30 years old, Ngun Thang, who lives in Matupi Township, Southern Chin State, is a Sloping Agricultural Land Technology (SALT) farmer, cultivating his two acres of SALT farmland. He heads a three-member family, including his wife, mother, and himself, and takes care of his elderly mother.
He was formerly a typical small-scale Chin farmer, running the family’s livelihood based on slash and burn agricultural practice, which is considered to be unsustainable for agricultural land management and degradable for the environment.
With the introduction of SALT by the MFAT and ADRA New Zealand funded SURE (Sustainable Rural Economic Development Project) in late 2019, he took a special interest in the agricultural practices entailed by SALT because he learned from the project that he could have more complete management of the soil in his plot and he could sustain it by always regenerating the soil of the farmland for longer-term use.
In the farmland plot, perennial crops like avocado, chili, and lime, planted last fall, are seen thriving, with a survival rate of 76% with avocado and 75% with lime.
He intends to plant 280 coffee seedlings and 25 more avocado seedlings from his home-grown nursery in the rainy season. Besides, there are some more seeds of crops like 40 bags of avocado, one tin of coffee, and three vises of elephant foot yam already grown and under nurtured in the nursery.
He received the support of 21 coils of barbed wire and 4 coils of soft water pipes from the project.
The total harvest he achieved in the last harvest season from the farmland was: 12 baskets of sweet corn and a sale of 250,000 MMK worth of elephant foot yam. His transition from Slash and Burn to SALT permanent gardening is not yet full-fledged. He hopes his transition to SALT is completed in a couple of years, materializing his ultimate dream of economic gain and of fulfilling the needs of the family.
“I hope the perennial crops in the plot will bring us a passive income in the near future.”
စိုက်ပျိုးရေး အနာဂတ်သစ်ကို တည်ထောင်ခြင်း
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် ကိုငွန်ထန်းသည် SALT နည်းလမ်းဖြင့် စိုက်ပျိုးလုပ်ကိုင်နေသည့်
တောင်သူတစ်ဦးဖြစ်ပြီး သူပိုင်ဆိုင်သောမြေနှစ်ဧကတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ သူသည်အိမ်ထောင်ဦးစီးတစ်ဦးအနေဖြင့် သူ၏ဇနီးနှင့်အတူ အသက်အရွယ်ကြီးမြင့်ပြီဖြစ်သော မိခင်ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။ သူသည်ယခင်က သာမန်တောင်သူတစ်ဦးဖြစ်ပြီး ခုတ်ထွင်မီးရှို့သည့် လယ်ယာလုပ်ငန်းကို အခြေခံ၍ မိသားစုစားဝတ်နေရေးကို စီမံဆောင်ရွက်နေသည်မှာ လယ်ယာမြေစီမံခန့်ခွဲမှုအတွက် ရေရှည်မတည် တံ့နိုင်ဘဲ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေသည်ဟု သူ့အနေနှင့် ယူဆမိလာသည်။
၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် MFAT နှင့် ADRA New Zealand မှ ရန်ပုံငွေထောက်ပံ့ပေးထားသော SURE (ရေရှည်တည်တံ့သော ကျေးလက်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း) မှ MFAT နှင့် ADRA New Zealand မှ SALT စိုက်ပျိုးနည်းစနစ်ကို မိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် SALT၏
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များကို ပိုမိုစိတ်ဝင်စားလာခဲ့ပြီး လယ်မြေ၏ မြေဆီလွှာကို ရေရှည်အသုံးပြုနိုင်စေရန်အတွက် လယ်ယာမြေ၏ မြေဆီလွှာထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများကိုလည်း စီမံကိန်းထံမှလည်း သင်ယူနိုင်ခဲ့သည်။ သူ၏လယ်မြေပေါ်တွင် ထောပတ်သီး၊ ငရုတ်၊ သံပရာကဲ့သို့သော နှစ်ရှည်သီးနှံများ စိုက်ပျိုးပြီး ဖြစ်ထွန်းရှင်သန်မှုနှုန်းမှာလည်း ထောပတ်သီးတွင် ၇၆ ရာခိုင်နှုန်း သံပရာစိုက်ပျိုးမှုတွင် ၇၅ ရာခိုင်နှုန်းခန့် ဖြစ်ထွန်းခဲ့သည်ဖြစ်သည်။
မိုးရာသီတွင်လည်း ၎င်း၏နေအိမ်ပျိုးခင်းမှ ကော်ဖီပျိုးပင် ၂၈၀ နှင့် ထောပတ်သီး ၂၅ စေ့ကို ထပ်မံစိုက်ပျိုးရန် ရည်ရွယ်ထားသည်။ ထို့ပြင် ထောပတ်သီးအစေ့ အိတ် ၄၀ ၊ ကော်ဖီစေ့ တစ်ဘူးခန့်နှင့် ပျိုးခင်းတွင် ပျိုးထောင်ပြီးသော ဝဥ သုံးပိဿာကဲ့သို့သော သီးနှံမျိုးစေ့အချို့လည်း စိုက်ပျိုးရန် ကျန်ရှိနေသေးသည်။
စီမံကိန်းထံမှလည်း သံနန်းကြိုးအခွေ ၂၁ ခွေနှင့် ရေပိုက်ပျော့ ၄ ခွေတို့ကိုလည်း အထောက်အပံ့အနေနှင့် ရရှိခဲ့သည်။ ပြီးခဲ့သည့် ရိတ်သိမ်းရာသီတွင်လည်း သူ၏လယ်မြေမှ ပြောင်း ၁၂ တင်းကျော် ရိတ်သိမ်းခူးဆွတ်နိုင်ခဲ့ပြီး ဝဥ ကျပ် ၂ သိန်းခွဲကျော်ဖိုးကိုလည်း ရောင်းချနိုင်ခဲ့ရသည်။
သူ၏တောင်ယာမီးရှို့ခုတ်ထွင်စိုက်ပျိုးမှုမှသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်သော SALT စိုက်ပျိုးခြင်းသို့ ပြောင်းလဲရာတွင် အလုံးစုံပြီးပြည့်စုံခြင်း မရှိသေးသော်လည်း ၎င်း၏ SALT စိုက်ပျိုးရေးသို့ ကူးပြောင်းမှုသည် နှစ်အနည်းငယ်အတွင်း ပြီးမြောက်နိုင်မည်ဟု သူ့အနေဖြင့်လည်း မျှော်လင့်ထားသည်။
“မြေယာထဲက နှစ်ရှည်သီးနှံတွေက မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော်တို့ကို ဝင်ငွေကောင်းစေမယ်လို့ မျှော်လင့်ပါတယ်။”
Written By: David Cung Lan Thang | M&E Officer | SURE/ SHAPE
Edited By: Pyae Phyo Lin, Communications Officer
Photo: © 2022 ADRA Myanmar | David Cung Lan Thang