SURE: Thriving Nurseries

The SURE project has made efforts to develop nurseries in 6 villages. With lockdown and travel restrictions imposed following the outbreak of COVID-19 in Myanmar, it has been impossible to visit the nurseries and monitor their progress. 

Thankfully due to technology, monitoring has been possible through the ADRA ‘EWs’ Extension Workers living and working in the villages by sending photos of the nurseries progress. 

Based on the photos, Win Lwin Phyo, SURE projects Natural Resource Management Officer, was able to identify the pest causing disease in Lungngo village nursery and what kind of treatment was required. The infected seedlings were separated from the seedbed and sprayed with organic pesticide. 

In Sempi village nursery, extreme heat had led the seedlings to become malnourished and stagnant. The EWs sent photos of the nursery to Win Lwin Phyo to instruct on what steps where needed in order to treat the seedlings to grow again. 

Now, both Lungngo and Sempi village nurseries are thriving. Projects are learning to adapt to new circumstances and achieve success through the active participation of the local communities. The role of technology has made considerable strides in keeping project activities on track and connecting ADRA to the communities we serve.

အောင်မြင်နေသော ပျိုးခင်းများ

SURE စီမံကိန်းသည် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ပျိုးခင်းများပြုစုတည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားပြီး ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် ပျိုးခင်းများသို့ ကိုယ်တိုင်သွားရောက်၍ အပင်များ၏ တိုးတက်မှုကို စောင့်ကြည့်ရန်မှာမူ မလွယ်ကူလှချေ။

ကျေးဇူးတင်စရာအနေဖြင့် နည်းပညာအထောက်အပံ့ကြောင့် အပင်များအားစောင့်ကြည့်လေ့လာခြင်းကိုလည်း ADRA Extension Worker များမှပေးပို့လာသော ဓာတ်ပုံများမှ တစ်ဆင့် ပျိုးခင်း၏ တိုးတက်မှုအခြေအနေတို့ကို စောင့်ကြည့်နိုင်ခဲ့သည်။  

ယင်းဓာတ်ပုံများပေါ်မူတည်၍ SURE စီမံကိန်းမှ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုအရာရှိ ဦးဝင်းလွင်ဖြိုးသည် လုံငိုးကျေးရွာပျိုးခင်း၌ ပိုးမွှားကျစေသောရောဂါ၏အကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး မည်သည့်ကုသမှုများ လိုအပ်သည်ကိုလည်း လမ်းညွှန်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပိုးကူးစက်ခံရသောအပင်များကိုခွဲ၍ အော်ဂဲနစ်ပိုးသတ်ဆေးဖြန်းခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့သည်။

အလားတူပင် ဆဲမ်ပီးကျေးရွာပျိုးခင်းတွင်လည်း အပူဒဏ်ကြောင့် ပျိုးပင်များသည် အာဟာရချို့တဲ့ပြီး နွမ်းလာသည်။ ထိုအခါတွင် EWs များအနေဖြင့် ပျိုးပင်များအား ပြန်လည်ကြီးထွားစေရန် ကုသရန်လိုအပ်သော အဆင့်များကို လမ်းညွှန်မှုရယူနိုင်ရန်အတွက် ဦးဝင်းလွင်ဖြိုးထံသို့ ပျိုးခင်းဓာတ်ပုံများကိုလည်း ပေးပို့ဆောင်ရွက်ခဲ့ရသေးသည်။

ယခုအခါ အဆိုပါကျေးရွာနှစ်ခုရှိ ပျိုးခင်းနှစ်ခုစလုံးသည် အောင်မြင်ဖြစ်ထွန်းနေသည်။ စီမံကိန်းသည် အခြေအနေအသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်၍  ဒေသခံလူထု၏ တက်ကြွစွာပါဝင်မှုမှတစ်ဆင့် အောင်မြင်မှုများကို ရရှိခဲ့သည်။ယင်းကြောင့်နည်းပညာ၏ အခန်းကဏ္ဍသည် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ရွာများနှင့် ချိတ်ဆက်၍ လမ်းကြောင်းမှန်ပေါ်တွင် ဟန်ချက်ညီညီလုပ်ဆောင်နိုင်ရန် များစွာပင် အထောက်အကူ ဖြစ်စေခဲ့သည်။


Original Author: Win Lwin Phyo, SURE: NRM Officer

Photo: © 2020 ADRA Myanmar