Saw Hein’s Story: Supporting Vocational Training in Kayin State

Saw Hein is the sixth son of 12 siblings having 14 family members altogether. To earn an income, his family grows seasonal fruits and vegetables.

Due to his families situation, Saw Hein had to drop out of school from Grade 6 to work as a mason in order to support his family’s income.

“At that time, I was willing to study welding skills, but I didn’t have enough money to pay the training fees.”

When Saw Hein heard about ADRA Myanmar’s SEAQE2 project funded by Norad and ADRA Norway offering some vocational training in Kayin State, he grasped at the opportunity to enroll in iron welding as a student in Batch 3.

After attending this training, he continued to study steel welding in
Batch 1.

“When I was selected for the short course, I was very happy”

As a part of the short course, the internship program which follows training has been effective for students to learn through experience and practical means, real world knowledge on how to apply the skills they learnt.

Saw Hein was so happy and delighted to gain more knowledge and experience about welding thanks to the SEAQE2 project.

Following training, Saw Hein received 250,000 kyats from the SEAQE2 project in order to set up his own business with other financial support.

Saw Hein feels this training has helped him in more ways than one. He believes the experience he has gained will support him to further his career.

“Thank you. Now, I can stand as a self-employed person. I have decided to extend my business in the future and I will accept and share my knowledge with the trainees who are willing to learn”

ကရင်ပြည်နယ်တွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပံ့ပိုးကူညီခြင်း

ကိုစောဟိန်းသည် မိသားစုဝင် ၁၄ ဦးရှိပြီး မွေးချင်း ၁၂ ဦးအနက် ခြောက်ယောက်မြောက် သားလည်း ဖြစ်သည်။ ၎င်းတို့မိသားစု အသက်မွေးဝမ်းကျောင်းအတွက် ရာသီအလိုက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးသည်။ မိသားစုအခြေအနေအရပ်ရပ်တို့ကြောင့် သူသည် ပညာရေးမှာ ခြောက်တန်းနှင့်ပင် ကျောင်းထွက်ခဲ့ရသည်။ သူသည် ပန်းရန်လုပ်သားအဖြစ် လုပ်ကိုင်ပြီး မိသားစု၏၀င်ငွေကို တစ်ဖက်တစ်လှမ်းက ကူညီခဲ့သည်။

“အဲဒီအချိန်တုန်းက ဂဟေဆက်ကျွမ်းကျင်မှုကို သင်ယူဖို့ ဆန္ဒရှိပေမယ့် သင်တန်းကြေးပေးဖို့ ပိုက်ဆံမရှိခဲ့ပါဘူး”

ယင်းနောက်တွင် ကရင်ပြည်နယ်တွင် သက်မွေးဝမ်းကျောင်းသင်တန်းအချို့ကို ပို့ချပေးနေသည့် ADRA Myanmar ၏ SEAQE2 ပရောဂျက်အကြောင်းကို ကိုစောဟိန်း ကြားသိခဲ့ရသည်။ ထို့နောက် သံဂဟေဆက်သင်တန်းအမှတ်စဉ် ၃ သို့ သင်တန်းတက်ရောက်ခွင့်ရရန် သူ့အနေဖြင့် ကြိုးစားခဲ့သည်။ ဤသင်တန်းကို တက်ရောက်ပြီးနောက် စတီးလ်ဂဟေဆက်သင်တန်းကို ဆက်လက်လေ့လာခဲ့သည်။

“ရက်တိုသင်တန်းအတွက် ရွေးချယ်ခံရတော့ ကျွန်တော်အရမ်းဝမ်းသာမိပါတယ်”

ထို့ပြင် သင်တန်းမှ ပံ့ပိုးပေးသော Internship အစီအစဉ်မှာလည်း ထိရောက်မှုရှိပြီး ကျောင်းသားများအနေဖြင့် လက်တွေ့အသုံးချခြင်းနှင့် ပတ်သက်၍ အသိပညာနှင့် အတွေ့အကြုံများစွာကို လေ့လာနိုင်သည်ဟု ၄င်းကယူဆထားသည်။

ကိုစောဟိန်းအနေဖြင့် Norad နှင့် ADRA Norway မှ ရန်ပုံငွေထောက်ပံ့ထားသော SEAQE2 စီမံကိန်းမှတစ်ဆင့် ရက်တိုသင်တန်း ဂဟေဆက်သင်တန်းကို တက်ရောက်နိုင်ခဲ့ပြီး သင်တန်းမှပို့ချပေးသော ဂဟေဆက်ခြင်းဆိုင်ရာ အသိပညာဗဟုသုတနှင့် အတွေ့အကြုံများကို သိရှိခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။

သင်တန်းပြီးဆုံးချိန်တွင် သူ့အနေဖြင့် SEAQE2 စီမံကိန်းမှ ပံ့ပိုးငွေကျပ် ၂၅၀,၀၀၀ ရရှိခဲ့ပြီး အခြားငွေကြေးပံ့ပိုးမှုများဖြင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်နိုင်ခဲ့သည်။ သူ့အနေဖြင့်လည်း ယင်းသင်တန်းသည် သူ့ဘဝအသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် နည်းလမ်းမျိုးစုံနှင့် ကူညီပေးနိုင်ခဲ့သည်ဟုလည်း ယုံကြည်ထားသည်။

“ကျေးဇူးတင်ပါတယ်။ အခုဆို ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်ပါပြီ။ အနာဂတ်မှာလည်း လုပ်ငန်းတိုးချဲ့ဖို့ ဆုံးဖြတ်ထားပြီးတော့ ဒီအတတ်ပညာကို သင်ယူလိုတဲ့ သင်တန်းသားတွေကိုလည်း လက်ခံပြီး မျှဝေပေးသွားမှာပါ”

    

Written By: Khun Win Ko Ko Oo | Assistant Welding Trainer| SEAQE2 Project

Editor/ Translator By: Pyae Phyo Lin, Communications Officer

Photo: © 2021 ADRA Myanmar |  SEAQE2 Project