Lway Arm Saw Hlaing’s Story: TEES Teacher Educates Marginalised Ta’ang

23 year old Lway Arm Saw Hlaing comes from Namkhan Township. Despite her parents’ disapproval of her idea to become a TEES teacher, Lway Arm Saw Hlaing was determined to educate children in the remote marginalized Ta’ang community. She was recruited as a TEES teacher by Ta’ang Student Youth Union and placed in Man Kyawt village, Tar Moe Hnye Township, Northern Shan State since 2017.  

Lway Arm Saw Hlaing recalled that when she and her colleague first arrived in the village for teaching, the villagers misunderstood that they belonged to an armed group and were there to collect information on potential child soldiers. When she started teaching in the newly established TEES school, the parents in the village were not aware of the value of education and would ask their children to join work on the farm instead. Initially, only four children enrolled in the school. Lway Arm Saw Hlaing started meeting with parents every month encouraging them to enrol their children in school even though she was not confident to speak in public before becoming a TEES teacher.

“It is not easy to go and teach in a village so remote from my hometown. I am very sad to learn that my ethnic Ta’ang community in the remote areas have low standards of living with no proper education. Since teaching is my hobby, I decided to go and teach there. There were only four children when my colleague and I started teaching. We talked to the children nicely and repeatedly told them that we were here to teach them so that they will become educated people. Later in the school year, more students enrolled in school.”

As a result of her effort, in the past 2 years she has witnessed the parents’ increasing support for their children’s education and has become highly regarded by the community. The villagers even seek advice and help from Lway Arm Saw Hlaing regarding their health issues and organizing community festivities.

“I felt very satisfied when I saw my students were competing against each other in their subjects. I gave prizes out of my stipend to the student who achieved the highest mark in their subjects. When other students who were not working hard in school began to see this, they also started trying hard in school.” 

As a trained TEES teacher, Lway Arm Saw Hlaing expressed her satisfaction for being able to make decisions about instruction to meet the learning needs of her students based on their language and culture without having to strictly comply by the Myanmar national curriculum. The TEES training along with her two years teaching experience has given Lway Arm Saw Hlaing confidence and aspirations to become a government recognized teacher in her Ta’ang community in the future.

Lway Arm Saw Hlaing is one of 152 current TEES teachers trained through the CASE+ project funded by the European Union and supported by ADRA UK, ADRA Myanmar and RISE. This particular TEES program is facilitated and organised by TSYU ‘Ta’ang Student and Youth Union’, a member of the RISE network.

လွေအားမ်စောလှိုင်၏ ဇာတ်ကြောင်း- TEES ဆရာက တအာင်းဒေသခံများအား ပညာပေးခြင်း

၂၃ နှစ်အရွယ် အမျိုးသမီးငယ်လေး လွေအားမ်စောလှိုင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း နေထိုင်သူဖြစ်သည်။ TEES ဆရာမတစ်ဦးဖြစ်ရန်ဆိုသော သူမ၏စိတ်ကူးကို သူမ၏ မိဘများက သဘောမတူခဲ့သော်လည်း သူမသည်ဝေးလံခေါင်သီသောဒေသတွင် ကလေးငယ်များကို ပညာသင်ကြားပေးရန် စိတ်ဆုံးဖြတ်ထားသည်။

သူမသည်တအာင်းကျောင်းသားလူငယ်များအစည်းအရုံးမှTEES ဆရာအဖြစ်ခန့်အပ်ထားခြင်းခံရပြီး ၂၀၁၇ ခုနှစ်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်၊ မန်ကျော့ကျေးရွာတွင် နေရာချထားခြင်းခံခဲ့ရသည်။

ကျေးရွာသို့သူမနှင့် လုပ်ဖော်ကိုင်ဖက်ဆရာမများစတင်ရောက်ရှိချိန်တွင်မူ ၎င်းတို့အပေါ် ရွာသားများက လက်နက်ကိုင်အဖွဲ့ ကလေးစစ်သားစုဆောင်းမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်စုဆောင်းရန်ရောက်ရှိလာသည်ဟု ထင်မြင်ယူဆကာ နားလည်မှု လွဲမှားခဲ့ကြသည်။

