Ma Pauk Lau’s Story: Disabled IDP Youth Receives Support through Cash Assistance

“I want to go back to my home. I don’t know when I will go back home. I don’t want to run again, I am afraid.”

My name is Ma Pauk Lau. I am 18 years old and currently living as an IDP in ShweZet IDP camp. In 2011, the conflict started in my home village. I was living with my parents, 2 brothers and a sister. When we heard shooting, we ran into the forest. We stayed there almost one week. 

For the past 8 years, I have been living in this camp. 6 months ago, I was in a motorbike accident in Myitkyina City. My legs were broken and would not heal until now. I cannot walk well and need assistance. 

Our livelihood is very difficult. My youngest sister is 16 years old and works with my mother downtown. My father can’t work because he is also ill. I can’t attend school, but I want to. 

We heard of the SCAIDP V project that supported those with disabilities and chronic patients. I was selected and received 10,000 MMK each month. My family also got 55,000 MMK from the household cash distribution. I used the money for my medical fees. The money is enough for me. This project by providing money to support us, is effective for our lives. 

Sometimes I am involved in camp activities such as cleaning the camp. The camp volunteers teach me a lot of things so I gained good experience. I really want to thank the donor and ADRA. 

“We hired volunteers in the camps to assist. We can support 500 people from 99 households in these camps,” said Hkawn Din, WASH Officer from ADRA Myanmar. 

“I assist in the Cash distributions and WASH activities in this camp. The project’s support process is very effective for the people. We teach them how to wash their hands and they gain a lot of knowledge,” commented Daw Zee Myoi, WASH and Cash Volunteer from ShweZet IDP Camp. 

မဘောက်လုံ၏ ဇာတ်ကြောင်း- မသန်စွမ်း IDP လူငယ်များ ငွေကြေးအထောက်အပံ့မှတစ်ဆင့် အကူအညီရရှိခြင်း

ရွာကအိမ်မှာပဲပြန်နေချင်တယ်။ ဘယ်အချိန်မှအိမ်ပြန်ရမလဲဆိုတာကိုမသိဘူး။ နောက်တစ်ခါလည်းထွက်မပြေးချင်ဘူး။ ကြောက်တယ

ကျွန်မနာမည်က မဘောက်လုံပါ။ ကျွန်မအသက်က ၁၈ နှစ်၊ အခုရွှေစက်ဒုက္ခသည်စခန်းမှာ နေပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကကျွန်မတို့ရွာနား မှာပဋိပက္ခတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ ကျွန်မမှာမိဘတွေရယ်၊ အစ်ကိုနှစ်ယောက်ရယ် ညီမတစ်ယောက်ရှိပါတယ်။ ပဋိပက္ခတွေစချိန်သေနတ် သံတွေကြားရတော့ ကျွန်မတို့တောထဲကိုသွားပုန်းနေရပါတယ်။ အဲဒီမှာ တစ်ပတ်လောက်နေခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်တည်းကစပြီး ဒီစခန်းမှာကျွန်မနေခဲ့ပါတယ်။ နောက်မြစ်ကြီးနားမြို့ပေါ်မှာ ဆိုင်ကယ်မတော်မဆမှုတစ်ခုဖြစ်ခဲ့လို့ ကျွန်မခြေထောက်ကျိုးသွားပါတယ်။

ခြေထောက်ကအရှင်းမပျောက်သေးတော့ အရမ်းထောက်လို့မရပါဘူး။ လမ်းလျှောက်ဖို့အတွက် အကူအညီလိုပါတယ်။ ကျွန်မတို့ မိသားစု စားဝတ်နေရေးကတော့ အခက်အခဲအများကြီးရှိပါတယ်။ အမေနဲ့ ညီမလေးက မြစ်ကြီးနားမြို့ထဲသွားပြီး နေ့စားအလုပ်လုပ်ပါတယ်။ အဖေကတော့ နေမကောင်းဖြစ်နေတဲ့အတွက် အလုပ်မလုပ်နိုင်ပါဘူး။ ကျွန်မအနေနဲ့လည်း ကျောင်းတက်ချင်ပေမယ့် စာမနိုင်တော့ မတက်နိုင်ခဲ့ပါဘူး။

