Today, the LIFT (Livelihoods and Food Security Fund) funded VESI project, in partnership with AVSI and FRC (Finnish Refugee Council), virtually launched the ‘Labour Market & COVID-19 Impact Assessments to Inform Vocational Education and Decent Work Opportunities for Youth in Kachin and Northern Shan States’.
The open virtual event, running from 9:00am to 11:00am, was hosted by ADRA Myanmar on Zoom with over 100 participants from government departments, NGOs, EU and UN agencies, embassies, and partner organizations. The assessments were presented by consultancy team Kallene Ryan and Aung Myaing Htay (Paul) who have conducted research on Labour Markets for both the ADRA and World Vision led consortiums since 2019 and the impact of COVID-19 to this sector in Myanmar.
Introduction and Objectives were provided by Matteo Palentini, AVSI Deputy Country Representative, Opening Remarks by Johann Hesse, Charge d’Affairs and Head of Cooperation to the Delegation of the European Union to Myanmar, Overview of the VESI Project provided by John Mubonderi, ADRA Myanmar Program Director, Overview of the SHE Project provided by Gustavo Cavero, World Vision Chief of Party, Assessment Findings and Impact of COVID-19 on Labour Markets by consultants Kallene Ryan and Aung Myaing Htay, Q&A Discussion led by Sridevi Srinivasan, FRC Country Director and Closing Remarks by John Mubonderi and Vitalie Zegera, ADRA Myanmar Country Director.
“I am very pleased to be a part of this launch this morning and I wish us a very interesting presentation and discussions afterwards. LIFT will remain highly supportive to the work of ADRA and World Vision and all its partners. There is a decent work and labour mobility program under LIFT which is investing about $15,000,000 which is quite a substantial amount of money running between 2019 to 2023 so this is a very timely survey which will actually help promote the program of LIFT as well.” – Johann Hesse, Charge d’Affairs and Head of Cooperation to the Delegation of the European Union to Myanmar
Both the Labour Market and COVID-19 Impact assessments have been made available to the public as of today and are posted on our website HERE.
BACKGROUND & OVERVIEW:
Contributing to the LIFT strategy of 2019-2023, under the thematic area of Decent Work and Labour Mobility, the ADRA Myanmar led consortium of AVSI Foundation (AVSI) and the Finnish Refugee Council (FRC), with financial support from the Livelihood and Food Security Fund (LIFT) is implementing the ‘Vocational Education to Support IDPs and Host Communities (VESI)’ project in Kachin and Northern Shan States with a goal of enhancing decent work opportunities and bridging the gap between youth from IDP camps and vulnerable host communities. Local Partners of the program include HTOI Gender and Development Foundation (HGDF), GRIP Hands Organization, Government Technological High Schools of Lashio, Myitkyina, and Bhamo, and the Ministry of Education Department for Technical Vocational Education and Training (MoE-DVET). The World Vision Led consortium of Alinn Banmaw (AB) and Dai Fin Social Services (DFSS) is implementing the ‘See, Hear, Empower’ (SHE) project supporting inclusive and transformative livelihoods for IDP and host communities in Kachin.
The COVID-19 pandemic and containment measures are affecting households’ livelihoods in a number of ways. Myanmar’s economy is expected to suffer greatly from COVID-19, with GDP growth rate expected to fall to 0.5 percent in fiscal year 2019/2020. Within this context, up-to-date evidence is important to assess the impact of the crisis especially to the TVET sector and thus inform programming and policies to protect the conflict affected poor and vulnerable IDP households. The ADRA and World Vision led consortiums coordinated and conducted pre pandemic labour market assessments in conflict affected areas in Kachin and Northern Shan, and recently ADRA led consortium conducted the socio-economic impact of COVID-19 to the demand and supply of labour.
