Global Youth Day 2023

The Seventh Day Adventist Church and ADRA Myanmar were celebrating together the Global Youth Day activity on March 18, 2023.

This year’s Global Youth Day, with the theme “Love is a Verb,” was held in Yangon and young people reach out and serve in the community.

ADRA Myanmar Office team members also participated in this year’s Global Youth Day by singing songs, prying, cleaning and distributing some gift and foods and drinks for older people from Nursing homes which is located in Yangon.

During this activity, young people groups from the respective township churches also distributed cooking oils, rice packages, beans, potatoes, drinks and other dry foods to the vulnerables households from Dala Township, Hlaing Thayar Township, Insein Township, and Bahan Townships.

Seventh Day Adventist Church နှင့် ADRA Myanmar တို့သည် ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ လူငယ်များနေ့ လှုပ်ရှားမှုကို အတူတကွ ဆင်နွှဲခဲ့ကြသည်။

“Love is a Verb” ဆောင်ပုဒ်ဖြင့် ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူငယ်များနေ့ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး လူငယ်များသည် လူမှုအသိုင်းအဝိုင်းအတွက် ကူညီဖေးမပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ADRA Myanmar ဝန်ထမ်းများပါဝင်သော လူငယ်အဖွဲ့သည်လည်း ရန်ကုန်မြို့ရှိ ဘိုးဘွားရိပ်သာအချို့ဆီသို့ သွားရောက်၍သက်ကြီးရွယ်အိုများအား သီချင်းဆိုပြခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ လက်ဆောင်နှင့် အစားအသောက်များထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်၍ ကမ္ဘာလုံးဆိုင်ရာ လူငယ်များနေ့တွင် ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါ လှုပ်ရှားမှုအတွင်း သက်ဆိုင်ရာ မြို့နယ်အသင်းတော်များမှ လူငယ်အဖွဲ့များကလည်း ဟင်းချက်ဆီ၊ ဆန်၊ ပဲ၊ အာလူး၊ အချိုရည်နှင့်အစားအစာများကို ဒလမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့မှ ထိခိုက်လွယ်သော အိမ်ထောင်စုများသို့ ဖြန့်ဝေပေးခဲ့သည်။