U Man Tin’s Story: Support for Sustainable Livelihood in the Chin Hills

My name is U Man Tin and I currently live in Chin state. There are seven members in my family and three of my children are currently enrolled in elementary school. I own four acres of farm on which I grow elephant foot yam and corn.

Unfortunately, in 2015, we faced damage to our farm due to landslides and soil erosion in our area. As a result of this, we had difficulty producing enough food, struggling even to support my family. That is why I searched for a new farm. Slash and burn farming had been traditionally practiced year after year. With these devastating practices, climate change, deforestation, and landslides occurring more frequently in our area. This creates many difficulties for farming and producing food.   

In 2016, the Ministry of Foreign Affairs & Trade (MFAT) and ADRA New Zealand-funded Sustainable Rural Economic Development (SURE) project, came to our area to develop the livelihoods of the people through sustainable farming. Thus, leading to income generation without damaging the environment.

During these years, the project introduced Sloping Agricultural Land Technology (SALT) in our area. SALT farming is gradually improving the soil and air quality. The main purpose is to maintain and protect nutrient rich soil.  From this, other farmers also started to develop SALT farms.

Through the project, I was provided barbed wire, water pipes, annual seeds, and perennial nursery plants for my individual SALT farm. Since the project came, I learned many farming techniques from Extension Workers and Agriculture staff from the ADRA. Therefore, with my skills and experiences learned from the SURE project, gradually over time, I was able to develop my own SALT farm.

“I am really interested in farming, so after the SALT farming system was introduced to me, I decided to develop of my land as a SALT farm. Now, I can plant multiple seasonal crops in the same area, throughout the year.” 

In 2021, I was able to harvest 5 baskets of corn from my SALT farms in just 0.09 acres. I also used a project-provided solar dryer to dry my harvested corn seeds which was really helpful and time-saving.

Thank you for your support. I am happy that now I am able to plant for the whole season in my SALT farm without doing slash and burn in the forest. I can also provide food for my family and I have increased my income through SALT farming.

ချင်းပြည်နယ်တွင် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်း အထောက်အပံ့ပေးခြင်း

ကျွန်တော်နာမည်ကတော့ ဦးမန်တင်းပါ။ အခု ချင်းပြည်နယ်မှာနေပါတယ်။ ကျွန်တော်တို့မှာ မိသားစုဝင် ၇ ယောက်ရှိပြီးတော့ကလေးသုံးဦးကတော့ ကျောင်းနေအရွယ်တွေပါ။ ကျွန်တော်တို့မှာ အခုလက်ရှိစိုက်ပျိုးနေတဲ့ ပြောင်းနဲ့ ဝဥစိုက်ဧက လေးဧကလောက် ပိုင်ပါတယ်။ အရင် ၂၀၁၅ ခုနှစ်တုန်းကတော့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ဆီမှာ မြေပြိုတာနဲ့ မြေဆီလွှာတိုက်စားတာတွေကြောင့် ကျွန်တော့စိုက်ခင်းတွေလည်း ပျက်စီးကုန်ပါတယ်။ ဒါမို့လို့မိသားစုအတွက်စားဖို့၊ ရိက္ခာထုတ်ယူဖို့တောင်မှ  အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။

ဒါကြောင့်ကျွန်တော့အနေနဲ့ စိုက်ပျိုးမြေအသစ်ကိုတခြားနေရာကနေ ရှာခဲ့ရပါတယ်။ ဒီမှာကစိုက်ပျိုးနေကြတဲ့ ပုံစံအတိုင်း တောင်ယာခုတ်တာ မီးရှို့တာတို့ကိုလည်းနှစ်တိုင်း ဒီလိုပဲလုပ်ကိုင်ခဲ့ကြတယ်။ ဒီလိုအလေ့အထတွေကြောင့်လည်း သစ်တောပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်တာတွေ မြေပြိုတာတွေက နှစ်စဉ် နှစ်တိုင်းခဏခဏဖြစ်လာပြီး စိုက်ခင်းတွေပျက်စီးလာတာကြောင့်လည်း ကျွန်တော်တို့အနေနဲ့ စားနပ်ရိက္ခာထုတ်လုပ်ဖို့အတွက် အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ MFAT နဲ့ ADRA New Zealand တို့က ရန်ပုံငွေထောက်ပံ့ထားတဲ့ SURE စီမံကိန်းက သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဘဲ

