Mr. Yaw Mai is one of 74 selected young internally displaced people (IDP) and one of two persons with disabilities who participated in the Vocational Education to Support IDPs and Host Communities (VESI) Project organised by AVSI Foundation in the Government Technological High School (GTHS) of Bhamo. He chose to enroll in the motorbike repair course, as he has been passionate about the topic for a long time.
Yaw Mai has been living in the Kachin Baptist Convention (KBC) Man Si IDP camp in Kachin State since 2011, when the civil war erupted between the Kachin Independent Army and the Government Military. He always wanted to learn about motorbike repairing. However, after completing a few introductory classes, he never had the opportunity to attend a course or training that would allow him to acquire the necessary skills to actively work in the field.
In February 2020, AVSI’s project team in Bhamo conducted information-sharing sessions in camps to advise interested applicants on various vocational training opportunities, including motorbike, computer and electrical wiring courses. Luckily, Yaw Mai lives in one of these camps. When hearing about the opportunity, he was immediately eager to apply to the motorbike repairing course.
After applying, Yaw Mai was pleased to learn that he was selected to participate . Before starting the vocational training, he attended the opening ceremony in GTHS Bhamo, where he had the chance to meet fellow trainees, teachers and AVSI staff. He then attended a three-day pre-training workshop for Technical Vocational Education and Training (TVET) short courses and the Life Skills and Business Skills Training in GTHS Bhamo. There, he gained valuable knowledge on a wide range of crucial topics. He also learned more about how the training itself would unfold and what to expect. In March 2020, he started attending the motorbike repairing course. During the training, he acquired both theoretical and practical skills to repair motorbikes.
His knowledge and skills on motorbike repairing improved substantially throughout the training. Today, he continues to practice repairing motorbikes in the Man Si IDP camp. Due to the COVID-19 pandemic however, the GTHS, like all other educational facilities, had to close down suddenly. Yaw Mai is therefore currently staying at home, but he is nevertheless looking forward to the GTHS reopening for him to continue his training as soon as possible.
For now, he intends to focus on repairing motorbikes in the camp. In the future, he wishes to own and run his own motorbike repair shop. He looks forward to completing the course as well as the internship programme offered by the VESI Project, which he is confident will play an essential role in him reaching his goals and dreams.
The LIFT-funded VESI project is a three-year initiative to expand the livelihood opportunities for internally displaced persons and host communities by delivering market-oriented vocational training and job matching services in Kachin and Northern Shan States. The project is managed by a consortium led by ADRA and is implemented through local partners, including HTOI Gender and Development Foundation, GRIP Hands Organization and the Department of Technical and Vocational Education and Training. It has a particular focus on expanding inclusion of marginalised groups through strengthening access for women, youth and people with disabilities to training and employment opportunities in non-farm sectors.
ဆိုင်ကယ်ပြုပြင်ရေးဆိုင်ပိုင်ဆိုင်ရေး အိပ်မက်ကို အကောင်အထည်ဖော်နေသော ယောမိုင်
ကိုယောမိုင်သည် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ၇၄ ဦးအနက်မှ ရွေးချယ်ခံရသူ လူငယ်တစ်ဦးလည်းဖြစ်သည်။ ဗန်းမော်ရှိအစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)တွင် AVSI ဖောင်ဒေးရှင်းက ဆောင်ရွက်သော IDPs နှင့် Host Communities အထောက်အကူပြု (VESI) စီမံကိန်းမှ အသက်မွေးဝမ်းကျောင်းပညာရေး လုပ်ဆောင်မှုတွင်ပါဝင်ခဲ့သော မသန်စွမ်းသူနှစ်ဦးအနက်မှ တစ်ဦးလည်းဖြစ်သည်။သူ့အနေဖြင့် ဆိုင်ကယ်ပြုပြင်ရေးသင်တန်းသို့ တက်ရောက်ရန် ယခင်ကတည်းကစ၍ စိတ်ဆန္ဒရှိရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။
