Aung Aung’s Story: Youth Receives Vocational Education Support

Rise from a simple family background, Mg Aung Aung grew up with his parents and siblings. He is the 17 years old and eldest son of their siblings and has five family members. He lives in Northern Shan State.

He is eager to learn and wants to take a course that is useful for life. And also in their area, most of the young people have already migrated and the other young people are used to work in electrical wiring and motorbike repair industries. And he has seen the youth unemployment rate is rising in their environment.

Due to many situations, there has a challenge of lack of job opportunities, migration, skills labor rarity in northern Shan State.

Soon, he heard about the ADRA project’s vocational training so that he was interested in motorbike repair training and decided to join the program.

The LIFT Myanmar-funded VESI project, in partnership with AVSI and the Finnish Refugee Council, aims to provide vocational training to youth in IDP camps in northern Shan State to increase their income and meet the needs of the labor market. And also, ADRA provided meal allowance, teaching materials, and Covid-19 protective gear (Mask, Handgel, Faceshield) throughout the training.

He attended a motorbike repairing short course for long 36 days. In this training, he learned many helpful subjects related to motorcycle repair. He gains a lot of knowledge for his life career.

Since he was involved in the ADRA project his life started to change as he improved in social skills, life skills, and vocational skills. The willingness to implement his own business indwell in his vein and he owned his parent’s trust and support. His dream is to become a business owner in the future.

Thank you so much for providing the vocational training for us. This support is really important for our area. Thank you to the donor and ADRA for all of your great support”

လူငယ်များ သက်မွေးပညာ အထောက်အပံ့ရရှိခြင်း

သာမန်ရိုးရှင်းသော မိသားစုဘဝမှ ဆင်းသက်လာသည် မောင်အောင်အောင်သည် သူ၏မိဘ၊ မောင်နှမများနှင့်အတူ နေထိုင်ကြီးပြင်းလာခဲ့သည်။ သူသည်အသက် ၁၇ ရှိပြီဖြစ်ပြီး မွေးချင်းများအနက် အကြီးဆုံးသားလည်းဖြစ်သည်။ သူတို့တွင် မိသားစုဝင်ငါးဦးရှိကာ  ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သည်လည်းဖြစ်သည်။

သူအနေဖြင့် သင်ယူရန် စိတ်အားထက်သန်ပြီး ဘဝအတွက်အကျိုးရှိသော သင်တန်းတစ်ခုခုကိုလည်း တက်ချင်ခဲ့သည်။ ထို့ပြင်သူတို့ဒေသတွင် လူငယ်အများစုမှာ တခြားသို့ပြောင်းရွှေ့နေထိုင်လုပ်ကိုင်ခြင်းနှင့် တချို့မှာလည်း လျှပ်စစ်နှင့် မော်တော်ဆိုင်ကယ်ပြုပြင်ရေး လုပ်ငန်းများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ကြသည်။ လူငယ်များအလုပ်လက်မဲ့နှုန်းသည် သူ၏ပတ်ဝန်းကျင်တွင် မြင့်တက်နေသည်ကိုလည်း သူမြင်တွေ့နေရသည်။ ယင်းသို့အခြေအနေ အကြောင်းရင်းများစွာ ကြောင့် ရှမ်းမြောက်ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ ရွှေ့ပြောင်းနေထိုင်သွားကြခြင်း၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်းစသည့် စိန်ခေါ်မှုများက ရှိနေသည်။

သိပ်မကြာမီမှာပင် ADRA စီမံကိန်းမှပေးသော အသက်မွေးဝမ်းကျောင်းသင်တန်းအကြောင်းကို ကြားသိခဲ့ရာတွင် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းကို စိတ်ပါဝင်စားပြီး တက်ရောက်ရန်လည်း သူ့အနေဖြင့် ဆုံးဖြတ်ချက်ပိုင်နိုင်စွာ ချခဲ့သည်။

LIFT Myanmar မှ ရန်ပုံငွေထောက်ပံ့ထားသော VESI စီမံကိန်းသည် မိတ်ဖက် AVSI၊ FRC တို့နှင့်အတူ ပူးပေါင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းများမှ လူငယ်များအား ၎င်းတို့၏ ဝင်ငွေတိုးတက်လာစေရေးနှင့် အလုပ်သမားစျေးကွက်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အဓိကရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ပြင် ADRA သည် ယင်းသင်တန်းတစ်လျှောက်လုံးတွင် စားသောက်စရိတ်အတွက် ထောက်ပံ့ကြေး၊ သင်ထောက်ကူပစ္စည်းများနှင့် Covid-19 အကာအကွယ်ပစ္စည်းများဖြစ်သော (Mask၊ Handgel၊ Faceshield) တို့ကိုလည်း ထောက်ပံ့ဖြန့်ဝေပေးခဲ့သည်ဖြစ်သည်။

သူ့အနေဖြင့် သင်တန်းကာလ ၃၆ ရက်ကြာ ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းကို တက်ရောက်ခဲ့ပြီး သင်တန်းတွင် သူသည်မော်တော်ဆိုင်ကယ်

ပြုပြင်ခြင်းနှင့် ပတ်သက်သော အထောက်အကူပြု ဘာသာရပ်များစွာကို သင်ယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ သူ့၏ဘဝအသက်မွေးဝမ်းကျောင်းအတွက် ဗဟုသုတများစွာ ရရှိခဲ့သည်။ သူ့အနေဖြင့် စီမံကိန်းတွင် ပါဝင်ခဲ့ချိန်မှစတင်၍ လူမှုဘဝ၊ အတတ်ပညာနှင့် အသက်မွေး၀မ်းကြောင်းစွမ်းရည်များ ယခင်ကထက် တိုးတက်ပြောင်းလဲလာသည်။ ယခုအခါ သူ့အနေဖြင့် ကိုယ်ပိုင်စီးပွားရေးကို အကောင်အထည်ဖော်ရန် စိတ်ဆန္ဒလည်းရှိနေပြီး သူ၏ မိဘများကလည်း သူ့အားယုံကြည်လက်ခံအားပေးကြသည်။ သူ့၏မျှော်လင့်ချက်အိပ်မက်မှာလည်း အနာဂတ်တွင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်လာရန်ပင်ဖြစ်သည်။ 


Written By: Thet Paing Oo, Business & Life skills Officer | VESI Project

Edited By: Emma McCrow, Communications Coordinator

Translated By: Pyae Phyo Lin, Communications Officer

Photo: © 2021 ADRA Myanmar | Sai Khon Naung