သူမအနေဖြင့် ကျေးရွာ၌စတင်စာသင်ကြားပေးချိန်တွင် ရွာရှိမိဘများမှာ ပညာရေး၏တန်ဖိုးကို မသိကြဘဲ ၎င်းတို့၏ သားသမီးများကို လယ်ယာလုပ်ငန်းခွင်၌သာ ဝင်ရောက်လုပ်ကိုင်ရန်ပြောဆိုကြသည်။ ကနဦးတွင် ကလေးငယ်လေးဦးသာ စာသင်ကြားရန် ကျောင်းသို့တက်ရောက်ခဲ့သည်။ သို့သော်လည်း သူမသည် ကလေးငယ်များ၏မိဘများနှင့်မကြာခဏ လတိုင်းလိုလို တွေ့ဆုံ၍ သူတို့၏သားသမီးများကိုကျောင်းထားလာစေရန်တိုက်တွန်းပြောဆိုခဲ့သည်။ သူမအနေဖြင့် TEES ဆရာမတစ်ဦးမဖြစ်မီကမူ ယင်းကဲ့သို့ လူအများနှင့် စကားပြောဆိုရန်ယုံကြည်မှုမရှိခဲ့ပေ။

“ကိုယ့်မြို့ရွာကနေဝေးတဲ့တစ်နေရာကို သွားပြီးတော့ စာသင်ကြားပေးရတာမလွယ်ပါဘူး။ ကျွန်မတို့တအာင်းလူမျိုးတွေ အနေနဲ့ ဝေးလံခေါင်သီတဲ့နေရာမှာနေထိုင်ရတဲ့အပြင် ပညာရေးနဲ့ လူမှုဘဝနိမ့်ကျတာတွေကြောင့်လည်း ကျွန်မအရမ်း စိတ်မကောင်းဖြစ်ရတယ်။ စာသင်ကြားခြင်းက ကျွန်မရဲ့ဝါသနာဖြစ်တာကြောင့် ကျွန်မအဲဒီကိုစာသွားသင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ကျွန်မစသင်တုန်းကဆိုရင် ကျောင်းသားက လေးယောက်ပဲရှိတယ်။ ဆရာမတွေကကလေးတို့ ပညာတတ်ဖြစ်အောင် လာသင်ကြားပေးတာဖြစ်တယ်လို့ ကောင်းကောင်းမွန်မွန်နဲ့ အခါခါပြောဆိုခဲ့ရတယ်။ နောက်ပိုင်းစာသင်နှစ်တွေမှာတော့ ကျောင်းသားတွေများလာပါတယ်”

သူမရဲ့ကြိုးပမ်းအားထုတ်မှု၏ ရလာဒ်အဖြစ် လွန်ခဲ့သည့်၂ နှစ်တာကာလအတွင်း ရပ်ရွာလူထုနှင့် ကျောင်းသား မိဘများက ၎င်းတို့၏ သားသမီးများပညာရေးအတွက် ထောက်ပံ့မှုများမှာ တိုးတက်လာခဲ့သည်။ ရွာသားများကလည်း သူတို့၏ကျန်းမာရေးပြဿနာများနှင့် ပွဲတော်အခမ်းအနားများကျင်းပရာတွင်လည်း သူမ၏အကြံအဉာဏ်ကိုရယူခဲ့ကြသည်။

 “ကျောင်းသားတွေအနေနဲ့ဘာသာရပ်အလိုက်ယှဉ်ပြိုင်နိုင်တာကိုမြင်လိုက်ရတဲ့အခါကျွန်မအနေနဲ့ အရမ်းကျေနပ်အားရမိတယ်။ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ဘာသာရပ်တွေမှာ အမှတ်များများရတယ်ဆိုရင် ကျွန်မကဆု ချီးမြှင့်ပေးခဲ့တယ်။ စာမကြိုးစားတဲ့ကျောင်းသားတွေအနေနဲ့လည်း ဒါကိုမြင်ပြီး သူတို့ကြိုးစားလာကြတယ်”

TEES ဆရာမတစ်ဦးအနေဖြင့်   ကျောင်းသားများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့အပေါ်မူတည်၍ ကျောင်းသားများ၏ ပညာသင်ကြားရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည့်အပေါ်တွင်လည်း များစွာကျေနပ်အားရရကြောင်း ပြောကြားခဲ့သည်။

သူမ၏၂ နှစ်တာ သင်ကြားမှု အတွေ့အကြုံများသည်လည်း အနာဂတ်တွင် တအာင်းအသိုင်းအဝိုင်း၌ အစိုးရအသိအမှတ်ပြု ဆရာတစ်ဦးဖြစ်လာစေရန် ယုံကြည်ချက်နှင့် မျှော်လင့်ချက်များစွာကို ဆောင်ကျဥ်းပေးလျက်ရှိသည်။


Written By: Saw Min Zaw Htay, RISE

Photo: © 2018 RISE | Saw Eh Htoo Wah