U Ho Ling’s Story: Life as an Elephant Foot Yam Farmer in the Chin Hills

My name is U Ho Ling and I am 52 years old from Siatalai village in the Chin Hills. I have 11 family members including 6 sons, but not all live here. 

U Ho Ling

In the past our main livelihood was shifting cultivation, primarily growing maize. During that time it was very difficult and there wasn’t always enough food for our village, sometimes there were shortages. 

Because of this, we decided to change to Elephant Foot Yam farming which is very popular in our area, especially selling to the Chinese. We believed it would benefit our family. It was very difficult to start and required a lot of hard work. We would find the seeds in the forest to plant but it would take several years for them to grow big enough to sell. Each year it cost 20 lahks to grow Elephant Foot Yam, and I now have 15 acres. It was difficult on me and my family. 

In 2017 we heard about an ADRA project that provided training in new agriculture techniques and distributed different vegetable seeds. This inspired us to be more interested in agriculture. 

ADRA introduced us to an Elephant Foot Yam cutting machine and washer which cuts labour time and is cheaper to manage. ADRA also provided us with a solar dryer powered by solar energy. In the past we depended on clear sunny skies, but in monsoon season we couldn’t dry the harvest well. The solar dryer has really improved our situation as farmers for time and cost. 

Today, all the villagers have become Elephant Foot Yam farmers like me. 

“Chin State is very poor so agricultural support is very important and benefits our region. Thank you to the Donors and ADRA.” 

The SURE project is funded by MFAT and ADRA New Zealand. The project supports sustainable economic growth in agricultural practices, water resources and natural resource management. 

ဦးဟိုလင်း၏ ဇာတ်ကြောင်း- ချင်းတောင်ပေါ်တွင် ဝဥစိုက်ပျိုးခြင်းနဲ့ အသက်မွေးနေသူ

ကျွန်တော်နာမည် ဦးဟိုလင်းပါ အသက်ကတော့ ၅၂ နှစ်ရှိပါပြီ။ ကျွန်တော်တို့က ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ရှတလိုင်းကျေးရွာမှာ နေထိုင်ပါတယ်။ ကျွန်တော်တို့မှာမိသားစုဝင်စုစုပေါင်း ၁၁ ယောက်၊ သားသမီးခြောက်ယောက်ရှိပါတယ်။ သူတို့အကုန်လုံးတော့ ဒီမှာမနေကြပါဘူး။ အဝေးမှာပါ။

ကျွန်တော်တို့အရင်တုန်းကတော့ တောင်ယာအလုပ်ကိုပဲအဓိကလုပ်ကိုင်ပါတယ်။ အဓိကကတော့ ပြောင်းစိုက်ပျိုးတာပေါ့။ အဲဒီအချိန်တွေတုန်းက စားဝတ်နေရေးအတွက်အရမ်းကို ခက်ခဲခဲ့တယ်။ တစ်ခါတစ်လေ စားစရာအစားအစာတောင်ပြတ်တောက်ခဲ့ရတယ်။

ဒါကြောင့်ကျွန်တော်တို့ ဝဥကိုပြောင်းလဲစိုက်ပျိုးဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီဟာကလည်းကျွန်တော်တို့ဒေသမှာနာမည်ကြီးတယ်လေ။ အထူးသဖြင့်တရုတ်ကိုတင်ပို့ရောင်းချလို့ရတာကြောင့်ပေါ့။ ကျွန်တော်တို့မိသားစုအတွက်လည်း ဝဥစိုက်ပျိုးတာက အကျိုးရှိမယ်လို့လည်း ယုံကြည်တယ်လေ။

အစတုန်းတော့ အရမ်းကိုအခက်အခဲရှိတယ်။ အရမ်းလည်းကြိုးစားအားထုတ်ဖို့လိုတယ်။ ကျွန်တော်တို့ မျိုးစေ့တွေကိုတောထဲမှာ လိုက်ရှာတယ်။ ရောင်းချနိုင်တဲ့အဆင့်ထိရောက်ဖို့ကတော့ နှစ်ပေါင်းများစွာကြာအောင်စောင့်ဆိုင်းရတယ်။ နှစ်စဉ်ဒီဝဥစိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်က တစ်နှစ်ကို ကျပ်သိန်း ၂၀ ရှိတယ်။ ကျွန်တော်နဲ့ ကျွန်တော်မိသားစုအတွက်အခက်အခဲရှိတယ်။ အခုတော့ ကျွန်တော်မှာ ဝဥစိုက်ခင်း ၁၅ ဧကရှိပါတယ်။

၂၀၁၇ မှာ ကျွန်တော် ADRA စီမံကိန်းအကြောင်း ကြားသိခဲ့ရတယ်။ ဒီစီမံကိန်းက စိုက်ပျိုးရေးနည်းလမ်းတွေနဲ့ပတ်သက် တဲ့ သင်တန်းတွေပေးတာရှိသလို သီးနှံစိုက်ပျိုးဖို့အတွက် မျိုးစေ့တွေလည်းဖြန့်ဝေပေးပါတယ်။ ဒါကကျွန်တော်တို့ စိုက်ပျိုးရေးကို ပိုပြီးစိတ်ဝင်စားဖို့အတွက်လည်း လှုံ့ဆော်ပေးပါတယ်။

နောက်ပြီး ADRA ကလည်း ဝဥဖြတ်စက်နဲ့ ဝဥဆေးကြောတဲ့စက်ကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီစက်တွေက ဝဥကို ဖြတ်တောက်တဲ့အခါ အလုပ်သမားအင်အားနဲ့ အချိန်ကုန်တာကို သက်သာစေတယ်။

နောက်ပြီး ADRA က နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံတဲ့စက်ကို လည်းထောက်ပံ့ပေးခဲ့တယ်။ အရင်တုန်းက ဝဥအခြောက်ခံဖို့ ကျွန်တော်တို့အနေနဲ့ နေရောင်ခြည်ကိုပဲ အားကိုးရတယ်။ မိုးရာသီဆိုရင် ဝဥကိုအခြောက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒီနေရောင်ခြည်စွမ်းအင်သုံးအခြောက်ခံစက်က ကျွန်တော်တို့တောင်သူတွေအတွက် အချိန်နဲ့ ကုန်ကျစရိတ်ကိုလည်းလျှော့ချပေးတယ်။ အရမ်းကိုအထောက်အကူဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ တစ်ရွာလုံးကရွာသားတွေအကုန် ကျွန်တော်လို ဝဥစိုက်တောင်သူတွေဖြစ်နေပါပြီ။

ကျွန်တော်တို့ချင်းပြည်နယ်က အရမ်းကိုဆင်းရဲတော့ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အခုလိုထောက်ပံ့ပေးတာက ကျွန်တော်တို့ဒေသအတွက် အရမ်းကို အကျိုးရှိပါတယ်။ ဒါကြောင့်အလှူရှင်နဲ့ ADRA ကိုလည်း ကျေးဇူးတင်ပါတယ်

SURE စီမံကိန်းကို MFAT နှင့် ADRA New Zealand တို့ကထောက်ပံ့ပေးထားခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည်စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို အကောင်အထည်ဖော်ခြင်း၊ ရေအရင်းအမြစ်များနှင့် သဘာဝအရင်းအမြစ်များကိုစီမံခန့်ခွဲခြင်းတို့ဖြင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေခြင်းဖြစ်သည်။


Written By: Emma McCrow and Pyae Phyo Lin

Photo: © 2019 ADRA Myanmar | Emma McCrow