U Yaw Han’s Story: Life Post Conflict and Living with a Disability in an IDP Camp

Before the conflict, I was working as a farmer and living together with my wife and our two sons in our home village in Kachin State. We had already lost our youngest son in January 2018 to throat cancer at 19 years of age. 

One day, they started firing big weapons at our village. As we tried to run away, a shell bomb landed near our home. I had wounds to my head and legs and one of my sons was hurt badly. We don’t know how many hours we were running in the forest till we found the hospital. When we finally arrived, my son did not survive long. We had no time to prepare him for burial, so I had to wrap him in plastic and bury him at night. He was 21. 

That day, 300-400 people escaped from our village. Many families were separated. We weren’t the only family to lose someone that night. For one month we lived in the forest with little food in the pouring rain. 

We all relocated to Jaw Masat Church in May 2018, living there for 8+ months before a new IDP camp was built. Finding work was difficult due to my injuries so we struggled for income. 

Soon, we heard about the SCAIDP project in ADRA Myanmar and how they supported those with disabilities. With my disabilities, I received 10,000 kyats each month and 55,000 kyats for household cash assistance. 

When we arrived in the camp, ADRA held WASH and gender sessions where we gained a lot of knowledge. There are 660 people living in this camp, and we now have access to safe toilets and washing areas. 

“Thank you for coming to help our camp. I am very thankful for the help in supporting my family.”

The SCAIDP V project is funded by Global Affairs Canada and ADRA Canada. It supports 48 IDP camps in Kachin and Shan States to improve WASH practices/ facilities and provide cash assistance. 

ပဋိပက္ခ ကြောင့် ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ မသန်စွမ်းဘဝနဲ့နေထိုင်နေရသူ ဦးယောဟန်

ကချင်ပြည်နယ်မှာ ပဋိပက္ခတွေမဖြစ်ပွားမီအချိန်တုန်းက ကျွန်တော်တို့မိသားစုရွာမှာအတူတကွနေထိုင်ပြီး လယ်ယာလုပ်ငန်းနဲ့ အသက်မွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ အငယ်ဆုံးသားကတော့ လည်ချောင်းကင်ဆာရောဂါကြောင့် ၁၉ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပြီးဖြစ်ပါတယ်။

တစ်နေ့မှာတော့ ပဋိပက္ခတွေဟာစတင်လာပါတော့တယ်။ လက်နက်ကြီးတွေနဲ့ရွာဘက်ကိုပစ်ကြခတ်ကြလို့ ကျွန်တော်တို့တွေ ဘေးလွတ်ရာကိုထွက်ပြေးဖို့ ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့အနားကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကျွန်တော်ခေါင်းနဲ့ခြေထောက်မှာလည်းဒဏ်ရာတွေရခဲ့တယ်။ ကျွန်တော် သားမှာဆိုရင်လည်းဆိုးဆိုးရွားရွားဒဏ်ရာတွေရခဲ့တယ်။

ဒါနဲ့ကျွန်တော်တို့အကူအညီတောင်းပြီးဆေးရုံကိုသွားခဲ့ရတယ်။ ကျွန်တော်သားက ကြာကြာမခံခဲ့ပါဘူး။ ဆေးရုံမှာပဲ ဆုံးသွားခဲ့ပါတယ်။ သူ့အတွက်အခေါင်းလုပ်ပေးဖို့လည်း ကျွန်တော်တို့မှာအချိန်မရှိခဲ့ပါဘူး။ ဒါကြောင့်သူ့အလောင်းကို ပလတ်စတစ်နဲ့ပဲပတ်ပြီးအဲညမှာပဲသဂြိုဟ်ခဲ့ရပါတယ်။ သားကကွယ်လွန်ချိန်မှာတော့အသက်က၂၁ နှစ်ရှိနေပါပြီ။

