Seng Pri’s Story: Former Medical Student Turned IDP still Believes in the Value of Education

Education is very important to our family. I want my children to be educated. My mother also knows education is very important.”

When I was 17 I was studying medicine at a training school in Li Zar City. A few months later, conflict started with planes striking down from the air. We ran for safety and went into hiding, but soon relocated to ShweZet IDP camp.

After a while, my mother was unhappy and moved back to the village leaving my brother, sister and I in the camp. I worry about my mother. When I see a plane, I get scared and cry.

After a few years, I met my husband and we married. Now I am 25 years old living here for 5 years with 2 children. Over 500 people live here in 99 households. Before the conflict, my education was good, but now our life is difficult. I volunteer as a child case worker and my husband runs barbershop, but it is not enough to make ends meet.

Seng Pri teaching her daughter how to wash hands following WASH training in the project

Soon we heard of the SCAIDP project providing cash assistance and WASH. The WASH activities are good and I have gained a lot of knowledge. I am always actively involved.

Seng Pri receiving cash assistance from KBC staff in ShweZet IDP camp

My children are frequently ill, and it is difficult to go to the hospital or clinic. Since the project supported us, we can now buy medicine and other necessary items like oil, rice and clothes. In year one I received 100,000 MMK. Last year we received 50,000 MMK and 10,000 MMK each month for maternity, and this year 55,000 MMK. This support reduces our difficulties.

Washing clothes in the designated wash area with water from the well and soap provided by the project

Education is very important to our family. I want my children to be educated. My mother also knows education is very important. She used to sell oranges and cows to pay for our education. She has always been a good mother to us. Now, if we live in the IDP camp, sometimes we can get support. My brother and sister have both passed their matriculation exam and my daughter attends KG in the camp, so this is good for our family. Thank you to ADRA and the donor.

Cooking nutritious meals for her family

ဆိုင်းပရီ၏ ဇာတ်ကြောင်း- ပညာ၏တန်ဖိုးကို ယုံကြည်သည့် စစ်ရှောင်ဒုက္ခသည် ဆေးကျောင်းသူဟောင်း

ကျွန်မအသက် ၁၇ နှစ်အရွယ်မှာ လိုင်ဇာမြို့က ဒေသဆိုင်ရာဆေးသင်တန်းကျောင်းတစ်ခုမှာ ဆေးပညာကိုသင်ကြားခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးတဲ့နောက်မှာ ပဋိပက္ခတွေစတင်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်တာတွေ ရှိလာခဲ့တယ်။ကျွန်မတို့အနေနဲ့ လုံခြုံနဲ့နေရာမှာ ပုန်းအောင်းခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရွှေစက်စစ်ရှောင်ဒုက္ခသည်စခန်းကို ရောက်ရှိလာပါတယ်။

အမေကတော့ စခန်းမှာနေရတာကို မပျော်လို့ မောင်လေးနဲ့ ညီမလေးတို့ကိုဒီမှာထားပြီးတော့ ရွာကိုပြန်သွားပါတယ်။ အမေ့အတွက်လည်း အရမ်းစိုးရိမ်မိပါတယ်။ ကျွန်မဆိုရင် လေယာဉ်မြင်တာနဲ့ကြောက်ပြီး ငိုငိုနေမိပါတယ်။

နှစ်အနည်းငယ်အကြာမှာတော့ ကျွန်မအမျိုးသားနဲ့တွေ့ပြီးလက်ထပ်ခဲ့ပါတယ်။ ကလေးနှစ်ယောက်နဲ့ ဒီမှာငါးနှစ်ကြာနေခဲ့ပါတယ်။ ဒီစခန်းမှာက အိမ်ထောင်စုပေါင်း ၉၉ စု၊ လူပေါင်း ၅၀၀ လောက်နေထိုင်နေပါတယ်။ ပဋိပက္ခတွေမဖြစ်ခင်တုန်းကတော့ ကျွန်မရဲ့ ပညာရေးက ကောင်းမွန်ခဲ့ပါတယ်။ အခုတော့လည်း ကျွန်မဘဝက အခက်အခဲတွေနဲ့ပါ။ ကျွန်မက ကလေးအရေးနဲ့ပတ်သက်ပြီး စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ပါတယ်။ ကျွန်မအမျိုးသားက ဆံပင်ညှပ်တာလုပ်ပါတယ်။ ဒါပေမဲ့ဒါကမိသားစုအတွက် အရမ်းကြီးမလုံလောက်ပါဘူး။

