U Kawi Yah’s Story: Vulnerable Families Receive Food Rations and Hygiene Kits in Response to COVID-19

In response to COVID-19, and to mitigate risks of a potential outbreak, the local government in Chin State conducted risk assessments and followed national guidelines by imposing strict travel restrictions. In doing so, this caused socio-economic consequences, as it has across the world, critically affecting vulnerable populations and steepening their descent into poverty.

U Kawi Yah, a 72 year old father of ten children, including 5 boys and 5 girls, is from Lungngo village. Two of his daughters are working as maids in Gangaw. His eldest son went to Malaysia as a migrant worker and has since never returned. Nor did he send any money back to help support the family. As a hunter, U Kawi Yah is the main breadwinner, but with caring for his Mother and chronically ill wife and daughter, it has been a burden meeting the families financial needs.

With the onset of COVID-19, the lockdowns pushed his family deeper into poverty. With local general stores no longer selling food to those who do not have cash up front, U Kawi Yah’s family was on the brink of going hungry.

In response to this, the Australian AID and ADRA Australia funded PRICE project, reallocated funds to carry out an emergency distribution targeted at vulnerable families like U Kawi Yah’s.

Lungngo is the largest village of 300 households targeted in the PRICE project, and where one of ADRA Myanmar’s sub offices is located deep in the Chin Hills. Lungngo village members formed a task force comprised of; youth, the Village Administration Committee, Police Force, Officials from the Rural Health Department, and Religious Leaders (Pastors) in order to respond to COVID-19.

Through this collaboration between ADRA Myanmar and the local task force, food rations of rice, hygiene kits of; hand sanitizer, masks, gloves, hand washing soap, and hand washing basins, and medical supplies of thermometer’s, were distributed to 17 villages. COVID-19 awareness raising materials were also erected in public areas and pamphlets were provided on prevention measures and the importance of hand washing.

In addition, the task force assigned a regulator at village entrances to ensure those entering wash their hands with the supplied soap and hand basin, and check temperatures with the thermometer. 

“When men go hunting, they bring rice along with them. But we ran out of rice. It was shameful not being able to buy rice. I am grateful that ADRA supported us”, commented U Kawi Yah’s wife.

At the time of reporting this story, there had been no COVID-19 cases reported in the area.

ဦးကော်ရ၏ ပုံပြင်: နွမ်းပါးအားနည်းသော မိသားစုများအနေဖြင့် COVID-19 တုံ့ပြန်ရေးမှ စားနပ်ရိက္ခာ ခွဲတမ်းများနှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေးဆိုင်ရာပစ္စည်းများကို လက်ခံရရှိခြင်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုတုံ့ပြန်ကာကွယ်သောအားဖြင့်သော်လည်းကောင်း ရောဂါဖြစ်ပွားမှုကို လျှော့ချလိုသည့်အတွက်သော်လည်းကောင်း ချင်းပြည်နယ်ရှိ ဒေသန္တရအစိုးရသည် ဘေးအန္တရာယ်ဆိုင်ရာ အကဲဖြစ်မှုများအပါအဝင် အမျိုးသားလမ်းညွှန်ချက်များဖြစ်သော ခရီးသွားလာခွင့် ကန့်သတ်ချက်များကိုလည်း ပြုလုပ်ခဲ့သည်။

ယင်းသို့ကန့်သတ်မှုများကြောင့် လူမှုစီးပွားအကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်စေခဲ့ပြီး ထိခိုက်လွယ်သော ဆင်းရဲနွမ်းပါးသောလူအများအပေါ်တွင်လည်း များစွာအကျိုးသက်ရောက်စေခဲ့သည်။

သားသမီး ၁၀ ဦးရှိသူ အသက် ၇၂  နှစ်အရွယ် ဦးကော်ရသည် ချင်းပြည်နယ်၊ လုံးငိုးကျေးရွာတွင် နေထိုင်သူ တစ်ဦးလည်းဖြစ်သည်။ သူ၏သမီးနှစ်ဦးသည် ဂန့်ဂေါတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေပြီး သားအကြီးမှာလည်း မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမား တစ်ဦးအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရာ နေရပ်သို့ပြန်လာခြင်းမရှိသည့်အပြင် မိသားစုကိုလည်း ငွေကြေးပြန်လည်မထောက်ပံ့ပေးနိုင်ခဲ့ပေ။

