Nang San Noon’s Story: Growing Mushrooms in Northern Shan State

17 years old, Nang San Noon is living in Lashio Township, Northern Shan State. She has 4 family members, and her parents are working as farmers for their livelihood. In terms of education, Nang San Noon was only able to finish Grade 7. Then the COVID-19 pandemic hit, and she was no longer able to attend school.

A short time later, the BRIGHT project came to her village and introduced a vocational training program. Nang San Noon was interested in this training opportunity, and she decided to attend the mushroom training held in November 2021.

The Global Affairs Canada and ADRA Canada funded BRIGHT project is focusing on the vocational education of out-of-school children in remote areas.

“This training was very effective for me. I had dreamt of being able to grow mushrooms for sale at the markets and how to find and support my customers. I now know how to grow chemical free mushrooms and care for the environment with low capital.”

“Now, we have enough mushrooms to feed our family and can share some with our neighbours.”

Following the training, Nang San Noon shared her knowledge with other people in her village providing them with tips on how to grow mushrooms.

The BRIGHT project provides the seeds for growing mushrooms and the villagers contribute bamboo for building shelters where over 1,500 mushroom seeds are planted.

Nang San Noon is enthusiastic about starting her own mushroom nursery garden with the support of the BRIGHT project.

ရှမ်းပြည်မြောက်ပိုင်းတွင် မှိုစိုက်ပျိုးခြင်း

အသက် ၁၇ နှစ်အရွယ် မနန်းစံနွန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် နေထိုင်သူတစ်ဦးလည်းဖြစ်သည်။ သူမတွင် မိသားစုဝင်လေးဦးရှိပြီး သူမ၏မိဘများသည် တောင်ယာလုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းပြုကြသည်။

သူမသည် ပညာရေးအနေဖြင့် ၇ တန်းအထိ အောင်မြင်ပြီးမြောက်ခဲ့ပြီး COVID-19 ကပ်ရောဂါကြောင့် ကျောင်းဆက် မတက်နိုင်တော့ပေ။ များမကြာမီတွင် BRIGHT စီမံကိန်းသည် သူမတို့ရွာသို့ ရောက်ရှိလာပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို
မိတ်ဆက်ပေးခဲ့သည်။

သူမသည် အဆိုပါသင်တန်းသို့ တက်ရောက်ရန် စိတ်ဝင်စားခဲ့ရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်သည့် အခြေခံမှို စိုက်ပျိုးခြင်းဆိုင်ရာသင်တန်းသို့ တက်ရောက်နိုင်ခဲ့သည်။

Global Affairs Canada နှင့် ADRA Canada တို့မှ ရန်ပုံငွေပံ့ပိုးထားသော BRIGHT စီမံကိန်းသည် ဝေးလံခေါင်သီသော ဒေသများရှိ ကျောင်းပြင်ပကလေးများ၏ အသက်မွေးဝမ်းကြောင်းပညာရေးကို အဓိကထားဆောင်ရွက်နေခြင်းဖြစ်သည်။

“ဒီသင်တန်းက ကျွန်မတို့အတွက် အရမ်းထိရောက်တယ်။ စျေးကွက်မှာရောင်းဖို့ မှိုစိုက်ပျိုးဖို့နဲ့ ဖောက်သည်တွေကို ဘယ်လိုရှာပြီး စျေးကွက်ရအောင်လုပ်ရမလဲဆိုတာကို စိတ်ကူးရှိခဲ့ဖူးတယ်။ အခုဆို ဓာတုကင်းစင်တဲ့ မှိုတွေ စိုက်ပျိုးနည်းနဲ့ အရင်းအနှီးနည်းတဲ့ ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်နည်းတွေကိုလည်း ကျွန်မအနေနဲ့ သိလာပါပြီ။ နောက်ပြီးမိသားစုစားဖို့အတွက်လည်း မှိုအလုံအလောက်ရနေပါပြီ။ ဒါ့အပြင်ကျွန်မတို့အိမ်နီးနားချင်းတွေနဲ့လည်း ဝေမျှစားလို့ရနေပါပြီ”

မှိုသင်တန်းပြီးဆုံးချိန်တွင်တော့ သူမအနေဖြင့် မှိုစိုက်ပျိုးနည်းလမ်းများကို ကျေးရွာရှိ အခြားသူများနှင့်လည်း အတူတကွ ပြန်လည်မျှဝေခဲ့သည်။ BRIGHT စီမံကိန်းအနေဖြင့်လည်း တစ်ဖက်တစ်လှမ်းမှနေ၍ မှိုမျိုးစေ့များကို ထောက်ပံ့ပေးပြီး ရွာသူရွာသားများကလည်း မှိုများစွာစိုက်ပျိုးမွေးမြူထားနိုင်သော မှိုစိုက်ပျိုးရေးအိမ်တစ်လုံးတည်ဆောက်နိုင်ရန်အတွက် လိုအပ်သောဝါးများကို ပံ့ပိုးကူညီပေးကြသည်ဖြစ်သည်။

ယခုအခါတွင် သူမအနေဖြင့် BRIGHT စီမံကိန်း၏ ပံ့ပိုးကူညီပေးမှုဖြင့် သူမ၏ကိုယ်ပိုင် မှိုပျိုးဥယျာဉ်လေးတစ်ခုကို တည်ထောင်နိုင်ရန်လည်းများစွာပင် စိတ်အားထက်သန်လျက်ရှိသည်။

 ဒီသင်တန်းကို တက်ခိုင်းတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ရွာမှာ ဒီလိုအသက်မွေးဝမ်းကျောင်းပညာရေးကို ပံ့ပိုးပေးတဲ့ အလှူရှင်နဲ့ ADRAကိုလည်း ကျေးဇူးတင်ပါတယ်။


Written By: Htay Htay Myint, Education Officer, BRIGHT Project

Edited By: Emma McCrow, Regional Communications Coordinator

Translated By: Pyae Phyo Lin, Communications Officer

Photo: © 2021 ADRA Myanmar | BRIGHT Project