မကြာမီမှာပဲ ကျွန်မ SCAIDP စီမံကိန်းကနေ WASH နဲ့ ငွေ ကြေးထောက် ပံ့မှု ပေးတယ် ဆို တာ ကြားသိ ခဲ့ရတယ် ။WASH ရဲ့လုပ်ဆောင်မှုတွေကလည်း ကျွန်မတို့အတွက် အရမ်းကို ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့လည်း လှုပ်ရှားမှုတွေတိုင်းမှာ အမြဲတက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မကလေးတွေက မကြာခဏနေမကောင်းဖြစ်တတ်တော့ ဆေးရုံတို့ဆေးခန်းတို့ကို သွားဖို့ခက်တယ်။ ဒီစီမံကိန်းက ကျွန်တော်တို့ကို ငွေကြေးထောက်ပံ့ပေးတာကြောင့် အခုဆို ဆန်၊ ဆီနဲ့ အဝတ်အထည်တို့လို တခြားအိမ်အတွက်လိုအပ်တာလေးတွေကို ဝယ်ယူလို့ရပါတယ်။ ကျွန်မတို့ မိသားစုဆိုလည်း ပထမတစ်နှစ်မှာ တစ်သိန်းရပါတယ်။ နောက်နှစ်တွေမှာတော့ ငါးသောင်းရပါတယ်။ ပြီးခဲ့တဲ့နှစ်က မီးဖွားစရိတ်အတွက် တစ်လကို တစ်သောင်းနှုန်းနဲ့ ရပါတယ်။ ဒီနှစ်အတွက်ကတော့ ငါးသောင်းကျပ်ရပါတယ်။ ဒီလိုပံ့ပိုးပေးတာကြောင့် ကျွန်မတို့ရဲ့ အခက်အခဲတွေကို လျော့နည်းသွားစေပါတယ်။

ပညာရေးက ကျွန်မတို့မိသားစုအတွက် အရမ်းကိုအရေးကြီးပါတယ်။ ကျွန်မကလေးတွေကိုလည်း ပညာတတ်စေချင်ပါတယ်။ အမေလည်း ပညာရေးက အရေးကြီးတယ်ဆိုတာသိတယ်။ ကျွန်မတို့ပညာသင်ဖို့အတွက် သူလိမ္မော်ခြံတွေနဲ့ နွားတွေကိုလည်း ရောင်းပေးခဲ့တယ်။ ကျွန်မတို့အတွက်တော့ အမေကမိခင်ကောင်းတစ်ယောက်ပါ။ အခုကျွန်မတို့ဒီစစ်ရှောင်စခန်းမှာနေချိန်မှာ တစ်ခါတစ်လေ ထောက်ပံ့မှုတွေ ရနိုင်ပါတယ်။ ကျွန်မမောင်လေးနဲ့ ညီမတို့ကလည်း စာမေးပွဲအောင်ပြီးပြီ သမီးလေးကလည်း KG တက်နေပါတယ်။ ဒါကကျွန်မတို့မိသားစုအတွက် ကောင်းပါတယ်။ ဒါကြောင့် ADRA နဲ့ အလှူရှင်တို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။


Written By: Emma McCrow, Communications Officer & Pyae Phyo Lin, Communications Assistant

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2019 ADRA Myanmar | Emma McCrow & Pyae Phyo Lin