‘Every Child Everywhere’ Advocacy Petition Signing at Myanmar Plaza

Yesterday, ADRA Myanmar, in partnership with the Myanmar Union Mission, launched a petition signing event for the global Advocacy Campaign “Every Child, Everywhere, In School” at Myanmar Plaza, a popular shopping mall in Yangon between the hours of 9:00am to 9:00pm.

The purpose of this campaign is to advocate for the 262 Million Out of School Children around the world because Every Child, Everywhere, has the right to be in school and to receive a quality education. This is being achieved through the collection of signatures on a petition that will be presented to world leaders in June 2020 by ADRA International as a call to action to improve access to education services. 

Shoppers at Myanmar Plaza were encouraged to add their voice by signing this global petition at the Petition booth whereby they received a freebie for their participation with either a sticker, pen, tote bag or tshirt. Over 800 signatures were collected during the course of the day and the event was covered by over 20 local news and media stations increasing the visibility of the campaign and ADRA Myanmar’s work in Myanmar. 

ADRA Myanmar and the church have set a target of 7,000 signatures to be collected by June 2020 to contribute to the global target of 1 million signatures worldwide. With yesterday’s activities, ADRA Myanmar and the Church have been able to collect almost 3,000 so far. 

We hope to see Every Child, Everywhere, In School by 2030! Will you help us in achieving our goal by going online and signing the petition at: www.ADRA.org/InSchool 

ယမန်နေ့က ကျွန်ုပ်တို့ ADRA Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်း Myanmar Union Mission တို့ပူးပေါင်း၍ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဖြစ်သည့် ကလေးတိုင်း၊ နေရာတိုင်းမှာ ကျောင်းတက်နိုင်ရမည်ဆိုသည့် လက်မှတ်ကောက်ခံခြင်းကမ်ပိန်းကို မြန်မာပလာဇာ၌ နံနက် ၉ နာရီမှ ည ၉ နာရီအတွင်း ပြုလုပ်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ ပညာသင်ကြားရန်အခက်အခဲရှိနေသော ကမ္ဘာတစ်ဝန်းမှ ကျောင်းပြင်ပကလေးငယ် ၂၆၂ သန်းအတွက် ပြည့်စုံကောင်းမွန်သော အရည်အသွေးရှိ ပညာရေးရရှိရန်လည်း ဖြစ်ပါသည်။

ကလေးငယ်များအနေဖြင့် ပညာရေးဝန်ဆောင်မှုများကို လက်လှမ်းမီတိုးတက်ရရှိစေရန်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ADRA အဖွဲ့က ကမ္ဘာခေါင်းဆောင်များထံသို့ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းတင်ပြမည့် အသနားခံစာအတွက် ယခုကဲ့သို့လက်မှတ်ရေးထိုးလှုပ်ရှားမှုကိုလုပ်ဆောင်ခြင်းလည်းဖြစ်သည်။

မြန်မာပလာဇာသို့ လာရောက်သည့် ဈေးဝယ်သူများအနေဖြင့်လည်း ဤလှုပ်ရှားမှုတွင် ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် ၎င်းတို့၏ဆန္ဒသဘောထားများကိုထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကာ လာရောက်လက်မှတ်ရေးထိုးသူများကိုလည်း အင်္ကျီ၊ ဘေးလွယ်အိတ်၊ စတစ်ကာနှင့် ဘောပင်တို့ကို အမှတ်တရအဖြစ်လက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါတစ်နေ့တာလှုပ်ရှားမှုအတွင်း ကျွန်ုပ်တို့အနေဖြင့် လက်မှတ်စုစုပေါင်း ၈၀၀ ကျော်ကို လက်ခံရရှိခဲ့ပြီး ယင်းအခမ်းအနားအကြောင်းကိုလည်း  သတင်းမီဒီယာဌာနများက သတင်းထုတ်လွှင့်ခဲ့ပြီး ကမ်ပိန်း၏ထင်သာမြင်သာမှုနှင့် ADRA မြန်မာ၏ မြန်မာနိုင်ငံတွင်လုပ်ဆောင်နေမှုများကို တိုးတက်စေခဲ့သည်လည်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ဖြစ်သည့် လက်မှတ်ပေါင်းတစ်သန်းရရှိရန်အတွက် ကျွန်ုပ်တို့ ADRA မြန်မာနှင့် The Adventist Church တို့ကလည်း လက်မှတ်ပေါင်း ၇၀၀၀ မြန်မာနိုင်ငံ၌ ကောက်ခံရရှိရန် သတ်မှတ်မျှော်မှန်းထားသည်လည်းဖြစ်သည်။

ယမန်နေ့ကပြုလုပ်ခဲ့သည့်လှုပ်ရှားမှုကြောင့်လည်း ကျွန်ုပ်တို့အနေဖြင့် ယခုအခါလက်မှတ်ပေါင်း ၃၀၀၀ နီးပါး စုဆောင်းရရှိခဲ့ပြီဖြစ်သည်။

ကျွန်ုပ်တို့အနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ ကလေးတိုင်း၊ နေရာတိုင်းမှာ ကျောင်းတက်ပညာသင်ကြားနေတာကို မြင်တွေ့လိုတာကြောင့် ကျွန်ုပ်တို့၏ရည်မှန်းချက်အောင်မြင်စေဖို့ ယခုလှုပ်ရှားမှုမှာလည်း သင့်အနေနဲ့ ဒီမှာ www.ADRA.org/InSchool ဝင်ရောက်လက်မှတ်ရေးထိုးပါဝင်နိုင်ပါတယ်။ 


Written By: Pyae Phyo Lin and Emma McCrow

Photo: © 2019 ADRA Myanmar | Lalrinsanga and Claudio Sandoval