U Khung Mang’s Story: Corn Planting in Lungkar Supports Livelihoods

My name is U Khung Mang and I currently live in Lungkar village, Resaw Tract, Matupi Township. There are 6 members in my family. One of my children is still in middle school, and the rest work as farmers like me. I own a total of 6.5 acres, specifically orchard (1.5 acres) and Elephant Foot Yam (5 acres). 

In 2016, the MFAT and ADRA New Zealand funded SURE project came to our village targeting rural development. Like others, our village primarily depends on farming. Since the project came, I learned many farming techniques from Extension Workers and Agriculture staff from the ADRA. Moreover, the project also provided me with seasonal seeds and orchard plants. As for now, I have planted 25 avocado plants in my farm. 

In 2019, I planted our local corn in one acre of farming land, but the yield was only 6 baskets. Local corn requires correct planting times and is very susceptible to lodging (stem bending). This first yield was only enough to serve as food for my family with no leftovers for our home animals. 

That same year, I tried planting corn seeds provided by the SURE project in my farm. As I observed my farm and other farms, the growth and yield were significantly better compared to local corn. I then decided to plant it in the next season. 

In 2020, I was again provided 4 pyi of corn seeds. Surprisingly, the harvest’s yield per acre was 30 baskets, a yield 5 times higher than local corn. After selling this corn, I will buy rice for my family. Next year I will expand corn planting on my farm to 1.5 acres. 

For my gratitude, I sincerely thank ADRA Myanmar, SURE project for the help and support in improving our livelihood. May God bless this project more and more! 

ဦးခုန်မန်း၏ ဇာတ်ကြောင်း-လုံကားကျေးရွာတွင် ပြောင်းစိုက်ပျိုးခြင်းမှ အသက်မွေးဝမ်းကျောင်းကို အထောက်အပံ့ပေးခြင်း

ကျွန်တော့်နာမည်က ဦးခုန်မန်းဖြစ်ပါတယ်။ ကျွန်တော်က မတူပီမြို့နယ်၊လုံကားကျေးရွာမှာနေထိုင်ပြီးမိသားစုဝင်ကတော့ ခြောက် ယောက်ရှိပါတယ်။ ကျွန်တော့်ကလေးတစ်ယောက်ကအလယ်တန်းကျောင်းတက်နေတုန်းပဲ။ ကျန်တဲ့သူတွေက ကျွန်တော်တို့လို လယ်ယာအလုပ်ပဲလုပ်တယ်။ ကျွန်တော်မှာစုစုပေါင်းစိုက်ခင်း ၆ ဒသမ ၅ ဧက၊ အထူးသဖြင့်ဥယျာဉ်ခြံ ၁ ဒသမ ၅ ဧက နဲ့ ဝဥစိုက်ခင်း ၅ ဧက ရှိပါတယ်။

၂၀၁၆ ခုနှစ်မှာ MFAT နဲ့ ADRA နယူးဇီလန်က ထောက်ပံ့တဲ့ SURE စီမံကိန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ တခြားဒေသတွေလိုပဲ ကျွန်တော်တို့ရွာက လယ်ယာစိုက်ပျိုးရေးအပေါ် အဓိကမူတည်ပါတယ်။

စီမံကိန်းရောက်လာကတည်းက Extension Workers တွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေဆီကနေ ကျွန်တော်အများကြီး သင်ယူခဲ့ရတယ်။ ဒါအပြင်စီမံကိန်းကကျွန်တော်တို့ကို ရာသီအလိုက်မျိုးစေ့တွေနဲ့ ဥယျာဉ်ခြံ စိုက်ပျိုးရေးအပင်တွေကိုလည်းဖြန့် ဝေပေးခဲ့ပါတယ်။ ယခုအချိန်မှာ ကျွန်တော်ခြံမှာ ထောပတ်သီးအပင် ၂၅ မျိုး စိုက်ပျိုးထားပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ဒေသပြောင်းကို စိုက်ခဲ့ပေမယ့်အထွက်နှုန်းမှာ၆ တင်းပဲရှိပါတယ်။ ဒေသပြောင်းဖူးက စိုက်ပျိုးချိန်မှန် ကန်ဖို့လိုအပ်ပါတယ်။ ဒီအထွက်နှုန်းက ကျွန်တော့်မိသားစုအတွက်အစားအစာအဖြစ်ကျွေးမွေးဖို့ပဲ လုံလောက်ပါတယ်။

အဲဒီနှစ်မှာပဲကျွန်တော့်ခြံမှာ SURE စီမံကိန်းကပေးတဲ့ပြောင်းမျိုးစေ့တွေစိုက်ဖို့ကြိုးစားခဲ့တယ်။ ကျွန်တော့လယ်ယာနဲ့ အခြားခြံတွေကို လေ့လာကြည့်တဲ့အခါ ဒေသပြောင်းဖူးနဲ့ နှိုင်းယှဉ်ရင် ကြီးထွားမှုနဲ့အထွက်နှုန်းသိသိသာသာပိုကောင်းလာပါ တယ်။ ဒါကြောင့်နောက်လာမည့် ရာသီမှာလည်းစိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ပြောင်းဖူးမျိုးစေ့ ၄ ပြည်ကို ထပ်မံထောက်ပံ့ပေးခဲ့ပါတယ်။ အံ့သြစရာကောင်းတာက တစ်ဧကရိတ်သိမ်းမယ့် အထွက်နှုန်းကတင်း ၃၀ ဖြစ်ပြီး ဒေသပြောင်းထက် ငါးဆလောက်မြင့်ပါတယ်။ ဒီပြောင်းဖူးတွေရောင်းပြီးတဲ့နောက်မှာ ကျွန်တော် မိသားစုအတွက်ဆန်ဝယ်မယ်။

လာမည့်နှစ်မှာလည်း ကျွန်တော်တို့လယ်မှာ ၁ ဒသမ ၅ ဧကအထိ တိုးချဲ့စိုက်ပျိုးသွားပါမယ်။ အခုလိုကူညီထောက်ပံ့မှုအတွ က် ADRA Myanmar က SURE စီမံကိန်းကိုလည်း ကျေးဇူးတင်ပါသည်။ ဒီစီမံကိန်းကို ဘုရားသခင်ပိုပိုပြီး ကောင်းကြီးပေးပါစေ လို့ဆုတောင်းပေးပါတယ်။


Written By: Win Naing, Agriculture/Soil Officer, SURE Project

Edited By: Emma McCrow, Communications Coordinator

Translated By: Pyae Phyo Lin, Communications Assistant

Photo: © 2021 ADRA Myanmar | S Khant Hgee Lar