ကိုယောမိုင်သည် ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်နှင့် KIA တို့အကြားတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မံစီစစ်ရှောင်ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ၎င်းအနေဖြင့် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းအကြောင်းကို အမြဲတစေလေ့လာလိုခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင်အလုပ်လုပ်ကိုင်ရန် လိုအပ်သောကျွမ်းကျင်မှုများရရှိမည့် သင်တန်းများသို့ တက်ရောက်ရန် အခွင့်အရေးမှာမူမရရှိခဲ့ပေ။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဗန်းမော်ရှိ AVSI စီမံကိန်းအဖွဲ့သည် မော်တော်ဆိုင်ကယ်၊ ကွန်ပျူတာနှင့် လျှပ်စစ်ကျွမ်းကျင်ပညာသင်တန်းများစသည့်အသက်မွေးဝမ်းကြောင်းပညာသင်တန်းများနှင့် ပတ်သက်သော အခွင့်အလမ်းများကို စိတ်ပါဝင်စားလျှောက်ထားသူများကိုအကြံပေးရန်အတွက် စခန်းများတွင် သတင်းအချက်အလက်များကို မျှဝေသည့်သင်တန်းများကိုပြုလုပ်ခဲ့သည်။ ကံကောင်းစွာဖြင့် ကိုယောမိုင်သည် ယင်းစခန်းများအနက်မှ စခန်းတစ်ခုတွင်နေထိုင်နေသူဖြစ်နေပြီး အဆိုပါသတင်းကိုကြားသိသိချင်း၌ပင် သူ့အနေဖြင့် သင်တန်းသို့ချက်ချင်းပင်လျှောက်ထားခဲ့သည်။
လျှောက်လွှာတင်သွင်းပြီးနောက် ရွေးချယ်ခြင်းခံရသည့်အပေါ်တွင်လည်း သူ့အနေဖြင့်များစွာဝမ်းမြောက် ပျော်ရွှင်ခဲ့သည်။ ယင်းသင်တန်းမစတင်မီတွင်လည်း GTHS (ဗန်းမော်)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သင်တန်းဆရာများ၊ သင်တန်းသားများအပါအဝင် AVSI ဝန်ထမ်းများနှင့် တွေ့ဆုံခွင့်လည်းရရှိခဲ့သည်။ ယင်းနောက်သူ့အနေဖြင့် TVET ကာလတိုသင်တန်းများအတွက် သုံးရက်ကြာအလုပ်ရုံဆွေးနွေးပွဲနှင့် GTHS ဗန်းမော်တွင် ဘဝကျွမ်းကျင်မှုများနှင့် စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုသင်တန်းများကိုလည်း အကြိုတက်ရောက်ခဲ့သည်။ သူ့အနေဖြင့်အရေးကြီးသောအကြောင်းအရာများစွာအတွက် တန်ဖိုးရှိလှသော အသိပညာများကိုရရှိခဲ့သည်။ သင်ကြားလေ့ကျင့်ရေးနှင့် ပတ်သက်၍လည်း သူကိုယ်တိုင် ပိုမိုအားစိုက်ကာ လေ့လာမှုများပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် မတ်လတွင် သူ့အနေဖြင့် မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကိုစတင်တက်ရောက်ခဲ့ပြီး သင်တန်းတွင်လည်း မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနှင့်ပတ်သက်သော သီအိုရီနှင့် လက်တွေ့ပြုလုပ်ရသည့် ကျွမ်းကျင်မှုများကိုရရှိခဲ့သည်။
သူ၏မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းဆိုင်ရာ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများသည် သင်တန်းကာလ တစ်လျှောက်လုံးတွင်လည်း သိသာစွာတိုးတက်လာခဲ့သည်။ ယနေ့အချိန်တွင် သူသည် မံစီစစ်ရှောင်စခန်း၌ ဆိုင်ကယ်ပြုပြင်ခြင်းကို ဆက်လက်လေ့ကျင့်လုပ်ကိုင်လျက်ရှိသည်။
COVID-19 ကူးစက်ရောဂါကြောင့် GTHS သည်အခြားသောပညာရေးဆိုင်ရာသင်တန်းကျောင်းများကဲ့သို့ပင် သင်တန်းများကို ရုတ်တရက်ပိတ်သိမ်းခဲ့ရသည်။ ယင်းကြောင့် ယောမိုင်သည် ယခုအခါတွင်သူ၏နေအိမ်တွင် ရှိနေဆဲဖြစ်သည်။ သို့သော်သူသည် လေ့ကျင့်သင်ကြားနိုင်ရေးအတွက် GTHS အနေဖြင့် တတ်နိုင်သမျှ သင်တန်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း မျှော်လင့်လျက်ရှိသည်။
ယခုအခါတွင် သူ့အနေဖြင့် စခန်းတွင် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းကိုသာ အဓိကအာရုံစိုက်ထားရန် ရည်ရွယ်ထားသည်။ နောင်အခါတွင်လည်း သူ့အနေဖြင့် ကိုယ်ပိုင်မော်တော်ဆိုင်ကယ်ပြုပြင်ရေး ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်လိုပြီး ကိုယ်တိုင်လည်ပတ်လုပ်ကိုင်လိုသည်လည်းဖြစ်သည်။ သူ့အနေဖြင့် သင်တန်းပြီးဆုံးရန်နှင့် VESI စီမံကိန်းမှ ပေးအပ်သော အလုပ်သင်အစီအစဥ်ကို မျှော်လင့်ကာ သူ၏ရည်မှန်းချက်နှင့် အိပ်မက်များကိုအကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှရှိနေသည်ဟုလည်း ယုံကြည်ထားသည်။
LIFT မှ ရန်ပုံငွေထောက်ပံမှုဖြင့်ဆောင်ရွက်နေသော VESI စီမံကိန်းသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့အတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းနှင့် အလုပ်အကိုင်များကို ဖန်တီးပေးခြင်းအားဖြင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များနှင့် ဒေသခံလူထုအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းများကို တိုးချဲ့နိုင်ရန်ရည်ရွယ်ဆောင်ရွက်နေသော သုံးနှစ်တာ အစီအစဥ်တစ်ခုလည်းဖြစ်သည်။ အဆိုပါစီမံကိန်းကို ADRA က ဦးဆောင်စီမံပြီး HTO၊ Gender and Development Foundation, GRIP Hands Organization နှင့် နည်းပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးနှင့် လေ့ကျင့်ရေးဦီးစီးဌာနအပါအဝင် ဒေသတွင်းရှိ မိတ်ဖက်အဖွဲအစည်းများမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လျစ်လျူရှုခံထားရသော အမျိုးသမီးများ၊ လူငယ်များနှင့် မသန်စွမ်းသူများကို လယ်ယာလုပ်ငန်းခွင်မဟုတ်သောကဏ္ဍများ၌ သင်တန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုတိုးချဲ့ရရှိစေရန် အဓိကထားဦးတည်ဆောင်ရွက်လျက်ရှိသည်။
*Original Story By: AVSI Foundation Myanmar
Edited By: LIFT, Livelihoods and Food Security Fund
Photo: © 2020 AVSI Myanmar | Labang Aung Gam