The two LIFT supported consortiums will continue to coordinate closely, learning from each other to adopt creative programming approaches to counter the COVID-19 related implementation challenges. The ADRA led consortium already adopted virtual learning methods and employer-based trainings, upskilling and curricula upgrades. A total of 1,650 IDP youth will be trained in various marketable vocations under the VESI project. ADRA Myanmar and its partners remain committed to support skills development in the country, creating progressive partnership towards a convergence with the government system and promote sustainability and inclusion.
Download the Powerpoint presentation by consultants Kallene Ryan and Aung Myaing Htay from the virtual launch below:
To learn more about the VESI project and to view the Labour Market and COVID-19 Assessments, visit HERE
VESI: လုပ်သားစျေးကွက်နှင့် COVID- 19 သက်ရောက်မှုအပေါ် အကဲဖြတ်ခြင်း အွန်လိုင်းဆွေးနွေးပွဲအခမ်းအနား
LIFT က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက်ဖြစ်သော AVSI ၊ FRC တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော VESI စီမံကိန်းသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ပိုမိုကောင်းမွန်သောအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် လုပ်သားစျေးကွက်နှင့် COVID- 19 သက်ရောက်မှု အပေါ်အကဲဖြတ်ခြင်းဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ADRA Myanmar က Zoom မှတစ်ဆင့်စီစဥ်ကျင်းပခဲ့ပြီး အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများအပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ EU နှင့် ကုလသမဂ္ဂအေဂျင်စီများ၊ သံရုံးတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းလူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ADRA နှင့် World Vision တို့က ပူးပေါင်း၍ လုပ်ငန်းအဖွဲ့များအတွက် လုပ်သားစျေးကွက်ဆိုင်ရာ သုတေသနကို ၂၀၁၉ ခုနှစ်မှစတင်ခဲ့ခြင်းနှင့် COVID- 19 ၏သက်ရောက်မှုများကို အကြံပေးအဖွဲ့ဖြစ်သည့် Kallene Ryan နှင့် Aung Myaing Htay (Paul)တို့က ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းအခမ်းအနားအတွင်း မိတ်ဆက်ခြင်းနှင့် ရည်ရွယ်ချက်များကို AVSI မှ Deputy Country Representative ဖြစ်သူ Matteo Palentini က ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂ(EU)အကြီးအကဲ Johann Hesse က အဖွင့်အမှာစကားပြောကြားကာ ADRA Myanmar မှ Program Director ဖြစ်သူ John Mubonderi က VESI စီမံကိန်းအကြောင်းကို အကျဥ်းချုပ်ပြောကြားခဲ့သည်။ ထို့ပြင် World Vision အကြီးအကဲဖြစ်သူ Gustavo Cavero က SHE စီမံကိန်းအကြောင်း အကျဥ်းချုပ်ပြောကြားခဲ့ပြီး