a 2 month gap without food support in the camp only because of your (ADRA/Donor) support.”

A mother from Tatkone replied, “I can repair my children’s bicycles so they can go to their tuition as soon as I received the cash from you (ADRA/Donor).”

A mother from Jaw Masat IDP camp stated, “I can breathe again because of your (ADRA/Donor) support.”

The beneficiaries, particularly the parents of the students, have been grateful for the cash assistance with many stating they are always praying for ADRA and the donor, Ministry of Foreign Affairs of the Czech Republic so that the work may continue to support more IDPs who are in need.

The ELS2 project concluded on 31 December 2020 as scheduled.

ELS2 – စစ်ရှောင်ဒုက္ခသည်များအနေဖြင့် ပညာရေးအတွက် ငွေကြေးအထောက်အပံ့ရရှိခြင်း

The Ministry of Foreign Affairs of the Czech Republic နှင့် ADRA Czech Republic တို့၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့ပေးခြင်း ELS2 စီမံကိန်းသည် ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်စခန်းများတွင် ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူ ၅၈၆ ဦးအနက်မှ ကျန်ရှိသော၂၉၀ ဦးသည် ပညာရေးကုန်ကျစရိတ်အတွက် ငွေကြေးထောက်ပံ့မှုများကို ရရှိခဲ့သည်။ အဆိုပါငွေကြေးထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ အကျိုးခံစားခွင့်ရှိသူများ၏ ပြောစကားမှတ်ချက်များကိုလည်း အောက်တွင်ဖော်ပြအပ်ပါသည်။

ဂါလိလဲစစ်ရှောင်စခန်းမှ မိခင်တစ်ဦးကလည်း “ အခုလိုADRA နဲ့ အလှူရှင်တို့ရဲ့ ထောက်ပံ့ပေးတာကြောင့် ကျွန်မကလေးတွေရဲ့ ကျူရှင်လခအကြွေးတွေကိုလည်း ပြန်ဆပ်နိုင်ခဲ့ပါတယ်” ဟူ၍ဆိုသည်။

စံပြစစ်ရှောင်စခန်းမှ မိခင်တစ်ဦးကမူ “ မျက်စိကွယ်လုနီးပါးဖြစ်ခဲ့ရတဲ့ ကျွန်မသမီးအတွက်ဆိုရင်လည်း သူမရဲ့ လေ့လာမှုအတွက် မျက်မှန်လုပ်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

မန်ခိန်စစ်ရှောင်စခန်းမှ မိခင်တစ်ဦးကလည်း အခုလို ADRA နဲ့ အလှူရှင်တို့က ထောက်ပံ့ငွေပေးတာကြောင့် ဆောင်းရာသီမှာ ကလေးတွေအတွက် အနွေးထည်တွေပါ ဝယ်နိုင်ပါတယ်” ဟု ဆိုသည်။

အလားတူ ဂါလိလဲစစ်ရှောင်စခန်းမှ အမျိုးသမီးငယ်တစ်ဦးကလည်း ADRA နဲ့ အလှူရှင်တို့ရဲ့ ထောက်ပံ့မှုကြောင့်  နှစ်လလောက်စားနပ်ရိက္ခာပြတ်နေရာကနေ နောက်ဆုံးတော့ အစားအစာတွေ ဝယ်ယူနိုင်ပါပြီ” ဟု ပြောဆိုသည်။

တပ်ကုန်းစစ်ရှောင်စခန်းမှ မိခင်တစ်ဦးကလည်း “ ထောက်ပံ့ကြေးရတဲ့အခါ ကျွန်မအနေနဲ့ ကလေးတွေ အတွက် စက်ဘီးကို ပြန်ပြင်ပေးနိုင်ပါပြီ။ ဒါမှသာသူတို့ကျူရှင်သွားလို့လာလို့ရမှာပါ” ဟု ပြောကြားသည်။

ထို့ပြင်ဂျော်မဆတ်စစ်ရှောင်စခန်းမှ မိခင်တစ်ဦးက “ADRA နဲ့အလှူရှင်တို့ရဲ့ ငွေကြေးထောက်ပံ့မှုကြောင့် အသက်ထပ်ရှင်သန်နိုင်ပါပြီ ” ဟု မှတ်ချက်ပြုခဲ့သည်။

အကျိုးခံစားခွင့်ရှိသူများ၊ အထူးသဖြင့် ကျောင်းသားများ၏ မိဘများအနေဖြင့် ADRA နှင့် အလှူရှင် Ministry of Foreign Affairs of the Czech Republic တို့အား အမြဲဆုတောင်းပေးနေကြောင်းကို ဖော်ပြခြင်းအားဖြင့် သော်လည်းကောင်း ငွေကြေးအထောက်အပံ့အတွက် ကျေးဇူးတင်ရှိနေကြသည်။ ယင်းကြောင့်လည်း အမှန်တကယ်လိုအပ်နေသော စစ်ရှောင်ဒုက္ခသည်များကိုလည်း ဆက်လက်ထောက်ပံ့ ပေးနိုင်လိမ့်မည်ဖြစ်သည်။

ELS2 စီမံကိန်းသည် စီစဥ်ထားသည့်အတိုင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီလည်းဖြစ်ပါသည်။


*Originally Reported By: Hkawn Din, Education Officer

Edited By: Emma McCrow, Communications Officer

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2020 ADRA Myanmar | Hkawn Din