ရေရှည်တည်တံ့တဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းကနေ တောင်သူတွေ ဝင်ငွေတိုးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ဒီဒေသကို စတင်ရောက်ရှိလာခဲ့ပါတယ်။ ဒီနှစ်တွေအတွင်းမှာတော့ SURE စီမံကိန်းက ကျွန်တော်တို့ဒေသကို Sloping Agricultural Land Technology (SALT) နည်းစနစ်ကို မိတ်ဆက်ပေးခဲ့တယ်။ SALT နည်းစနစ်ကတော့ အဓိကအနေနဲ့ မြေဆီလွှာကို တစ်ဖြည်းဖြည်းထိန်းသိမ်းပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်တောင်သူတွေအနေနဲ့ ဒီစနစ်ကိုစတင်လုပ်ကိုင်လာပြီးတော့ စီမံကိန်းကလည်း တစ်ပြိုင်တည်း ကျွန်တော်တို့ကို ရေပိုက်၊ စိုက်ပျိုးရေးအတွက် လိုအပ်တာတွေ၊ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးရေးမျိုးစေ့တွေနဲ့ နှစ်ရှည်ပျိုးပင်တွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

ဒါကြောင့် ကိုယ်ပိုင် SALT စိုက်ခင်းလေးကို တစ်ဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်လာနိုင်ခဲ့တယ်။နောက်ပြီး စီမံကိန်းစချိန်ကတည်းက ကျွန်တော်တို့အနေနဲ့ Extension Workers တွေနဲ့အတူ စိုက်ပျိုးရေးဝန်ထမ်းတွေဆီကနေ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်တွေကို သင်ယူနိုင်ခဲ့ ပါတယ်။ “ကိုယ်တိုင်လည်း စိုက်ပျိုးရေးကို တကယ်စိတ်ဝင်စားလာတယ်။ ဒါကြောင့် SALT စိုက်ပျိုးမှု နည်းစနစ်ကို မိတ်ဆက်ပြီး နောက်မှာတော့ ကျွန်တော့အနေနဲ့ ဒီနည်းစနစ်နဲ့စိုက်ပျိုးတဲ့ စိုက်ခင်းလေးတည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုတော့ဒီစိုက်ခင်းထဲမှာပဲ အကုန်လုံးကို အားလုံးကို တစ်ချိန်တည်း စိုက်ပျိုးလို့ရနေပါပြီ”

၂၀၂၁ ခုနှစ်မှာတော့ ကျွန်တော့စိုက်ခင်းကနေ ပြောင်း ၅ တင်းကို ခူးဆွတ်ရရှိခဲ့ပါတယ်။ ဒီပြောင်းတွေကို အခြောက်လှမ်းတဲ့အခါမှာလည်း  စီမံကိန်းကထောက်ပံ့ပေးထားတဲ့ နေရောင်ခြည်သုံးအခြောက်ခံစက်ကိုလည်း အသုံးပြုအခြောက်ခံနိုင်တော့ အချိန်ကုန်အများကြီးသက်သာစေပါတယ်။ ဒါကတကယ့်ကို ကျွန်တော်တို့အတွက် အထောက်အကူဖြစ်ပါတယ်။

“ကျွန်တော်တို့အတွက် အခုလိုပံ့ပိုးပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ အခုဆိုရင် တောင်ယာခုတ်ထွင်မီးရှို့တာတွေ မလုပ်ရတော့ဘဲနဲ့ ကျွန်တော်SALT စိုက်ခင်းမှာပဲ တစ်ရာသီလုံးစိုက်ပျိုးနိုင်လို့ အရမ်းဝမ်းသာမိပါတယ်။ ပြီးတော့ဒီဟာကနေလည်း မိသားစုအတွက် စားဖို့ရရှိပြီးတော့ ဝင်ငွေလည်း ရပါတယ်”


Written By: David Cung Lan Thang | M&E Officer | SURE Project

Editor/ Translator By: Pyae Phyo Lin, Communications Officer

Photo: © 2021 ADRA Myanmar | Saung Ma Mi


S H A R E:

Share on facebook
Share on twitter