Daw Naw Oo’s Story: Transforming a Family’s Life

62 year old Daw Naw Oo is an IDP living in a relocation internally displaced person camp in Kayin State. She has eight family members, and one son is disabled.

In 2016 when the conflict broke out, her family fled to Myaing Gyi Ngu, but living in an IDP camp has been difficult for Daw Naw Oo’s family.

Since 2021, the UNICEF funded ‘UNICEF Emergency WASH’ project has been providing water and sanitation support in Kayin State. One of the project’s activities is to construct emergency family latrines. 248 latrines benefiting almost 2,000 community members were constructed in Myaing Gyi Ngu camp, including Daw Naw Oo’s family.

“While living there, even though there were communal latrines, they were far away from our place and I had to wait. Cleanliness was also very poor.”

Due to overpopulation in the IDP Camp, WASH facilities, including latrines, were often insufficient. On top of this, existing latrines were often poorly constructed and there was a lack of hygiene in the camp.

A member of the IDP camp committee stated, “The latrines constructed by ADRA are for individual family’s use. Thus, it can be used for a long period. There were some problems with the previous communal latrines such as; difficulties with sufficient water and having to wait to use a latrine.”

“The new latrines give us the privacy and security that we need,” said Daw Naw Oo.

ဒေါ်နော်ဦး၏ ဇာတ်ကြောင်း – မိသားစုဘဝအတွက် အပြောင်းအလဲ

အသက် ၆၂ နှစ်ရှိ ဒေါ်နော်ဦးသည် ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင် ဒုက္ခသည်များထဲမှ တစ်ဦးအပါအဝင်လည်း ဖြစ်သည်။ သူမတွင် မိသားစုဝင် ရှစ်ဦးရှိပြီး သားတစ်ဦးမှာလည်း မသန်စွမ်းသူဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ပဋိပက္ခများဖြစ်ပွားပြီး မိသားစုသည် မြိုင်ကြီးငူဧရိယာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။
စခန်းတွင် နေထိုင်ရခြင်းသည် ဒေါ်နော်ဦး၏ မိသားစုအတွက် အများနည်းတူ ခက်ခဲလှပေသည်။ ၂၀၂၁ ခုနှစ်တွင် UNICEF မှ ထောက်ပံ့သော Unicef Emergency WASH စီမံကိန်းသည် ကရင်ပြည်နယ်တွင် ရေနှင့် မိလ္လာဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိသည်။ စီမံကိန်းအကောင်အထည်ဖော်မှုအနေဖြင့် အရေးပေါ် မိသားစု အိမ်သာ ဆောက်လုပ်ခြင်းကို စီမံကိန်းလုပ်ငန်းများအနက်မှ တစ်ခုအဖြစ် ထည့်သွင်းပြီး မြိုင်ကြီးငူစခန်းတွင် ယင်လုံအိမ်သာ ၂၄၈ လုံး ဆောက်လုပ်ခဲ့သည်။

“အဲဒီမှာနေတော့ အိမ်သာရှိပေမယ့် ကျွန်မတို့နေတဲ့ နေရာနဲ့က ဝေးတယ်။ နောက်လူများတော့ စောင့်ရတာရှိတယ်။ သန့်ရှင်းမှုလည်း အားနည်းတယ်။” ဟု သူမက ဆိုသည်။

စခန်းတွင် လူဦးရေများပြားမှုကြောင့် ယင်လုံအိမ်သာများ အပါအဝင် လက်ဆေးစရာနေရာများသည် လုံလောက်မှုမရှိပေ။ အိမ်သာများအားလုံးသည် ခိုင်ခံ့မှုမရှိသည့်အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုတွင်လည်း အားနည်းခဲ့ရသည်။

စခန်းကော်မတီဝင်တစ်ဦးက “ADRA က အခုတည်ဆောက်ထားတဲ့ အိမ်သာတွေက မိသားစုတစ်စုချင်းစီအတွက် သုံးပါတယ်။ ဒါကြောင့်ကြာရှည်စွာအသုံးပြုနိုင်ပါတယ်။ အရင်ကတော့ အများသုံးအိမ်သာတွေဆိုတော့လည်း ပြဿနာလေးတွေတချို့ရှိတာပေါ့လေ။ ရေအခက်အခဲတို့ အိမ်သာအသုံးပြုဖို့ အချိန်ယူ စောင့်ရတာမျိုးတို့ပေါ့”

“အခုအိမ်သာအသစ်ကတော့ ကျွန်မတို့အတွက် လုံခြုံစိတ်ချစေပါတယ်” ဟု ဒေါ်နော်ဦးက ပြောဆိုသည်။

UNICEF မှ ပံ့ပိုးပေးထားသော WASH စီမံကိန်းသည် ရပ်ရွာလူထု၏လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်အတွက် အိမ်သာများကို ဆောက်လုပ်ပေးခဲ့ရာ ယင်းစီမံကိန်းမှတဆင့် ဒေါ်နော်ဦးမိသားစုအပါအဝင် မိသားစု ၂၄၈ စုမှ ရပ်ရွာလူထု ၂၀၀၀ နီးပါး အကျိုးခံစားခဲ့ကြရသည်။


Written By: Aung Cho Min | M&E Officer | UNICEF Emergency WASH Project

Edited By: Pyae Phyo Lin, Communications Officer

Photo: © 2022 ADRA Myanmar | Ko Cho