Nu Nu’s Story: Vocational Education Support in Northern Shan State

Nu Nu is one of the students from vocational training in batch 9 of the VESI project, funded by LIFT. She is 34 years old and one of the disabled trainees in Batch 9. She has been living in an IDP camp in Northern Shan State since the conflict broke out in 2011 and 2016. She has two children who are 13 and 11 years old.

After she was divorced from her husband, she lives together with her children, and she takes care of them. Her family’s income is nothing and not enough for their livelihoods. She struggles for her life.

One day, she heard about the VESI project, funded by LIFT, which supports vocational education and training in Northern Shan State. She was very happy and interested. Soon, she decided to join the training. Luckily, she and one of her friends were selected to attend basic handcraft training delivered by ADRA Myanmar in Lashio township.

During the training course, she was very active in learning and tried hard while she was in training. She applied the handcraft course in a practical session and sold handcraft materials, such as basket weaving materials, to ADRA staff.

After the training, she applied the skills she learned from the course and started her own business with a friend at IDP Camp. She earned about 280000 MMK as an income from her own business, which included clip-making, basket weaving, shoemaking, and button flowers during the seasonal festival, school opening, and Christmas periods.

The VESI project also provides grants for start-up kits.She is now able to support either her children’s school fees or family livelihood costs.

Currently, her dream is becoming reality with the great effort of learning and doing to be a qualified handicraft maker.

−−−−−−−−−−−−
နုနုသည် LIFT မှ ထောက်ပံ့သော VESI စီမံကိန်းသင်တန်းအမှတ်စဉ် ၉ သက်မွေးပညာသင်တန်းမှ သင်တန်းသူတစ်ဦးပင်ဖြစ်သည်။ သူမသည် အသက် ၃၄ နှစ်ဖြစ်ပြီး သင်တန်းတွင် မသန်စွမ်းသင်တန်းသားတစ်ဦးလည်းဖြစ်သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် တိုက်ပွဲများဖြစ်ပွားသောအခါ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ IDP စခန်းတစ်ခုသို့ သူမရောက်ရှိနေထိုင်နေခြင်းဖြစ်သည်။ သူမတွင် အသက် ၁၃ နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးနှစ်ဦးလည်းရှိသည်။

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲပြီးနောက် သားသမီးများနှင့်အတူ နေထိုင်ကာ သူမကလေးများကို ပြုစုစောင့်ရှောက်ခဲ့သည်။ သူမတို့မိသားစု၏ ၀င်ငွေမှာ လောက်ငမှုမရှိခြင်းကြောင့် သူမအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ ရုန်းကန်ခဲ့ရသည်။

တစ်နေ့တွင်တော့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သက်မွေးဝမ်းကျောင်းပညာနှင့် လေ့ကျင့်ရေးများကို ပံ့ပိုးပေးသည့် LIFT မှ ပံ့ပိုးပေးသော VESI စီမံကိန်းအကြောင်း သူမကြားသိခဲ့ရသည်။ ထို့သင်တန်းကို သူမအနေဖြင့် စိတ်ဝင်စားခဲ့သဖြင့် မကြာခင်မှာပဲ သင်တန်းတက်ရောက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကံကောင်းစွာဖြင့် သူမနှင့် သူမ၏ သူငယ်ချင်းတစ်ဦးသည် လားရှိုးမြို့နယ်တွင် ADRA Myanmar မှ ပို့ချမည့် အခြေခံလက်မှုသင်တန်းသို့ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရသည်။

သင်တန်းကာလတစ်လျှောက်လုံးတွင်လည်း သူမသည် သင်ယူမှုတို့တွင် အလွန်တက်ကြွခဲ့ပြီး လေ့ကျင့်နေစဉ်တွင်လည်း အားကြိုးမာန်တက်ကြိုးစားခဲ့သည်။ သူမရရှိခဲ့သော လက်မှုသင်တန်းမှပညာရပ်များကို လက်တွေ့အသုံးချပြီး ခြင်းတောင်းယက်လုပ်ခြင်း လက်မှုပစ္စည်းများပြုလုပ်ခြင်းတို့လုပ်၍ ယင်းလက်မှုပစ္စည်းများကို ADRA ဝန်ထမ်းများထံသို့ စတင်စမ်းသပ်ရောင်းချနိုင်ခဲ့သည်။

သင်တန်းပြီးသောအခါ သူမသည် သင်တန်းမှ သင်ယူခဲ့သော ကျွမ်းကျင်မှုများကို အသုံးချကာ စစ်ရှောင်စခန်းတွင် သူငယ်ချင်းတစ်ဦးနှင့် အတူကိုယ်ပိုင်လုပ်ငန်းကို စတင်ခဲ့သည်။ သူမသည် ရာသီအလိုက် ပွဲတော်၊ ကျောင်းဖွင့်ချိန်နှင့် ခရစ္စမတ်ကာလများတွင် လက်မှုပစ္စည်းများကိုပြုလုပ် ရောင်းချခဲ့ရာ ယင်းကိုယ်ပိုင်လုပ်ငန်းလေးမှ ဝင်ငွေကျပ် ၂၈၀၀၀၀ ခန့် ရရှိခဲ့သည်။

VESI စီမံကိန်းသည်လည်း သူမအား ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းအတွက် လိုအပ်သည့်အထောက်အပံ့များကို ပံ့ပိုးကူညီပေးခဲ့သည်။ ယခုအခါ သူမသည် ကလေးများ၏ ကျောင်းလခနှင့် မိသားစုစားဝတ်နေရေးစရိတ်များအတွက် တစ်ဖက်တစ်လှမ်းမှနေ၍ ထောက်ပံ့ပေးနိုင်နေပြီဖြစ်သည်။

ယခုအခါတွင် အရည်အချင်းပြည့်မီသော လက်မှုပစ္စည်းထုတ်လုပ်သူတစ်ဦးဖြစ်စေရန် ကြိုးစားအားထုတ်မှုများနှင့်အတူ သူမ၏အိပ်မက်များသည် လက်တွေ့ဖြစ်လာခဲ့သည်။


Written By: Soe Thu Nyein, Business & Life Skills Officer, VESI Project

Edited By: Pyae Phyo Lin, Communications Officer

Photo: © 2022 ADRA Myanmar |  VESI Project