ကျွန်တော်တို့ရွာကနေထွက်ပြေးလာကြတာ လူကစုစုပေါင်းသုံးရာလေးရာလောက်ရှိပါတယ်။ ကျွန်တော်တို့သားကို ဆုံးရှုုံးသွားရသလို မိသားစုတွေလည်း အကုန်တစ်ကွဲတစ်ပြားစီဖြစ်ကုန်တာလည်းရှိပါတယ်။ ပဋိပက္ခတွေကလည်း ဆက်တိုက်ဖြစ်နေတာကြောင့် ကျွန်တော်တို့တစ်လလောက်နီးပါး တောထဲမှာပဲ ပုန်းအောင်းနေထိုင်ခဲ့ရတယ်။ မိုးကလည်းရွာသလို အစားအစားလည်း လုံလုံလောက်လောက်မရှိတော့ နည်းနည်းပါးပါးနဲ့ပဲ ဝေငှစားသောက်ခဲ့ရတယ်။

အဲဒီနောက် ၂၀၁၈ ခုနှစ်၊ မေလမှာတော့ ကျွန်တော်တို့အားလုံးဂျော်မဆတ်ဘုရားကျောင်းကိုရောက်သွားတယ်။ အခုနေနေတဲ့စစ်ရှောင်စခန်း အသစ်ကိုမရောက်ခင် အဲဒီမှာရှစ်လကျော်ကျော်လောက်နေခဲ့တယ်။ ကျွန်တော်အနေနဲ့လည်း ခြေထောက်က ထိခိုက်ထားတော့သူများတွေလို အလုပ်လုပ်ဖို့ကအခက်အခဲရှိတယ်။ ဒါကြောင့်ကျွန်တော်တို့မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်။

ဒါပေမဲ့သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ အာဒရာမြန်မာကလုပ်တဲ့ SCAIDP စီမံကိန်းအကြောင်းကြားသိခဲ့ရတယ်။ အဲဒီစီမံကိန်းက မသန်စွမ်းသူတွေကိုထော က်ပံ့တာတွေလည်းရှိတယ်။ ဒါကြောင့်မသန်စွမ်းသူတွေကို လစဉ်ထောက်ပံ့တဲ့ ငွေတစ်သောင်းကျပ်အပြင် အိမ်ထောင်စုတိုင်းကိုငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ကနေ ငါးသောင်းငါးထောင်ကျပ်ကိုလည်း ကျွန်တော်တို့အနေနဲ့ ရရှိခဲ့တယ်။

ကျွန်တော်တို့ဒီစစ်ရှောင်စခန်းကို ရောက်လာတော့ အာဒရာက ရေနှင့်မိလ္လာစနစ်ကောင်းမွန်ဖို့ တစ်ကိုယ်ရည်သန့်ရှင်းဖို့အပြင် ကျားမရေးရာနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေးတာတွေလုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒါတွေနဲ့ပတ်သက်ပြီး အသိပညာတွေအများကြီးရလာတယ်။ အခုဒီစခန်းမှာလူဦးရေ ၆၆၀ ကျော် နေထိုင်တယ်။ အခုတော့စခန်းမှာ လုံခြုံစိတ်ချရတဲ့အိမ်သာတွေနဲ့ သန့်ရှင်းရေးအတွက် လက်ဆေးတဲ့နေရာတွေလည်း သီးသန့်ရှိလာပါပြီ။ ကျွန်တော်တို့အတွက် ဒီစီမံကိန်းကနေ အများကြီးအထောက်အကူဖြစ်ပါတယ်။

SCAIDP စီမံကိန်းကို Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ရှောင်စခန်း ၄၈ ခုအပါအဝင် ရှမ်းပြည်နယ်အတွင်း ရေနှင့် မိလ္လာစနစ်ကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်သည်။

အခုလိုစခန်းမှာလာရောက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မိသားစုကိုလည်းလာရောက် ထောက်ပံ့ပေးလို့လည်း အထူးကျေးဇူးတင်ပါတယ်


Written By: Pyae Phyo Lin and Emma McCrow

Photo: © 2020 ADRA Myanmar | Pyae Phyo Lin