အကဲဖြတ်လေ့လာတွေ့ရှိချက်များနှင့် COVID-19 ၏ လုပ်သားစျေးကွက်အပေါ် သက်ရောက်မှုအခြေအနေတို့နှင့် ပတ်သက်သော အကြောင်းအရာများကို အကြံပေး Kallene Ryan နှင့် Aung Myaing Htay တို့က ရှင်းလင်းပြောကြားခဲ့ကြသည်။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို FRC မှ Country Director ဖြစ်သူ Sridevi Srinivasan က ဦီးဆောင်ခဲ့ပြီး ADRA Myanmar မှ Country Director ဖြစ်သူ Vitalie Zegera နှင့် Program Director ဖြစ်သူ John Mubonderi တို့က နိဂုံးချုပ်အမှာစကားများကို အသီးသီးပြောကြားခဲ့ကြသည်။
“ဒီမနက်အခမ်းအနားမှာပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်အနေနဲ့ အရမ်းဝမ်းသာမိပါတယ်။ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့တင်ဆက်မှုတွေနဲ့ဆွေးနွေးမှုတွေကို ကျွန်တော်တို့အနေနဲ့သိရှိနိုင်ဖို့ ဆန္ဒရှိပါတယ်။ LIFT ကလည်း ADRA ၊ World Vision နဲ့၎င်းရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့လုပ်ဆောင်မှုတွေအပေါ်လည်း အမြဲပံ့ပိုးအားပေးနေပါလိမ့်မယ်။ LIFT ရဲ့ ဒီအစီအစဥ်ကလည်း ဒေါ်လာ ၁၅,၀၀၀,၀၀၀လောက်ရင်းနှီးမြှုပ်နှံထားပြီးတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်းမှာတော့ ဒါကအများဆုံးပမာဏလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း LIFT ရဲ့အစီအစဥ်ကို အမှန်တကယ်မြှင့်တင်ပေးနိုင်မယ့် အချိန်မီစစ်တမ်းတစ်ခုပါပဲ ”ဟု ဥရောပသမဂ္ဂအကြီးအကဲ (Johann Hesse၊ ဒုသံအမတ်)က ပြောဆိုသည်။
လုပ်သားစျေးကွက်နှင့် COVID- 19 သက်ရောက်မှုအပေါ် အကဲဖြတ်ခြင်းနှစ်ခုစလုံးကို အများပြည်သူသိရှိနိုင်စေရန် ပြုလုပ်ထားပြီးဖြစ်၍ ကျွန်ုပ်တို့၏website တွင်လည်း မျှဝေထားပြီးဖြစ်ပါသည်။ HERE
နောက်ခံသမိုင်းကြောင်းနှင့် ခြုံငုံသုံးသပ်ချက်:
ADRA Myanmar သည် LIFT ၏ သင့်တင့်လျောက်ပတ်သောလုပ်ငန်းခွင်နှင့် လုပ်သားအင်အားအတတ်ပညာနယ်ပယ် အောက်တွင် ၂၀၁၉- ၂၀၂၃ မဟာဗျူဟာကိုအထောက်အကူဖြစ်စေခြင်းအားဖြင့် ၎င်း၏ ထောက်ပံ့ရန်ပုံငွေဖြင့် မိတ်ဖက်အဖွဲ့များဖြစ်သော AVSI ၊ FRC တို့နှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း IDPs နှင့် ဒေသတွင်းရပ်ရွာလူထုအတွက် အသက်မွေးဝမ်းကျောင်းပညာရေးကို အထောက်အကူပြုပေးသည့် စီမံကိန်းဖြစ်သော VESI စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းသည် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်အခွင့်အလမ်းများတိုးမြှင့်ရရှိစေခြင်းနှင့် စစ်ရှောင်စခန်းများနှင့် ထိခိုက်လွယ်သောအိမ်ထောင်စုများရှိ လူငယ်လူရွယ်များအကြား ကွာဟချက်များကို ပေါင်းကူးပေးရန်လည်း ရည်ရွယ်သည်ဖြစ်သည်။ ယင်းအစီအစဥ်တွင် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော HTOI Gender and Development Foundation (HGDF)၊ GRIP Hands Organization၊ လားရှိုး၊ မြစ်ကြီးနားနှင့် ဗန်းမော်ရှိ နည်းပညာအထက်တန်းကျောင်းများ၊ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့လည်း ပါဝင်သည်။ World Vision ဦးဆောင်သည့် Alinn Banmaw (AB) နှင့် Dai Fin Social Services (DFSS) တို့သည် ကချင်ပြည်နယ်ရှိ စစ်ရှောင်များနှင့် ဒေသခံများအတွက် အားလုံးပါဝင်သောပြုပြင်ပြောင်းလဲရေးအသက်မွေးဝမ်းကျောင်းမှုများကို ထောက်ပံ့ခြင်း ‘See, Hear, Empower’ (SHE) စီမံကိန်းကို အကောင်အထည်ဖော်နေသည်။
