Saw Htee Kuh Wah’s Story: No one can Steal your Knowledge or Understanding

“Learning is a lifelong process. I love to learn. It’s a great opportunity for me to learn different methods and strategies of how to upgrade our teachers and classroom models.”

Raised from a Christian family background, Saw Htee Khu Wah grew up with his mother, 2 brothers and 3 sisters. His father passed away when he was in third standard putting a strain on the family. Thankfully, Saw Htee Khu Wah was able to attend college and obtain a degree moving to the South East Adventist Seminary located in Hpa-An, Kayin State to work as a teacher. 

After five years of teaching, he was appointed ACS Field Coordinator and moved to Maylamyaing to start a new job. At the time, he did not have enough skills or work experience to fulfill the role well. Saw Htee Kuh Wah felt he needed more training for his own development in leadership skills. 

Through the Norad and ADRA Norway funded SEAQE2 project, Saw Htee Kuh Wah was able to attend 21st century skills, child protection, disaster risk reduction (DRR), comprehensive safety school (CSS) trainings and complete Zabai e-learning courses online. Saw Htee Kuh Wah was so happy and delighted to know more about education programs from around the world through the SEAQE2 project. 

Following this, he conducted three training sessions with ACS schools using the materials provided by the training sessions he had attended. Once restrictions ease from COVID-19, he plans to conduct more trainings at different ACS schools. 

Saw Htee Kuh Wah feels this training has helped him in more ways than one because someone can not take away or steal his knowledge and understanding. He believes this experience he has gained will support him to further his career and is the kind of person who loves to promote effective teaching in the community schools. 

စောထီးခူဝါး၏ ဘဝဇာတ်ကြောင်း – ပညာရွှေအိုး လူမခိုး

“သင်ယူလေ့လာမှုတွေကတော့ ဘယ်တော့မှပြီးဆုံးမှာမဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့လည်း သင်ယူလေ့လာရတာကို ကြိုက်ပါတယ်။ ကျွန်တော်တို့ဆရာတွေနဲ့ စာသင်ခန်းကို ဘယ်လိုအဆင့်မြှင့်တင်မလဲဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ မဟာဗျူဟာတွေကို လေ့လာဖို့ ကျွန်တော့အတွက်တော့ ဒါဟာအလွန်ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ”

ခရစ်ယာန်မိသားစုမှ မွေးဖွားလာသည့် စောထီးခူဝါးသည် သူ၏မိခင်၊ အစ်ကိုနှစ်ဦးနှင့် ညီမသုံးဦးတို့နှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူ၏ဖခင်ဖြစ်သူမှာ သူသုံးတန်းအရွယ်ကပင် ကွယ်လွန်ခဲ့သည်ဖြစ်သည်။ ထို့နောက်သူ့အနေဖြင့် တက္ကသိုလ်မှဘွဲ့ရရှိပြီး ကရင်ပြည်နယ်၊ ဘားအံရှိ South East Adventist Seminary သို့တက်ရောက်ခဲ့ကာ ထို့နောက်တွင် ဆရာအဖြစ်ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက်သူသည် ACS ကွင်းဆင်းညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခံရသောအခါ အလုပ်အသစ်အတွက် မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထိုအချိန်က သူအနေဖြင့် အလုပ်သဘောဆိုင်ရာကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံ အပြည့်အဝမရှိသေးသော်လည်း သူ၏ အခန်းကဏ္ဍကိုမူ ကောင်းစွာဖြည့်ဆည်းနိုင်ခဲ့သည်။ သူ၏အလုပ်တွင်လည်း ကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် သူသည်ပိုမိုလေ့ကျင့်ရန် လိုအပ်နေသေးသည်ဟုလည်း ခံယူထားသည်။

သူ့အနေဖြင့် Norad နှင့် ADRA Norway တို့က ရန်ပုံငွေထောက်ပံ့ထားသော SEAQE2 စီမံကိန်းမှတစ်ဆင့် ပို့ချသော၂၁ ရာစု ကျွမ်းကျင်မှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်လျှော့ချရေးသင်တန်း၊ CSS သင်တန်းများနှင့် အွန်လိုင်း သင်ကြားမှုများကိုလည်း တက်ရောက်သင်ကြားခဲ့ရသည်။ ယင်းသို့ စီမံကိန်းမှနေ၍ ကမ္ဘာတစ်ဝန်းမှပညာရေးအစီအစဉ်များ အကြောင်းကို ပိုမိုလေ့လာနိုင်သည့်အပေါ်တွင်လည်း သူ့အနေဖြင့်များစွာ ဝမ်းမြောက်ခဲ့ရသည်။

ထို့နောက်တွင် သူတက်ရောက်သင်ကြားခဲ့သော သင်တန်းများမှရရှိသည့်အရာများကို အသုံးချ၍ ACS ကျောင်းများနှင့် လေ့ကျင့်သင်တန်းရေးသင်တန်း သုံးခုကိုလည်း ပြုလုပ်ခဲ့သည်။ COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ပြီးပါကလည်း သူ့အနေဖြင့် ACS စာသင်ကျောင်းများတွင် သင်တန်းများပိုမိုပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေသည်။ သူ့အနေဖြင့် လေ့လာသင်ယူခဲ့သော ဗဟုသုတနှင့် နားလည်တတ်ကျွမ်းမှုများကို တစ်စုံတစ်ယောက်က ခိုးယူ၍မရနိုင်ကြောင်း ‘ပညာရွှေအိုး လူမခိုးနိုင်’ကြောင်း သင်ယူတတ်မြောက်မှုနှင့် အတွေ့အကြုံများသည် သူ၏ဘဝအတွက်များစွာ အထောက်အကူပြုသည်ဟုလည်း နားလည်လက်ခံထားသည်။

ယင်းကြောင့်သူရရှိခဲ့သောအတွေ့အကြုံများသည် သူ၏အသက်မွေးဝမ်းကျောင်းမှုအတွက် များစွာအထောက်အကူပြုနိုင်ပြီး ရပ်ရွာကျောင်းများတွင်လည်း သင်ကြားရေးကို ထိရောက်စွာမြှင့်တင်ဆောင်ရွက်ပေးနိုင်သောသူတစ်ဦး ဖြစ်လာနိုင်မည်ဟုလည်း သူ့အနေဖြင့် ယုံကြည်ထားသည်။

 


Original Story provided by SEAQE2 Project

Edited By: Emma McCrow, Communications Coordinator

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2020 ADRA Myanmar | ACS