ဦးကော်ရအနေဖြင့် အမဲလိုက်ခြင်းဖြင့်သာ မိသားစုအတွက်အဓိကဝင်ငွေကိုရရှိနေပြီး မိခင်ဖြစ်သူ အပါအဝင် နာတာရှည်မကျန်းမာသူဇနီးဖြစ်သူတို့ကို ကြည့်ရှုစောင့်ရှောက်ရ၍ မိသားစုအတွက် လိုအပ်သောငွေကြေးကို ဖြည့်ဆည်းပေးနိုင်ရန်မှာလည်း အခက်အခဲများရှိနေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခြင်းကြောင့် ကန့်သတ်မှုများရှိနေခဲ့ရာ သူ၏မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများကို ပိုမိုဖြစ်ပေါ်စေခဲ့သည်။ ဒေသကုန်စုံဆိုင်များတွင်လည်း ကြိုတင်ငွေမပေးနိုင်သူများကို အစားအစာများရောင်းချခြင်းမရှိသည့်အတွက် အစားအစာဝယ်ယူရရှိရေးမှာလည်း အခက်အခဲဖြစ်ခဲ့ရသည်။

ယင်းအချိန်တွင် Australian AID နှင့်  ADRA Australia တို့က ရန်ပုံငွေထောက်ပံ့ထားသော PRICE စီမံကိန်းသည် ဦးကော်ရကဲ့သို့ ထိခိုက်လွယ်သော အိမ်ထောင်စုများကို အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များ ဖြန့်ဝေနိုင်ရန်အတွက် စီမံကိန်းရန်ပုံငွေများကို ပြန်လည်ခွဲဝေချထားခဲ့သည်။

လုံးငိုးကျေးရွာသည် PRICE စီမံကိန်းတွင် အဓိကရည်ရွယ်ထားသော ကျေးရွာများအနက်မှ  အိမ်ထောင်စု ၃၀၀ ခန့်ရှိသော ကျေးရွာကြီးတစ်ခုဖြစ်ပြီး ADRA Myanmar ၏ ရုံးခွဲများအနက် ချင်းတောင်ပေါ်တည်ရှိသည့် နေရာတစ်ခုလည်းဖြစ်သည်။

လုံးငိုးကျေးရွာမှအဖွဲ့ဝင်များသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုတုံ့ပြန်ဆောင်ရွက်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူငယ်များနှင့် ပူးပေါင်း၍ COVID-19 လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ADRA Myanmar အနေဖြင့်လည်း ယင်းဒေသဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်အတူပူးပေါင်း၍ ဆန်ရိက္ခာများ၊ လက်သန့်စင် ဆေးရည်များ၊ တစ်ခါသုံးနှာခေါင်းစည်းများ၊ လက်အိတ်များ၊ လက်ဆေးဆပ်ပြာများ၊ အပူချိန်တိုင်း ကိရိယာများနှင့် ကျန်းမာရေးဆိုင်ရာဆေးဝါးအထောက်အပံ့ပစ္စည်းများကို ကျေးရွာ ၁၇ ရွာသို့ ထောက်ပံ့ဖြန့်ဝေခဲ့သည်။

COVID-19 နှင့် ပတ်သက်သောကျန်းမာရေးဆိုင်ရာအသိပညာမြှင့်တင်ရေးအတွက် လက်ဆေးခြင်း၏ အရေးကြီးပုံနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများပါသော ဆိုင်းဘုတ်ပိုစတာများကို အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များကို ဝေငှခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင်လုပ်ငန်းအဖွဲ့အနေဖြင့်လည်း ရွာ၏အဝင်ဝတွင် အပြင်မှဝင်ရောက်လာသူများသည် စနစ်တကျလက်ဆေးရန်နှင့် အပူချိန်တိုင်းတာခြင်းတို့လုပ်ဆောင်နိုင်ရန်လည်း တာဝန်ပေးအပ်ခဲ့သည်။

“အမျိုးသားတွေက အမဲလိုက်သွားတယ်အခါ သူတို့နဲ့အတူဆန်တွေပြန်သယ်လာနိုင်ကြတယ်။ ဒါပေမဲ့ကျွန်မတို့ ဆန်ကုန်သွားတယ်။ ဆန်မဝယ်နိုင်တာက အရမ်းရှက်စရာကောင်းပါတယ်။ ဒါပေမဲ့ အခုလို ADRA က ကျွန်မတို့ကိုစားနပ်ရိက္ခာတွေထောက်ပံ့ပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်”ဟု ဦးကော်ရ၏ ဇနီးက ပြောဆိုသည်။

ဤအကြောင်းအရာကို ရေးသားတင်ပြချိန်တွင်မူ ယင်းဒေသ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားခြင်း မရှိပါ။


*Originally Written By: David Cung Lan Thang, PRICE M&E Officer

Edited By: Emma McCrow, Communications Officer

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2020 ADRA Myanmar | Mar Chu Ri Co


S H A R E:

Share on facebook
Share on twitter