Sinthia’s Story: Building A Better Learning Environment

9 year old Naw Sinthia, currently attending Grade 3, lives in a one of the village, Hlaing Bwe Township, Kayin State. She has 5 family members including her father, mother and 3 siblings. 

Due to conflict and no education opportunities in her native village, Sinthia and two of her siblings migrated to a village to live with her aunt where she was able to attend the local school. Her parents and one of her younger siblings remained in their home village.

“Learning was very difficult. It was very noisy and difficult to pay attention to studies as the classroom did not have walls to separate rooms for each grade,” said Sinthia.

Currently, there are 4 teachers attending to over 40 students in the school. Previously, the environment was not conducive to learning as the school building was too small to accommodate the number of students. The latrines were also unsuitable and would often leak from the roof during the rainy season. 

Through the MOFA project, ADRA supported the construction of a new school building and provided teaching and learning materials as well as hygiene kits to the students and teachers. 

“I always pray for my friends still living in my native village for safety and access to a secure learning environment. I am really thankful from the bottom of my heart and cannot express how happy I am in this safe learning environment.”

ADRA also conducted Hygiene Awareness training, selection of Hygiene Promoters, and established Hygiene Promotion Committees which in-turn formed Hygiene Peer to Peer training for students, parents and caregivers.

Now, children can learn freely in a wide open space all year round. They can create and enhance their learning in a new environment.

“I wish to be a good teacher in the future. Thank you to the village leaders and teachers for accepting a refugee like me. Thank you also to ADRA and the donors for creating a safe and secure learning environment.”

ပိုမိုကောင်းမွန်သော သင်ကြားရေး ပတ်ဝန်းကျင် ဖန်တီးခြင်း

အသက် ၉ နှစ်အရွယ် နော်စင်သီယာသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လက်ရှိနေထိုင်လျက်ရှိပြီး သုံးတန်းကျောင်းသူတစ်ဦးလည်းဖြစ်သည်။ သူမတွင် မိဘများအပါအဝင် မိသားစုဝင် ခြောက်ဦးရှိသည်။ သူမသည် ယခင်က ကရင်ပြည်နယ်၊ သံတောင်တွင် နေထိုင်သည်လည်းဖြစ်သည်။

ပဋိပက္ခများနှင့် လုံခြုံမှုမရှိသောကြောင့် ၎င်းတို့၏ ဇာတိရွာတွင် စာသင်ကျောင်းမှာ မဖွင့်နိုင်ပေ။ ယင်းကြောင့်သူမသည် မောင်နှစ်မနှစ်ဦးနှင့်အတူ လက်ရှိနေထိုင်သော ကျေးရွာသို့ပြောင်းရွှေ့နေထိုင်ရပြီး ကျောင်းတက်နေရသည်လည်းဖြစ်သည်။ သူမ၏ မိဘနှစ်ပါးများကမူ ဇာတိရွာတွင်နေထိုင်ကျန်ရစ်ခဲ့ပြီး လက်ရှိတွင် အဒေါ်ဖြစ်သူနှင့်အတူ ကျေးရွာတွင် နေထိုင်လျက်ရှိသည်။

“စာသင်ခန်းတွေက နံရံတွေကကပ်နေပြီး အတန်းတိုင်းအတွက် အခန်းတွေလည်း ခွဲမထားတာကြောင့် အရမ်းဆူညံပြီး စာကျက်ဖို့ အာရုံစိုက်လို့မရပါဘူး။ စာသင်ဖို့ အခက်အခဲတွေ ရှိပါတယ်” ဟု စင်သီယာက ပြောဆိုသည်။

လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ ၄၀ ကျော် တက်ရောက်နေပြီး စုစုပေါင်း သင်ကြားရေး ဆရာ၊ ဆရာမလေးဦး ရှိသည်။

သူမတို့သင်ကြားလျက်ရှိသော ကျေးရွာစာသင်ကျောင်းသည် ကျောင်းအဆောက်အအုံနေရာကျဉ်းခြင်းနှင့် ခေါင်မိုးများမှာလည်း မိုးမလုံခြင်းတို့ကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စာသင်ကြားရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ယခုအခါတွင် 

MOFA စီမံကိန်းမှတစ်ဆင့် ADRA သည် ကျောင်းအဆောက်အအုံအသစ်ဆောက်လုပ်နိုင်ရန် ပံ့ပိုးကူညီခဲ့ပြီး သင်ကြားမှု၊ သင်ယူမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးခဲ့သည်။ 

“ကျွန်မတို့ဇာတိရွာက သူငယ်ချင်းတွေလည်း ဘေးကင်းလုံခြုံတဲ့ သင်ကြားရေးပတ်ဝန်းကျင်တစ်ခုရဖို့ အမြဲဆုတောင်းပေးပါတယ်။ အခုလိုကျောင်းဆောက်ပေးတဲ့အတွက်လည်း တကယ်ကိုကျေးဇူးတင်ပါတယ်” 

ADRA အနေဖြင့်လည်း ကျောင်းသားများအား တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အသိပညာပေးသင်တန်းများပို့ချပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုမြှင့်တင်သူရွေးချယ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုမြှင့်တင်ရေးဆိုင်ရာကော်မတီများကို ဖွဲ့စည်းခြင်းနှင့် ရွေးချယ်ထားသော တစ်ကိုယ်ရေသန့်ရှင်းမှုမြှင့်တင်သူများမှ ကျောင်းသားများအား အုပ်စုဖွဲ့အသိပညာများဖြန့်ဝေခြင်း မိဘများနှင့် အုပ်ထိန်းသူများကို တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ရလဒ်များတင်ပြပေးခြင်းတို့ကိုလည်း စီမံကိန်းမှတစ်ဆင့် ဆောင်ရွက်ပေးခဲ့သည်။ 

ယခုအခါ ကျောင်းသားကျောင်းသူများသည် ပိုမိုကောင်းမွန်သော သင်ကြားရေးပတ်ဝန်းကျင်တွင် လွတ်လပ်စွာသင်ယူနိုင်ပြီဖြစ်သည်။ ထို့ပြင်ပိုမိုကောင်းမွန်သော သင်ကြားရေးပတ်ဝန်းကျင်အသစ်တွင် ၎င်းတို့၏ သင်ယူမှုကို ပိုမိုတိုးတက်လာစေရန် ဖန်တီးလာနေနိုင်ပြီလည်းဖြစ်သည်။ 

 “အနာဂတ်မှာ ဆရာကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ ကျွန်မတို့ကို လက်ခံကူညီပေးတဲ့ ကျေးရွာတာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေအပြင် ပိုကောင်းတဲ့သင်ကြားရေးပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးတဲ့ ADRA နဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်”


Written By: Win Win Thant | M&E Officer | MOFA Project

Edited By: Pyae Phyo Lin, Communications Officer

Photo: © 2022 ADRA Myanmar | Win Win Thant