အဲဒီမှာနေရင်းနဲ့ ကျွန်မတို့ SCAIDP V စီမံကိန်းအကြောင်းသိခဲ့ရပါတယ်။ ဒီစီမံကိန်းကမသန်စွမ်းတွေနဲ့ နာတာရှည်လူနာတွေကို ထောက်ပံ့ ပေးတယ်ဆိုတာပါ။ အဲဒီနောက်ကျွန်မအနေနဲ့ရွေးချယ်ခံရပြီး တစ်လကို ကျပ်တစ်သောင်းအထောက်အပံ့ရရှိခဲ့ပါတယ်။ ကျွန်မတို့မိသားစုအ နေနဲ့လည်းအိမ်ထောင်စုအလိုက်ထောက်ပံ့ပေးတဲ့ ၅၅၀၀၀ ကျပ်ကိုရရှိပါတယ်။ ကျွန်မဆေးကုသစရိတ်အတွက် ဒီငွေကို အသုံးပြုခဲ့ပါတယ်။ ဒီပိုက်ဆံကလည်းကျွန်မတို့အတွက်လုံလောက်ခဲ့ပါတယ်။ ဒီစီမံကိန်းကနေ အခုလိုထောက်ပံ့ပေးတဲ့အတွက် ကျွန်မတို့မိသားစုဘဝအတွက် အရမ်းကိုအကျိုးရှိပါတယ်။

ကျွန်မအနေနဲ့ ဒီစခန်းတွင်းလှုပ်ရှားမှုတွေဖြစ်တဲ့အမှိုက်ကောက်တာတို့သန့်ရှင်းရေးလုပ်တာတို့မှာလည်းပါဝင်ခဲ့ပါတယ်။ နောက်ပြီး စေတနာ့ဝန်ထမ်းတွေကလည်း အများကြီးသင်ပေးတော့ ကျွန်မအနေနဲ့အတွေ့အကြုံကောင်းတွေ ရပါတယ်။ ဒါကြောင့် အလှူရှင်နဲ့ ADRA ကိုလည်း ကျေးဇူးပါတယ်လို့ပြောချင်ပါတယ်။

“စခန်းတွေမှာ စေတနာ့ဝန်ထမ်းတွေကိုငှားတယ်။ အဲဒီစခန်းထဲက အိမ်ထောင်စု ၉၉ စု လူပေါင်း ၅၀၀ ကို ကျွန်မတို့အကူအညီ အထောက် အပံ့ပေးနိုင်ခဲ့ပါတယ်” ဟု ADRA Myanmar မှ WASH Officer ဖြစ်သူ Hkawn Din က ပြောဆိုသည်။

ကျွန်မက စခန်းမှာငွေပေးတာရယ်နဲ့ WASH လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီပါတယ်။ စီမံကိန်းရဲ့ပံ့ပိုးမှုလုပ်ငန်းစဉ်တွေက ဒီကသူတွေအတွက် အရမ်းကိုထိရောက်ပါတယ်။ နောက်ပြီးသူတို့ကိုလက်ကိုဘယ်လိုဆေးရမလဲဆိုတာလည်းသင်ပေးပါတယ်။ သူတို့အနေနဲ့ ဗဟုသုတအများကြီးရပါတယ်။ ဟု ရွှေစက်စစ်ရှောင်စခန်းမှ WASH နှင့် Cash Volunteer ဒေါ်ဇယ်ညွယ်က မှတ်ချက်ပြုပြောကြားသည်။


Written by: Pyae Phyo Lin and Emma McCrow

Photo: © 2019 ADRA Myanmar | Pyae Phyo Lin