Bhone Pyae’s Story: Vocational Support in Karen State

Bhone Pyae Aung works as a barber for their living now. His life began to change dramatically. He grew up as the second son of four siblings. As an only son with three other daughters, he was more in love with his parents and siblings.

Unfortunately, when he failed twice in 10 matriculation exams, he became depressed and didn’t want to go to school. At that moment, he loses his purpose in life. He didn’t want the encouragement of his parents and siblings.

In 2011, his first work started at a carpet factory in Thailand. It was very tiring because he had never done anything so hard. Therefore, he can learn the value of money. Six years later, he returned home.

After that, he decided to attend vocational training for his next step. Soon, he heard about the vocational training courses in Hpa-an through the SEAQE2 project funded by Norad and ADRA Norway, he chose a men’s hairdressing course. He joined the hair cutting training Batch-2.

At the beginning of the course, he faced difficulties. At the beginning of the course, he faced difficulties. However, teachers, guidance, and good teaching helped him to learn easily.

“ I tried to learn because it was my interest and full of willingness to learn. The training also trained and provided the skills until we can reopen our own shop”

He learned by trying hard to learn for his hobby. After the training, he won the third prize and was very happy.

In 2020, he can run a barbershop and he can give services to a lot of customers. His average income is above 60000 kyats a month and he believes income will increase later more and more. 

His dream is to reopen a big store for selling cosmetic products. And he wants to reshare it with those who want the skills and he hopes to accept and train the students who are willing to learn.

Finally, he found the light of his future…

“In the past, I lost my purpose and hope in life, but after attending this vocational training, my life was full of hope and purpose. I understand that the training gave inspiration and I feel confident and mature”

ကရင်ပြည်နယ်တွင် သက်မွေးပညာ အထောက်အပံ့ပေးခြင်း

ကိုဘုန်းပြည့်သည် ယခုအခါ ဆံပင်ညှပ်ဆရာအဖြစ် လုပ်ကိုင်နေပြီး သူ၏ဘဝသည် သိသာစွာ တစ်ဆစ်ချိုး ပြောင်းလဲခဲ့သည်။ သူသည် မွေးချင်းလေးယောက်တွင် ဒုတိယမြောက်သားယောက်ျားလေးအဖြစ် ကြီးပြင်းလာခဲ့ပြီး မောင်နှမများအနက် တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်သောကြောင့် မိဘများနှင့် အစ်မများ၏ ချစ်ခင်မှုကို ပိုမိုရရှိခဲ့သည်။

ကံအကြောင်းမလှစွာဖြင့် သူသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျရှုံးသောအခါ စိတ်ဓာတ်ကျလာပြီး ကျောင်းဆက်မတက်ချင်တော့ပေ။ ထို့ကြောင့် သူ့ဘဝ၏ ရည်ရွယ်ချက်မှာ ပျောက်ဆုံးသွားခဲ့ရသည်။ မိဘများနှင့် မောင်နှမများ၏အားပေးနှစ်သိမ့်မှုကိုလည်း သူမလိုချင်တော့ပေ။

၂၀၁၁ ခုနှစ်တွင် သူသည် ထိုင်းနိုင်ငံရှိ ကော်ဇောစက်ရုံတွင် ပထမဆုံးအနေနဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့သည်။ သူအနေဖြင့်ပင်ပင်ပန်းပန်း မလုပ်ကိုင်ဖူးသည့်အတွက် ပင်ပန်းကြမ်းတမ်းခဲ့ပြီး ငွေ၏တန်ဖိုးကိုလည်း နားလည်သဘောပေါက်ခဲ့သည်။ ခြောက်နှစ်ကြာပြီးနောက်တွင်မူ သူနေရပ်သို့ပြန်လာခဲ့သည်။ ယင်းနောက်တွင် သူ့အနေဖြင့် ဘဝရှေ့ခရီးအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုခုအား သင်ယူရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ယင်းမကြာမီတွင် Norad နှင့် ADRA Norway တို့မှ ရန်ပုံငွေထောက်ပံ့ထားသော SEAQE2 ပရောဂျက်မှတစ်ဆင့် ဘားအံတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများအကြောင်းကို သူကြားသိခဲ့ရပြီး အမျိုးသားဆံပင်ညှပ်သင်တန်းကို တက်ရောက်ရန် ရွေးချယ်ခဲ့သည်။  သင်တန်းအစပိုင်းတွင် အခက်အခဲများနှင့် ကြုံခဲ့ရသော်လည်း ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုနှင့် ကောင်းမွန်သော သင်ကြားမှုတို့က လွယ်ကူစွာ သင်ယူနိုင်စေရန် ကူညီပေးခဲ့သည်။

“လေ့လာလိုစိတ် အပြည့်နဲ့ ကျွန်တော် သင်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ကိုယ်ပိုင်ဆိုင်ပြန်ဖွင့်နိုင်တဲ့အထိကို သင်တန်းကလည်း လေ့ကျင့်သင်ကြားပေးပါတယ်” ဟု ဆိုသည်။

သူ့အနေဖြင့်ဝါသနာပါရာကို လေ့ကျင့်သင်ကြားခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင်  တတိယဆုကို ရရှိခဲ့သဖြင့် အလွန်ပျော်ရွှင်ခဲ့ရသည်။ သူသည် ဆံပင်ညှပ်ဆိုင်ကို လည်ပတ်နိုင်ပြီး ဖောက်သည်များစွာကို ဝန်ဆောင်မှုပေးလာနိုင်ခဲ့သည်။ ပျမ်းမျှဝင်ငွေသည်လည်း တစ်လလျှင် ငွေကျပ် ခြောက်သောင်းအထက်ရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင်မူ ဝင်ငွေရရှိမှုပိုမိုတိုးလာမည်ဟုလည်း သူသည်ယုံကြည်ထားသည်။  သူ၏အိပ်မက်မှာ အလှကုန်ပစ္စည်းရောင်းချသော စတိုးဆိုင်ဖွင့်နိုင်ရန်ဖြစ်သည်။ ထို့ပြင်သူ့အနေဖြင့် သင်ယူတတ်မြောက်ထားသည်များကိုလည်း ပြန်လည်မျှဝေလိုပြီး သင်ယူလိုသော ကျောင်းသားများကို လက်ခံ၍လည်း လေ့ကျင့်သင်ကြားပေးရန် ဆန္ဒများလည်းရှိနေသည်။

နောက်ဆုံးတွင် သူ့အနေဖြင့် အနာဂတ်၏ အလင်းရောင်ကို သူကိုယ်တိုင်ရှာဖွေနိုင်ခဲ့ပြီဖြစ်သည်။


Written By: Saw Min Min Hein | Assistant Hair Cutting Trainer | SEAQE2 Project

Edited By: Emma McCrow, Communications Coordinator

Translated By: Pyae Phyo Lin, Communications Officer

Photo: © 2021 ADRA Myanmar | SEAQE2 Project


S H A R E:

Share on facebook
Share on twitter