SEAQE2 Project Distributes Hygiene Kits in Response to COVID-19

On 12 October 2020, the Norad and ADRA Norway funded SEAQE2 project participated in a distribution of prevention based hygiene kits and awareness raising for the Pre-International Day for Disaster Risk Reduction (DRR) in response to COVID-19.

The activity was led by the Department of Disaster Management (DDM) in Kayin State in collaboration with DRR working group members including; the Red Cross, Section Leaders and ADRA Myanmar.

Supplies of masks, hand gel and face shields were distributed to beneficiaries in 5 public areas around Hpa-An, Kayin State of which the SEAQE2 project financed and contributed 200 hand gels (100ml) and 10,000 disposable masks for the event.

ADRA Myanmar staff from the Hpa-An sub office including SEAQE2 and AEON5 projects participated in the distribution alongside DDM and DRR working group members.

ADRA Myanmar continues to respond to COVID-19 around the country through distributions of food and medical supplies, awareness raising and collaborations with local partners and government ministries through a number of projects thanks to the kind support of our donors and reallocation of funding.

COVID-19 တုံ့ပြန်ရေးအတွက် SEAQE2 စီမံကိန်းက ကျန်းမာရေးဆိုင်ရာပစ္စည်းများဖြန့်ဝေခြင်း

Norad နှင့် ADRA Norway ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော SEAQE2 စီမံကိန်းသည် COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် တစ်ကိုယ်ရည်သုံး ကျန်းမာရေးဆိုင်ရာပစ္စည်းများကို ဖြန့်ဝေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါတုံ့ပြန်ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့တို့အတွက် ရည်ရွယ်ကျင်းပပြုလုပ်သော ကျန်းမာရေးဆိုင်ရာ အသိပညာပေး မြှင့်တင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါပါလှုပ်ရှားမှုကို ကရင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(DDM) က ဦီးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် ADRA Myanmar တို့က အတူတစ်ကွပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ နေရာငါးခုတွင် နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များနှင့် face shields များကို အများပြည်သူထံသို့ ဖြန့်ဝေပေးခဲ့ပြီး SEAQE2 စီမံကိန်းအနေဖြင့်လည်း အဆိုပါလှုပ်ရှားမှုအတွက် (100ml) ပါ လက်သန့်စင်ဆေးရည်ဘူးအရေအတွက်၂၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်းအခုရေ ၁၀,၀၀၀ ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ADRA Myanmar ဘားအံရုံးခွဲမှ SEAQE2 နှင့် AEON5 စီမံကိန်းဝန်ထမ်းများသည်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(DDM)နှင့် DRR လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အဆိုပါဖြန့်ဝေမှုအတွင်း၌ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

ADRA Myanmar အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကိုတုံ့ပြန်ကာကွယ်သောအားဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါး အထောက်အပံ့များဖြန့်ဖြူးပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာများမြှင့်တင်ပေးခြင်းစသည့်တို့ကို ဒေသတွင်းရှိ မိတ်ဖက်အဖွဲ့အစည်များ၊ အစိုးရဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စီမံကိန်းများမှတစ်ဆင့် ဆက်လက်တုံ့ပြန်ဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့လုပ်ဆောင်နိုင်ရန်အတွက်လည်း ကျွန်ုပ်တို့၏အလှူရှင်များ၏ ထောက်ပံ့မှုများနှင့် ရန်ပုံငွေပြန်လည်ခွဲဝေမှုများမှာလည်း ကျေးဇူးတင်စရာပင်ဖြစ်ပါသည်။   


*Originally Reported By: Saw William Po, SEAQE2 & VESI Project Director

Written By: Emma McCrow, Communications Officer

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2020 ADRA Myanmar | Saw Win Lay