COVID-19 ကူးစက်ရောဂါနှင့် ထိန်းချုပ်မှုအစီအမံများသည် အိမ်ထောင်စုများအားလုံး၏ အသက်မွေးဝမ်းကျောင်းမှုများကို နည်းလမ်းများစွာဖြင့် ထိခိုက်သက်ရောက်စေသည်ဖြစ်သည်။ မြန်မာနိုင်ငံ၏စီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ်ထိခိုက်နိုင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်းဂျီဒီပီတိုးတက်မှုနှုန်းမှာလည်း ၀ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ဤအခြေအနေတွင် အကျပ်အတည်း၏သက်ရောက်မှုကို အထူးသဖြင့် သက်မွေးလုပ်ငန်းကဏ္ဍအတွက် အကဲဖြတ်ရန်ဖြစ်ပြီး ပဋိပက္ခဒဏ်သင့်ဆင်းရဲနွမ်းပါးထိခိုက်လွယ်သော စစ်ရှောင်မိသားစုများကို ကာကွယ်ထောက်ပံ့ရေးအစီအစဥ်များနှင့် မူဝါဒများကို အကြောင်းကြားရန်ဖြစ်သည်။ ADRA နှင့် World Vision တို့က ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ကိုရိုနာဗိုင်းစ် ကူးစက်ရောဂါမဖြစ်ပွားမီကာလက လုပ်သားစျေးကွက်အကဲဖြတ်ခြင်းကို ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင်မကြာသေးမီကာလကလည်း ADRA ဦးဆောင်သည့်အဖွဲ့သည် COVID-19 ၏ လုပ်သားစျေးကွက်၏အခြေအနေနှင့် လူမှုစီးပွားအပေါ် သက်ရောက်မှုများကို ကောက်ယူခဲ့သည်။
LIFT ကပံ့ပိုးပေးထားသော ပူးပေါင်းအဖွဲ့သည် COVID- 19 နှင့် သက်ဆိုင်သော အကောင်အထည်ဖော်မှုဆိုင်ရာ စိန်ခေါ်မှုများကို တန်ပြန်နိုင်ရန်အတွက် ဖန်တီးမှုဆိုင်ရာအစီအစဥ်များနှင့် ချဥ်းကပ်မှုများအတွက် တစ်ဦီးနှင့်တစ်ဦး သင်ယူခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးညှိနှိုင်းဆောင်ရွက်သွားမည်လည်းဖြစ်ပါသည်။ ADRA ဦးဆောင်သည့် လုပ်ငန်းပူးပေါင်းအဖွဲ့သည် အွန်လိုင်းအသုံးချလေ့လာသင်ကြားခြင်းနည်းစနစ်များ၊ လုပ်ငန်းရှင်အခြေပြုလေ့ကျင့်ရေး၊ ကျွမ်းကျင်မှုများနှင့် သင်ရိုးညွှန်းတမ်းများအဆင့်မြှင့်တင်ခြင်းတို့ကို အတည်ပြုဆောင်ရွက်ထားသည်။ IDP စစ်ရှောင်လူငယ် စုစုပေါင်း ၁၆၅၀ ဦးကို VESI စီမံကိန်းအောက်တွင် အမျိုးမျိုးသောစျေးကွက်ဆိုင်ရာ သက်မွေးပညာအလုပ်အကိုင် သင်တန်းများကို လေ့ကျင့်သင်ကြားပေးမည်လည်းဖြစ်သည်။ ADRA Myanmar နှင့် မိတ်ဖက်များသည် နိုင်ငံအတွင်းရှိ ကျွမ်းကျင်မှုများ၊ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူအပြုရန်အတွက် အစိုးရစနစ်နှင့်ပေါင်းစည်းရန်အပြင် တိုးတက်သောမိတ်ဖက်များဖန်တီးပေးခြင်းနှင့် ရေရှည်တည်တံ့မှုနှင့်ပါဝင်မှုတို့ကိုမြှင့်တင်ခြင်းတို့အတွက် ကတိကဝတ်များလည်း ပြုထားပါသည်။
Written By: Emma McCrow, Communications Officer
Edited By: Matteo Palentini (AVSI), Sridevi Srinivasan (FRC) & John Mubonderi (ADRA Myanmar)
Translation By: Pyae Phyo Lin, Communications Assistant
Photo/Video: © 2020 | Zoom